Meringue Café 828 views


ကော်ဖီချစ်သူများအတွက် ကော်ဖီဆိုင်ကောင်းကောင်းလေး အကြောင်း မျှဝေပေးပါရစေ။

တစ်နေ့ က အလုံ ဘက်ရောက်တုန်း ငုဝါလမ်းထဲက Meringue Café ဆိုင်လေးကို ရောက်ခဲ့ပါတယ်။ ဒီဆိုင်လေးကို ကြားဖူးနေတာတော့ ကြာပါပြီ။ မိတ်ဆွေတော်တော်များများကလည်း ထိုင်ဖူးတယ် အဲ့ဒီက စားစရာတွေလည်း ကောင်းတယ် ဆိုလို့  အဲ့ဒီနေ့ က လမ်းထဲ ရောက်တုန်း ရောက်ခိုက် ဝင်ဖြစ်ခဲ့တယ်။
ဆိုင်လေးက အေးအေးဆေးဆေးရှိပြီး အပြင်ကနေ ကြည့်လိုက်ရင် မှန်တံခါးလေးနဲ့ ချစ်စရာ ကောင်းအောင် ပြင်ဆင်ထားပါတယ်။

ဆိုင်နာမည်လေးကို Meringue - မရိမ်း(င်) လို့ အသံထွက်ပါတယ်။ ဒီဆိုင်လေးမှာ ကော်ဖီကောင်းကောင်း အပြင် ၊ ကိတ်ကောင်းကောင်း Waffle , Bacon Quiche နဲ့  ဒီဆိုင်မှာ နာမည်ကြီးတဲ့ Tiramisu တို့ လည်း ရပါတယ်တဲ့။ အက်မင်တို့  စားဖြစ်ခဲ့တာလေးတွေကို ဖောက်သည်ချရရင်တော့..

‪#‎Tiramisu‬ - တီရားမိဇု

နာမည်ကြားလိုက်ရင် ဂျပန်နာမည်လိုလို ဘာလိုလိုနဲ့  တကယ်တော့ အီတလီနိုင်ငံက မုန့် တစ်မျိုး ဖြစ်ပါတယ်။ အထဲမှာ ဘာတွေ ပါလဲဆိုတော့ ကိတ်ရယ်၊ ကော်ဖီရယ် ရောထားတဲ့ မုန့် လေးပါ။ Meringue ရဲ့ အထူးလက်ရာ လို့  ပြောပါတယ်။ ထည့်ထားတဲ့ ဖန်ပုလင်းကလည်း ချစ်စရာ ကောင်းပြီး မုန့် ကလည်း Homemade ဖြစ်လို့  စားလို့  ကောင်းပါတယ်။

‪#‎Brownie‬

ဒီဆိုင်က Brownie ကတော့ အပေါ်က ရေခဲမုန့်  လေး တင်ထားပေးတယ် ။ ဒီတော့ စားရတာ အရသာ နှစ်မျိုးရှိပါတယ်။ Brownie အရသာရယ် Vanilla ရေခဲမုန့် အရသာလေးရယ် ဆိုတော့ တော်တော်လေး အရသာခံပြီး စားရတယ်။ ရေခဲမုန့် လည်း ပါတော့ အခုလို ပူတဲ့ အချိန်မှာ တော်တော်လေး အရသာရှိပါတယ်။

‪#‎Bacon‬ Quiche

ဝက်သားပြားနဲ့ လုပ်ထားတဲ့ မုန့် ပါ ။ အထဲမှာ ကြက်ဥတို့  ချိစ်တို့  ကြက်သွန်နီစတဲ့ အစာပလာတွေကို ရောပြီး ဌာပနာထားပါတယ်။ ဆော့လေးနဲ့ တို့ စားရင် တော်တော်လေး ကောင်းပါတယ်။ လက်ရာလည်း ကောင်းတယ်။

Meringue ဆိုင်လေးကို ကြိုက်မိတာ တစ်ခုက ဒီဆိုင်ထဲက မုန့် တွေအားလုံးက ဒီဆိုင်လေးမှာပဲ ကိုယ်တိုင်လုပ်ထားတာ ဖြစ်ပြီး ဆိုင်ရှင် အစ်ကိုကြီးကလည်း သူ့ အိုင်ဒီယာ အတိုင်း ဖန်တီးထားတာပါတဲ့ ။ ကိုယ်က မသိတော့ နိုင်ငံခြားက လာဖွင့်တဲ့ ဆိုင်လို့ တောင် ထင်သွားသေးတယ်။ ကော်ဖီ ၊ အစားအသောက်နဲ့ ဆိုင်အပြင်အဆင်တွေက ပြောစရာ မရှိအောင် တော်တော်လေး ခမ်းနားသေသပ် နေပါတယ်။

ကိုယ်လိုမျိုး ကောင်ဖီဆိုင် ကောင်းကောင်းလေးမှာ စာအေးအေး ဆေးဆေး ဖတ်ချင်သူတွေ ၊ ကွန်ပျူတာလေး သုံးရင်း အလုပ်လုပ်ချင်တဲ့ သူတွေ အတွက် နေရာကောင်းလေး တစ်ခု တွေ့ လိုက်တာပါပဲ tongue emoticon အဲ့ ဒီဆိုင်လေးက Trip Advisor မှာတောင် ပါတယ် ဆိုတာကို ဆိုင်တံခါးမှာ ကပ်ထားတဲ့ Trip Advisor တံဆိပ်လေးကို ကြောင့် သိလိုက်တယ်။ ပြောရရင် နိုင်ငံတကာက ခရီးသွားသူတွေအတွက် ထိုင်လို့ ကောင်းတဲ့ ဆိုင်အဖြစ် လမ်းညွန်ထားတဲ့ နေရာတစ်ခုပါပဲပေါ့။

ကော်ဖီကလည်း ကိုယ်တိုင်ကြိတ်ပြီး နှပ်ဖျော်ပေးတယ်။ မုန့် တွေကလည်း ကိုယ်တိုင်လုပ်ဆိုတော့ အရသာက ကိုယ်တွေအကြိုက်ပဲ။ ပြီးတော့ ဈေးနှုန်းကလည်း အသင့်အတင့်ပါပဲ ။ အားလပ်ရက်တွေမှာ ပူပူလောင်လောင် အပြင်မထွက်ဘဲ အေးအေးဆေးဆေးထိုင်လို့  ကောင်းတဲ့ တစ်နေရာလေးအဖြစ် အက်မင်ကတော့ ရွေးထားပါတယ်။ MyLann မိတ်ဆွေတို့ လည်း အေးအေးဆေးဆေး အင်တာနက်လေးသုံးရင်း ကော်ဖီကောင်းကောင်း သောက်မယ် ဆိုရင် ဒီဆိုင်လေးက သင့်တော်တဲ့ တစ်နေရာတစ်ခု မှတ်ထားဖို့  အကြံပြုပါတယ်။

လိပ်စာ အတိအကျပြောရရင် အမှတ် (၆၀/၇၀) ၊ ငုဝါလမ်း ၊ အလုံမြို့ နယ် မှာပါ။
ဆိုင်လေးကတော့ ငုဝါလမ်းထဲကို နည်းနည်းဝင်ရတယ်။

Fred ( MyLann)