Hay… TGIF ပါနော် MyLann ရဲ့ ကိုကိုမမတွေအတွက် ကဲဖို့၊ဟဲဖို့အပြင် စားဖို့သောက်ဖို့ပါ မပူရအောင်… 1533 views


နေရာလေးတစ်ခုရှာတွေ့ထားပါတယ်။ တောင်ဥက္ကလာဝေဇယန္တာ City Mart ဘေးနားက ‘mCube’ ဆိုတဲ့ဆိုင်လေးပါ…  ဒီအချိန်ကစာမေးပွဲဖြေပြီးတဲ့သူတွေလည်းပြီးနေကြပြီ။ ဘယ်သွားမလည်းဆိုရင် ကာရာအိုကေဆိုပြီး ကဲချင်ဟဲချင်ကြတဲ့သူတွေလည်းရှိမှာပဲ။ ဒါမဲ့ ကဲရုံ၊ဟဲရုံနဲ့လည်းမပြီးသေးဖူးလေနော်… စားဖို့သောက်ဖို့လည်းစီစဉ်ရအုံးမယ်။ အခုကလည်းရာသီဥတုကပူတယ်ဆိုတော့ တစ်နေရာနဲ့တစ်နေရာ အကူးအပြောင်းလုပ်ဖို့ကလည်းလွယ်တာမှတ်လို့…. သိပ်အဆင်မပြေဖူး... ဒါပေမယ့် ‘mCube’ မှာက သီချင်းတွေလည်းအကြိုက်ဆိုနေကြသလို၊ အစားအသောက်အတွက်လည်းမပူရပါဖူး။ Family Karaoke လည်းဖြစ်တော့ အားလုံးလည်းလာလာမေးနေကြတဲ့အတွက် ‘mCube’ အကြောင်းလေးကိုသေချာလေးပြန်ရှဲပေးထားပါတယ် နော်.....

 

‘mCube’ ကိုအများစုသိကြတာက ကာရာအိုကေဆိုလို့ရတယ်ဆိုတာပဲ။ အက်မင်ကိုယ်တိုင်လည်းအဲ့ဒီလိုပါပဲ… ဒီတစ်ခေါက်တော့ Food Menu တွေ၊ Drink Menu တွေတွေ့တာနဲ့စမ်းစားကြည့်ခဲ့ကြတယ်။ ဒီမှာဆိုရင် ကိုယ်တွေအစကထင်တာတော့ ကာရာအိုကေနဲ့တွဲထားတဲ့အတွက် အပြင်ကထက်ဈေးကြီးမယ်ပေါ့… ဒါပေမယ့်အဲ့ဒီလိုမဟုတ်ဖူးတော့… အပြင်ကပုံမှန်ဈေးနဲ့လည်းမတိမ်းမယိမ်းအတူတူလောက်ပဲ။ ဒီမှာကျတော့ သီချင်းလည်းဆိုရတော့ အခုလိုရာသီဥတုမျိုးနဲ့ဆို တစ်နေရာထဲမှာတင်ဖြေရှင်းသွားနိုင်တော့ကိုယ်တွေအတွက် လည်း ဟန်ကျတယ်နော့…

 

နောက် အစားအစာတွေရဲ့အရသာမှာဆိုရင်လည်း  သေချာလေးလုပ်ပေးထားတယ်။ သူ့ရဲ့အဓိက Type က  Karaoke ဆိုပေမယ့်လည်း အစားအစာပိုင်းမှာလည်း ဟင်းပွဲတစ်ပွဲချင်းစီက သူ့ရဲ့တကယ့်အရသာ အစစ်အမှန်ကိုရရှိစေလို့ကိုယ်တွေစိတ်ကျေနပ်မှုရရှိစေခဲ့တယ်။ သီချင်းဆိုရင်းလည်း အဆာပြေသဘောမျိုး၊ အမြည်းသဘောမျိုးစားလို့ရသလို ထမင်းနဲ့တွဲစားမယ်ဆိုရင်လည်း အဆင်ပြေတဲ့မီနူးလေးတွေပါ။ Snacks လေးတွေလည်းရှိသလို အခြားဟင်းပွဲတွေ၊ အသုပ်၊ အကြော်၊ ဟင်းရည်၊ အချက် ပုံစံမျိုးစုံနဲ့လည်း ရနိုင်ပါသေးတယ်။ နောက် Drinks Menu မှာဆိုရင်လည်း Cocktail တွေဘာတွေလည်းရသလို၊ အခြား Fresh Juice နဲ့ Can Drink တွေလည်းရတယ်ဆိုတယ်။ Cocktail ဆိုရင်လည်း တစ်ခွက်ကို (၄၀၀၀)ပတ်ဝန်းကျင်ပဲ။  နောက် ကော့တေးသုံးခွက်သောက်ရင်လည်း တစ်ခွက် Free ပေးသေးတယ်။

 

