မြောက်ဒဂုံနဲ့မြောက်ဥက္ကလာဘက်ကကိုကိုမမတွေရေ….. 703 views


အေးအေးဆေးဆေးထိုင်လို့ကောင်းတဲ့နေရာလေးတစ်ခု MyLann

ကတွေ့ထားပါတယ်။ မိမိအပေါင်းအသင်း သူငယ်ချင်းတွေနဲ့အေးအေးဆေးဆေး

စကားပြောရင်းစားချင်သောက်ချင်ကြတဲ့ သူတွေအတွက်ပဲဖြစ်ဖြစ်၊

မိသားစုတွေနဲ့အရသာရှိတဲ့အစားအစာလေးတွေစားသုံးချင်ကြတဲ့သူတွေ

အတွက်ပဲဖြစ်ဖြစ်၊ အကုန်လုံးအတွက်အဆင်ပြေစေမယ့်နေရာလေးပါ။

ဒီဆိုင်လေးကတော့ Mile Stone ဆိုတဲ့ဆိုင်လေးပါ။

 

 

ဆိုင်အပြင်အဆင်လေးကတော့ ရိုးရိုးရှင်းရှင်းလေးပါပဲ။ ဝင်ဝင်ချင်းလေးမှာဆိုရင်

အပြင်ဖက်ရှုခင်းကို မြင်ရမယ့် စားပွဲဝိုင်းတွေရှိတယ်။

အဲ့ဒီကနေမှဝင်သွားရင်အတွင်းဖက်မှာကျတော့ အးအေးဆေးဆေး စကားပြောချင်တဲ့

ဧည့်သည်တွေ၊ မိသားစုလိုက် သီးသန့်အနားယူရင်း စားသုံးချင်တဲ့ သူတွေအတွက်ရယ်၊

ပီးတော့ Birthday Party တွေ၊ ချစ်သူကို surprise လုပ်ပေးချင်တဲ့ ကိုကို၊မမတွေအတွက်

Partition ခွဲပြီးတော့သီးသန့် အခန်းလေးတွေလုပ်နိုင်ပါတယ်တဲ့… သြော် ပီးတော့

ညနေဖက် နေ၀င်ဆည်းဆာအချိန်ဆိုရင်လဲ အပြင်ဖက်က သဘာဝလေအေးအေးလေးတွေခံစားပီး

Dinner ဆွဲချင်တဲ့ သူတွေအတွက် ဆိုင်ရဲ့အပြင်ဖက်မှာ စားပွဲတွေ စီစဉ်ပေးထားပါတယ်တဲ့ ။

ဒါကတော့ ဆိုင်လေးရဲ့ အပြင်အဆင်ကို မှန်းကြည့်လို့ရအောင် mylann က

အကြမ်းဖျင်းပြောပြတာနော်။

 

 

နောက်ပီးတော့ တော်တော်များမျာြး မို့ထဲမှာ မုန့်စားကြတဲ့အခါ ကြုံကြရတာ

ကားပါကင် အခက်အခဲကိစ္စလေ ။ ဒီမှာကျတော့ အဲ့ဒါလေးက

တော်တော်လေးအဆင်ပြေတယ်။ ကားအေးအေးဆေးဆေးရပ်လို့ရအောင် parking

လဲစီစဉ်ထားတဲ့အပြင်နေရာကလဲ ကျယ်ကျယ်ဝန်းဝန်းဆိုတော့ ကားလာရွှေ့ခိုင်းမှာ

စိတ်မပူရပဲ အစားအသာက်တွေကို အးဆေးဇိမ်လေးနဲ့ ဆွဲလို့ရတာပေါ့နော်။

ကဲ ဒါဆို ဟင်းပွဲလေးတွေနဲ့ ဈးနှုန်းလေးတွေအကြောင်းပြောပြပေးမယ်။ဒီဆိုင်မှာတချို့ဟင်းပွဲလေးတွေက ဘီယာလေး၊ဘာလေးနဲ့တွဲသောက်ပြီးအမြည်းလေးအနေနဲ့စားလို့အဆင်ပြေ သလို၊

