ပူပုနွေးနွေးလေး နဲ့ ကွေ့ သယို ကြိုက်သူများအတွက် 681 views


ခုတလော ရာသီဥတု နဲ့ အကိုက် ပူစပ်ပူစပ်လေး စားချင်တယ် ဆိုပြီး လာလာမေးကြလို့  ကွေ့ သယို ဆိုင် ကောင်းကောင်း သန့် သန့် လေး ညွန်းချင်ပါတယ်။ Junction Square ရဲ့  Secret Garden ထဲက တာမွား ကွေ့ သယို ဆိုင်လေးပါ။ ဆိုင်လေးကတော့ အလယ်ဘက်မှာ ဖွင့်ထားပါတယ်။ ဘာတွေ ရလဲ ဆိုတော့ ကွေ့ သယို ၊ ကော်ပြန့် ၊ ဖက်ထုပ် ၊ ထိုင်းစာ ၊ ထိုင်းအသုပ်တွေ ဘာတွေ ရပါတယ်။ ကိုယ်က ကွေ့ သယိုမှာတော့ ရိုးရိုးကွေ့ သယို အရည်ကို ချဉ်စပ်လေးလုပ်ခိုင်းတယ်။ ပုံမှန်က သာမန်ကြက်ပေါင်း အရည်တို့  ဘာတို့ နဲ့ ဆိုတော့ မိုးအေးအေး ချမ်းစိမ့်စိမ့် ဖြစ်နေတော့ ဒီချဉ်စပ်ပုံစံလေး ပြင်ခိုင်းလိုက်တာ စားရတာ တော်တော်လေး ကောင်းပေါ့။

ကွေ့ သယိုကို ကြက်သားနဲ့ လည်း ရသလို ၊ ဝက်သား ၊ ဝက်ကလီစာအစုံ နဲ့ လည်း ရတယ် ။ အသားလည်း အများကြီးပါတယ်။ တစ်ပွဲကို ၃၀၀၀-၄၀၀၀ အတွင်းပါပဲ ။ တခြား ထိုင်း သင်္ဘောသီးထောင်းတို့  ၊ ထိုင်းသီးစုံသုပ် ၊ ကြက်ဆီထမင်း လည်း ကောင်းတယ်။

ကွေ့ သယို ကြိုက်သူများ ၊ ထိုင်းစာ ကြိုက်သူများအတွက် ဒီဆိုင်လေးကလည်း ရွေးချယ် စရာ တစ်ခုပါလို့ ။

နေရာအတိအကျ ညွန်းရရင်တော့
တာမွား - ကွေတီယို
Secret Garden , Junction Square

Fred ( MyLann)