စာဖတ်သူတွေသိချင်နေတဲ့အထဲမှာ ကာရာအိုကေအခန်းနဲ့ပတ်သတ်ပြီးတော့လည်းပါမယ်ထင်တယ်။ အဲ့ဒီအတွက်လည်းပြောပြပေးပါမယ်နော်… အသေးဆုံးအခန်းက (၄)ယောက်၊ (၅)ယောက်လောက်ဆံ့တယ် ဈေးနှုန်းက (၁၀၀၀၀)ကျပ်ပါ။ နောက် (၁၅၀၀၀)၊ (၂၅၀၀၀)၊ နောက် (၄၅၀၀၀)အထိရှိပါတယ်။ လာတဲ့ လူဦးရေပေါ်မူတည်ပြီး ဆိုင်ကဘယ်အခန်းယူသင့်လည်းဆိုတာ အဆင်ပြေသလိုစီစဉ်ပေးပါတယ်။ နောက် အခန်းတွေထဲမှာလည်း TV တလုံးပိုထည့်ပေးထားတယ်။ အဲ့ဒီမှာဆိုရင်လည်း ဘောလုံးပွဲ Live ကြည့်ချင်တဲ့ ကိုကိုတွေအတွက်ပါတဲ့။ အခန်းလေးတွေကဆိုရင်သူ့ Type နဲ့သူသွားတယ်။ Wallpaper နဲ့သုံးထားတဲ့ပစ္စည်းလေးတွေက ဘောလုံး Crazy ဆိုရင် ဘောလုံးပုံလေးတွေနဲ့ခပ်ဆန်းဆန်းလေးတွေ၊ နောက် Robort, Royal, Library စပြီး အမျိုးမျိုးသောပုံစံ Decoration ခပ်လန်းလန်းလေးတွေလည်းရှိပါတယ်။  တချို့လူများလို့ VIP ခန်းတွေဘာတွေဆိုရင် Toilet တွေပါတွဲပါလို့ဒါလည်းအဆင်ပြေသွားတာပဲ။ နောက် ကိုယ်ကြိုက်တာတစ်ခုကသူတို့ဆီက Password တောင်းပြီး ကိုယ့်ရဲကဖုန်းကနေ Join လို့လည်းရတယ်ဆိုတော့ ပိုလွယ်ပြီး ပိုမိုက်တယ်။ ခဏခဏမထရလို့ ကိုယ်လည်းသဘောကျတယ်။

 

အစားအသောက်တွေဆိုရင်ကိုယ်စားခဲ့တာလေးတွေပြန်ရှဲပေးမယ်နော်

 

အမဲငရုတ်ကောင်းချက် - အမဲသားကိုမှ ငရုတ်ကောင်း၊ ငရုတ်ပွနဲ့ ကြွက်နားရွက်နဲ့ပဲချက်ထားတာ… ခြောက်ခြောက်ကပ်ကပ်ကြီးလည်းမဟုတ်သလို အမဲသားရဲ့အဆိမ့်အရသာနဲ့ ငရုတ်ကောင်းရဲ့အနံ့လေးကြောင့် ပိုပြီးစားလို့ဝင်တယ် :P သူရဲ့ဈေးနှုန်းက တစ်ပွဲကို (၅၅၀၀)ကျပ်

 

ဒိုင်းနမိုက်ပုစွန် ဆိုတာ သူကတော့ပုစွန်ကိုအချိုကြော်ထားတာလေး။ နာမည်လေးကတော့အလန်း… သူကတော့တစ်ပွဲကို (၇၀၀၀)ကျပ်

 

ချဉ်ချဉ်စပ်စပ်နဲ့ဝက်ဂုတ်သားကင်သုပ်လေးက တစ်ပွဲကို (၄၀၀၀)ကျပ်

 

နောက် ဝက်သားအိုးကပ်ကြော်ဆိုတာလေးကလည်း ဝက်သားကိုမှအိမ်ချက်အရသာအတိုင်းလေးပဲ အနံ့လေးလည်းမွှေးမွှေးလေးနဲ့ အရသာကလည်းအချိုလေး။ သူကတော့တစ်ပွဲကို (၅၀၀၀)ကျပ်

 

ကောင်းပိုကြက်သားဆိုတာကတော့တစ်ပွဲကို (၆၅၀၀)ကျပ်။ အရသာကတော့အချိုချက်လေးပဲဆိုတော့ အစပ်မစားတဲ့သူတွေအတွက်တော့အဆင်ပြေတယ်နော်

 

သောက်ခဲ့တာတွေက Blue Hawaiian, Nucleur Rainbow, Sex in the Jungle အဲ့ဒါတွေပါပဲ :P အလန်းစားတွေ တစ်ခွက်ကို (၄၀၀၀)ကျပ်ပဲ။ သုံးခွက်သောက်ရင်လည်းတစ်ခွက် Free ပေးသေးတယ်။

 

အားလုံးအတွက်အဆင်ပြေစေမယ့် အသောက်ရော၊ အစားရော၊ အဆိုရော၊ အကပါတစ်နေရာထဲမှာ ရနိုင်တဲ့ ဒီ mCube ဆိုတဲ့ဆိုင်လေးက No.60, Waizayandar Road, Beside Waizayandar City Mart, South Oakkalapa မှာပါ။ Reserve လုပ်ပြီးမှသွားချင်ရင် 09-33606999 ကိုဆက်သွယ်လို့ရပါတယ်။ ဒါနဲ့သူကမနက်(၉)နာရီထဲကဖွင့်တာနော်… နောက်ပြီး ည(၂)နာရီမှပိတ်တာ.. မွေးနေ့ပွဲတွေဘာတွေလည်း Surprise လုပ်တာတွေ၊ Anniversary အတွက် ဒိတ်ချင်တာတွေ၊ သူငယ်ချင်းတွေနဲ့ Gathering လုပ်တာတွေအကုန်လုံးအတွက် အဆင်ပြေတဲ့အတွက် အကုန်လုံးကိုပြန်ရှဲပေးလိုက်ပြီနော်….

 

Have a happy weekend… !!!

 

Honey (MyLann)

#MyLann #Online_Restaurant_Directory #Online_Food_Guide #Food_Review_in_Yangon #Foodie_Myanmar

# mCube  #Family_Karaoke