ပင်လယ်စာ အဝသွားစားကြမယ် 693 views


ပင်လယ်စာ ကြိုက်သူများအတွက် ဒီဆိုင်လေးကတော့ ရင်းနှီးကြမယ် ထင်ပါတယ်။ ကမ်းနားလမ်းမှာ ရှိတဲ့ Manhattan Fish Market ပါ။ ဒီဆိုင်မှာတော့ ပင်လယ်စာအမျိုးမျိုးဖြစ်တဲ့ ပုဇွန်၊ဂဏန်း ၊ ပြည်ကြီးငါး ၊ ကင်းမွန် ၊ ယောက်သွား ၊ ကမာ စသဖြင့် ဟင်းပွဲအမျိုးမျိုးကို ရွေးချယ်စားသုံးနိုင်ပါတယ်။

သူက ပုံမှန်ဆိုရင် ကိုယ် ကြိုက်တဲ့ ဟင်းလျာကို ထမင်းနဲ့ တွဲဖက်ထားတဲ့ Meal Set တွေ မှာစားကြတာများ ပါတယ်။ ဒါပေမဲ့ Manhattan ရဲ့ အမာခံစားသုံးသူ သူငယ်ချင်း နဲ့ ဒီဆိုင်ကို ရောက်သွားတော့ သူမှာပေးတဲ့ အတိုင်းစားကြတယ်။ သူက ဟင်းပွဲအကြီးမမှာခင်မှာ Soup တစ်ပွဲအရင်မှာတယ်။ ပြီးရင် Starter Meal မှာတယ်။ နောက်မှ Main Dish ကို မှာပါတယ်တဲ့။ အဲ့ဒါနဲ့ သူမှာပေးတဲ့ အတိုင်း စားဖြစ်ကြတယ်။

Soup အနေနဲ့  မှိုနဲ့ လုပ်ထားတဲ့ Home Made Soup တစ်ပွဲစီမှာ ကြတယ်။ အရသာကတော့ ခပ်စိမ့်စိမ့်လေးပါ ။ မှိုအဖက်လေးတွေနဲ့ ခရင်နဲ့  ရောထားတဲ့ အရသာလေးပါ။

ပြီးတော့ Starter ဆိုတဲ့ ဟင်းပွဲအသေးလေးတွေမှာပါတယ်။ Ocean Gems ၊ Fired Country Mushrooms နဲ့  Single Garlic Herb Mussels ဆိုတဲ့ သုံးပွဲ ရောက်လာတယ်။

Ocean Gems က သူ့ နာမည်လိုပဲ ပင်လယ်ထဲက အရောင်စုံတဲ့ ပုဇွန် နဲ့ ဂုံးကောင်လေးတွေကို သခွားသီး ကြက်သွန်နီတို့ နဲ့ အသုပ်လုပ်ထားပေးတာ ။ Sea Food Salad ကြိုက်တဲ့ သူတွေ အတွက်တော့ တကယ်ကောင်းတယ်။ Fired Country Mushrooms ကတော့ မှိုကို တန်ပူရာ လိုကြော်ထားပေးတာ ။ သူနဲ့ တို့ စားရတဲ့ ဆော့စ်က တော်တော် ကောင်းတယ်။ နောက်တစ်ခုက Single Garlic Herb Mussels ဆိုတာလေး သူက ပေါင်မုန့် ချောင်းနဲ့ ယောက်သွားကို cream နဲ့ ချက်ထားတာလေးပါ။ ပေါင်မုန့် ချောင်းနဲ့ တို့ စားရတာ တော်တော်အရသာရှိတယ်။

ကဲ.. Starter စားပြီးတော့ Main Dish တွေ ရောက်လာပါတယ်။ ဒါတွေကတော့ Spicy Baked Fish လို့ ခေါ်တဲ့ ငါးနဲ့ ထမင်းရယ် ။ Volcano Island ဆိုတဲ့ အရသာတော်တော်စုံတဲ့ ပင်လယ်စာ အစုံဟင်းပွဲပါ။ ဒါလေးတွေကိုတော့ နည်းနည်းလေး ပြောပြရရင်..

