မန်းလေးစာကောင်းကောင်းဆွဲချင်ရင် ရန်ကင်းက ဒီဆိုင်လေးကို သွားကြည့်ကြဗျို့ 131 views


*** မန်းလေးစာကောင်းကောင်းဆွဲချင်ရင် ရန်ကင်းက ဒီဆိုင်လေးကို သွားကြည့်ကြဗျို့ ***

ဒီဆိုင်လေးကို သွားမြည်းကြည့်ချင်နေတာ ကြာပေါ့။ FB Newsfeed မှာ သူများတွေတင်တဲ့ပုံတွေကို ကြည့်ကျိပြီး သရေကျခဲ့ရတာလည်း များပါပြီ...

"Mandalay Tea Room" တဲ့။ MTR ပေါ့နော်။ :P 

Admin တို့ သွားခဲ့တာ Sunday မနက် ၉ နာရီခွဲလောက်။ (Sunday ဆိုရင် အိပ်ရာက တော်တော်နဲ့ မထချင်ဘူးဆိုတော့ မနက်စာနည်းနည်း နောက်ကျသွားတယ် ဟဲဟဲ) ဒါတောင် လူတွေက အပြည့်... Admin တို့ ၃ ယောက်အတွက် နေရာကို ၅-၁၀ မိနစ်လောက်စောင့်လိုက်ရတယ်။ ဗိုက်က မတရားစာနေတာဆိုတော့ အဲဒီ ၅ မိနစ်က ၅ နာရီလား ဘာလားပဲ :P

ကဲပါ... မှာခဲ့တာလေးတွေ ပြောပြကြည့်ရအောင်...

၁) မန်းလေးမုန့်တီ (နန်းလတ်) - ၃၀၀၀ ကျပ်
လာချတာနဲ့ အမြင်က စွဲဆောင်လွန်းလို့ ဓာတ်ပုံမရိုက်မိပဲ အပြတ်စွဲတော့မလို့... တော်သေးတယ်... ဘေးကတယောက်က မြန်မြန်တားလိုက်လို့ ဟီး :D
အရသာက စီးစီးပင်ပင်နဲ့ စားလို့ကောင်းတယ်... ဆီလည်းသိပ်မများသလို အငန်ဓာတ်လည်း အနေတော်ပဲ... မန်းလေးက တကယ့်မုန့်တီအတိုင်းလားဆိုတာတော့ 'ဝ' လည်းသိဖူး :P မန်းလေးသားမဟုတ်တော့ မဝေဖန်ရဲဘူး... တခြားဆိုင်တွေမှာစားနေရတဲ့ နန်းကြီးသုပ်နဲ့ မတူတာတော့  သေချာတယ်။ အပေါ်က မုန့်ကြွပ်ဖတ်လေးတွေက ရှယ်ပဲ... တကြွပ်ကြွပ်နဲ့။

၂) ခိုတောင်မုန့်တီ - ၃၀၀၀ ကျပ်
အရသာက ရုတ်တရက် ရခိုင်မုန့်တီသုပ်စားလိုက်ရသလိုပဲ... သေချာခံစားကြည့်ရင်တော့ မတူပါဘူး။ Admin အရမ်းစွဲလန်းသွားတာက အသုပ်မဟုတ်ပဲ သူ့အပေါ်မှာ တင်ထားတဲ့ ပဲကျော်ရွရွလေး... ကိုက်လိုက်တာနဲ့ *** အမလေး... စာရေးနေရင်းတောင် ဂလုဆိုပြီး မြိုချရတယ် :P *** ပြီးတော့ သူနဲ့အတူပါလာတဲ့ ငါးဟင်းချို... အသုပ်ထက် ဟင်းချိုကပိုပြီး အကောင်ကြီးတယ် :D ပြီးတော့ အရမ်းသောက်လို့ကောင်းတယ်... ငါးအသားတွေလည်း အများကြီးပဲ... 
တခုပဲရှိတာက Admin က အစပ်သိပ်မစားနိုင်ဘူး... အစပ်ရှော့လို့ပြောလိုက်တာတောင် တော်တော်လေး စပ်နေတုန်းပဲ... မပြောမှန်းမပြောလိုက်ရင်.........