‪#‎Spicy‬ Baked Fish
ဒိုရီအမျိုးအစား ငါးကို ခဲပတ်ခွက်လေးနဲ့ ထည့်ထားပေးပြီး အရသာက ချဉ်စပ်လေး လုပ်ထားပေးတယ်။ စားလိုက်ရင် ငါးအသားထဲမှာ ချဉ်စပ်အရသာလေးက ဝင်နေတာ ။ ပြီးတော့ ကြက်သွန်ဖြုအရောနဲ့ နယ်ထားတဲ့ ထမင်းလေးရယ် တွဲဖက်စားရတာ တော်တော်ကောင်း။ အဲ့ဒီ ငါးအရည်လေးနဲ့ ထမင်းက တော်တော်လေး လိုက်ဖက်နေတယ်။

‪#‎Volcano‬ Island
သူကတော့ Volcano ဆိုတဲ့ အတိုင်း ကိုယ့်ရှေ့ ကို မီးတောင်ကြီး ရောက်လာသလိုပဲ။ အရသာ အစုံအလင်ပါတဲ့ ပင်လယ်စာ ဗန်းကြီးပေါ့ ။ ပုဇွန်ပါမယ်။ ငါးအသားလွှာပါမယ်။ တန်ပူရာလိုကြော်ထားပေးတဲ့ ဂုံးနဲ့ မှို အလုံးလေးတွေပါတယ်။ယောက်သွားကို ခပ်စပ်စပ် အရသာရှိတဲ့ ဟင်းဆော့လေး လောင်းထားပေးတယ်။ပြီးတော့ ပေါင်မုန့် ချောင်းလေးနဲ့  အတူ တို့ စားလို့ ရတဲ့ ပင်လယ်စာ မဆလာချက်တစ်ပွဲ ပါသေးတယ်။ အထဲမှာတော့ ပုဇွန်တို့  ယောက်သွား ငါးအသားလွှာစတာလေးတွေကို ထည့်ချက်ထားတယ် ။ ပြီးတော့ အောက်မှာ ထမင်းလည်း ပါတယ်။ တစ်ပွဲက ကိုယ်တွေရဲ့ ဇကောထမင်းပွဲလောက်ရှိတယ်။ ဗိုက်ကလည်း ဆာဆာနဲ့ စားလိုက်ကြတာ အီစိမ့်နေရော ။ အကြော်အလှော်တွေနဲ့ တို့ စားဖို့ အချဉ်ကလည်း ချဉ်စပ်လေး ပေးထားတော့ မအီသွားဘူး ။ ဒီတော့ တော်တော်လေး စားလိုက်ရတယ်။

ဒီဟင်းပွဲလေးတွေက ပိတ်ရက်တို့  ဘာတို့ မှာ သူငယ်ချင်းတွေ အဖွဲ့ လိုက် ဒါမှမဟုတ် မိသားစုလိုက် သွားစားတာ ပိုကောင်းတယ်။ ဘာလို့ လဲ ဆိုတော့ ဟင်းတစ်ပွဲ တစ်ပွဲကို တော်တော်များများပါပြီး နည်းနည်းလည်း အီတော့ အဖွဲ့ လိုက်ဆွဲမှ တန်မှာလေ tongue emoticon ဟင်းပွဲတွေကလည်း အရသာကောင်းသလို ဈေးနှုန်းတွေကလည်း ကောင်းပြန်သေးတယ်။

အနည်းဆုံး Fired Country Mushrooms က ၁၉၀၀ ကျပ်ရှိပြီး အကြီးဆုံး ပွဲဖြစ်တဲ့ Volcano Island ကတော့ .. နှစ်သောင်းကျော်ပါ ။ဒါပေမဲ့ လူ ၄ယောက်လောက် ဝနေအောင် စားရတော့ တန်တယ်လို့  ဆိုနိုင်တယ်။( စားပြီး ဝိတ်တိုးလာရင် တာဝန်မယူ tongue emoticon )

ကဲ.. MyLann မိတ်ဆွေတို့ ထဲမှာ ပင်လယ်စာကောင်းကောင်း စားချင်သူများ ရှိရင် Manhattan Fish market ကလည်း ရန်ကုန်မြို့ ထဲက ဆိုင်ကောင်းလေး တစ်ဆိုင်ဖြစ်ပါတယ်ဆိုတာကို ညွန်းချင်ပါတယ်။ ပေးရတာနဲ့ တန်အောင် စားရတာလည်း ကောင်းပြီး ဗိုက်ဝတယ်။ ပြီးတော့ သွားလို့ ကောင်းတဲ့ နေရာလေး တစ်ခုပါလို့  ။

လိပ်စာက

The Manhattan Fish Market
အမှတ် -44/56, ကမ်းနားလမ်း
၄၁ လမ်းထောင့် , M.M.G တာဝါ မြေညီထပ်
ရန်ကုန်မြို့ ။

Fred ( MyLann)