၃) မြန်မာထမင်းကြော် (ပဲပြုတ်နဲ့) - ၂၀၀၀ ကျပ်၊ မန်းလေးနန်းရှေ့ ကြက်ဥမွှေကြော် - ၁၀၀၀ ကျပ်
ဒီဟာကတော့ မနက်စာဆိုင်တော်တော်များများမှာ မရှိမဖြစ်တဲ့ ပဲပြုတ်ထမင်းကြော်ပါ။ ထူးထူးခြားခြားတော့ မရှိပါဘူး။ ဆီတော့အရမ်းကြီးမများတော့ မဆိုးပါဘူး။ မန်းလေးနန်းရှေ့ ကြက်ဥမွှေကြော်ကတော့ နာမည်လေးထူးဆန်းလို့မှာကြည့်ဖြစ်တာပါ။ အရသာကတော့ ကြက်ဥကို ငရုတ်သီးစိမ်းလေးတွေရယ်၊ ခရမ်းချင်သီးသေးသေးလေးတွေရယ်နဲ့ ကြော်ထားတာပါ။ ဒီ ၂ ခုကတော့ နည်းနည်းလေးဈေးများမယ်လို့ စိတ်ထဲတော့ ဖြစ်မိပါတယ်...

၎) ငါးဖယ်ဖတ်ထုပ်ကြော် - ၂၅၀၀ ကျပ် (၂၅၀၀ လား၊ ၂၀၀၀ လားတော့ သိတ်မမှတ်မိတော့ဘူး... ဆောတီး :P)
အမြင်ကျိရင်တော့ သာမန်ပဲ... ပါးစပ်ထဲရောက်မှတာ **ဝိုး** ဆိုပြီး Facebook က Reaction Emoji လို မျက်ခွက်ဖြစ်သွားတာ... :D ကြွပ်ရွပြီးတော့အထဲက ငါးဖယ်လေးက နူးအိနေတာပဲ... ပြီးတော့ ဆီ (လုံးဝ) မရှိသလိုခံစားရတယ်... ဆီကို ဘယ်လိုနည်းနဲ့ စစ်ထားလဲမသိ... ဒါမှမဟုတ် အရမ်းကို ပွက်ပွက်ဆူနေနဲ့ ဆီအိုးထဲကို ရွှတ်ခနဲထည့်၊ ချက်ချင်းပြန်ထုတ်... အဲလိုလားဘာလားတော့ မသိ (လျှောက်ရွှီးနေတာသိလား... Admin က စားပဲစားတတ်တာ... ဟီး)

၅) လက်ဖက်ရည် (ကျစိမ့်) - ၇၀၀ လား ၁၀၀၀ လား မမှတ်မိတော့ပြန်ဘူး ဟားဟား :D
အပေါ်မှာ မလိုင်တွေပါတယ်... Admin က မလိုင်မကြိုက်တော့ ပြန်ထုတ်ခိုင်းလိုက်တယ်... မလိုင်ကြိုက်တဲ့သူတွေကတော့ *ရူးများရူးနေလား* လို့ ထင်မိမှာပဲ :P
နည်းနည်းအရသာပေါ့တယ်... အရမ်းကောင်းတဲ့ လက်ဖက်ရည်တွေထဲမှာတော့ မပါဘူး... ဆိုးတဲ့ထဲလည်း မပါဘူးဆိုတော့ အိုကေပေါ့နော်...

ဪ... ပြောရအုံးမယ်... အဲဒါတွေအားလုံး တဖြဲနှဖြဲစားပြီးတာတောင်မှ မဝသေးလို့ မန်းလေးမုန့်တီ (နန်းကြီး) တပွဲထပ်မှာလိုက်သေးတယ်... ဟဲဟဲ
ပွင့်ပွင့်လင်းလင်းပြောရရင်တော့ နန်းလတ်ကို ပိုကြိုက်တယ်... နန်းကြီးက အလုံးအရမ်းကြီးတော့ (အော်... အင်းအင်း... :P) အရသာကို သိတ်ပြီးမစုပ်ထားနိုင်ဘူးထင်တယ်... နန်းလတ်က ပိုပြီးလေးနက်တယ်...

ပြောလို့လည်းပြီးပြီ... ဂလုလုပ်ရတာလည်း အကြိမ် (၂၀) လောက်ရှိပြီ...

နေရာက
Mandalay Tea Room
Directions ကတော့ သူတို့ FB Page ကနေကူးလာတာ :D

*** Mandalay Tea Room ကိုလာမယ်ဆိုရင်တော့ရန်ကင်းခလေးဆေးရုံရှေ. ထွက်ပေါက်ကံဘဲ.လမ်းပေါ်ကနေ ရန်ငြိမ်းလမ်းသွယ် ၂ လမ်းလေးထဲကိုချိုးလာရင် ရောက်ပါပြီ ။
လိပ်စာ - အမှတ်-224/4 ,ရန်ငြိမ်းလမ်းသွယ်-2 ,6 ရက်ကွက်, ရန်ကင်းမြို့နယ်, ရန်ကင်းခလေးဆေးရုံရှေ့ထွက်ပေါက်လမ်းမှဝင်ပါရန် ။
Phone-09 42379 4320