ထမင်းနဲ့တွဲစားလို့ရတဲ့ဟင်းပွဲလေးတွေလည်းရှိတယ်။ ဈေးနှုန်းလေးတွေကလည်း

(၃၀၀၀)ကနေ (၆၀၀၀)ပတ်ဝန်းကျင်မှာပဲရှိတယ်။ တစ်ပွဲတစ်ပွဲဆိုရင်လည်း

အနည်းဆုံးတော့နှစ်ယောက်လောက်စားလို့ရလို့ ဟင်းပွဲအမယ်များများလည်းစားလို့ရတယ်။

အက်မင်တို့စားခဲ့တဲ့အစားအစာတွေကို အာက်မှာသေချာရေးပြထားပါတယ်။ အဲ့ဒါတွေမှမဟုတ်ပဲ

ဆိုင်မှာအခြားလူကြိုက်များတာတွေမှာဆိုရင် ပုစွန်အစိမ်းသုပ်၊ ငါးခေါင်းဟင်းချို၊ ဆိတ်သားကင်တို့

နှစ်တစ်ရာသီးကင်တို့လည်းကောင်းတယ်တဲ့။

 

ဆတ်သားထောင်း - ဆတ်သားကိုမှအသားများများနဲ့ နက် ကြက်သွန်ဖြူ၊ ငရုတ်သီးနီ၊ ငရုတ်သီးစိမ်း

အဲ့ဒါတွေနဲ့ထောင်းပေးထားတာ… ဒါကိုအမြည်းအနေနဲ့စားမယ်ဆို

သုံးယောက်လောက်ဝိုင်းစားလို့ရတယ်။

အရသာကလည်းမွှေးမွှေးနဲ့နည်းနည်းစပ်တဲ့ပုံမျိုးလေ။ အဲ့ဒါကိုမှ

သံပုရာသီးညှစ်စားမယ်ဆိုရင်တော့ ချဉ်ချဉ်မွှေး မွှးလေးနဲ့ပိုစားကောင်းတယ်။ စပ်သွားတဲ့ အရဿာလေးရယ် ၊ သံပုရာသီးနံ့မွှေးမွှေးလေးရယ် ဆတ်သားနူးနူးလေးရယ် ပေါင်းလိုက်တော့ လုံးဝ perfect ဖြစ်သွားတာပေါ့နော်။

ဈးနှုန်းကတစ်ပွဲကို (၄၅၀၀)ကျပ်။

 

Seafood တံငါ - သူ့မှာ လွယ်လွယ်ကူကူစားလို့ရတဲ့ဂဏန်းပျော့ရယ်၊ ပုစွန်မွှေးမွှေးလေးနဲ့

ပြည်ကြီးငါးထုတ်ထုတ်လေးပါတယ်။ အဲ့ဒါတွကိုမှချက်ထားတာ။ အရည်လိုချင်ရင်လည်းပန်းကန်တစ်လုံးနဲ့

သီးသန့် ထပ်ပေးထားတော့ တ်ာတော်များများစားရတယ်။ သူ့ရဲ့အရသာက ပင်လယ်စာတွေရဲ့အချိုနဲ့

ဆော့စ်ရဲ့အစပ်လေးပေါင်းပြီးတော့ ချိုစပ်လေးဖြစ်နေတာပေါ့။ သူကတစ်ပွဲကို (၆၀၀၀)ကျပ်။

 

ပြည်ကြီးငါးသုပ် - ဒီဆိုင်ကပြည်ကြီးငါးရဲ့အသားကမာမာထုပ်ထုပ်လေးဆိုတာနဲ့တင်တော်တော်လေးပြည့်စုံ

သွား တယ်။ ဘာလို့ဆို အချို့ဆိုင်တွေမှာဆိုရင် ပြည်ကြီးငါးက အရမ်းနူးအိနေတာတို့ ဘာတို့ဆို

စားရတာအဆင်မပြေဖူး။ သူ့မှာတော့အဲ့ဒီလိုမဟုတ်တဲ့အတွက် ကိုယ်တော့သဘောကျတယ်။

သူ့ရဲ့ဆော့စ်ကလည်းချဉ်ချဉ်စပ်စပ်လေး ဆိုတော့မအီတော့ပဲ ပိုမိုက်သွားတာပေါ့… သူကတစ်ပွဲကို (၃၅၀၀)ကျပ်ပါပဲ….

 

ဆိတ်သားပေါင်မုန့် - နူးနူးညံ့ညံ့ဆိတ်သားလေးတွေကိုမှအနှစ်များများနဲ့အရသာရှိရှိဖြစ်အောင်ချက်ထားတာ။ အဲ့ဒါကိုမှပေါင်မုန့်လေးနဲ့တို့စားရင်တော့ပိုမိုက်တယ်။ သူကတစ်ပွဲကို (၅၅၀၀)ကျပ်။ နှစ်ယောက်ကနေ

သုံးယောက်လောက်အထိစားလို့ရတယ်။

 

ပုစွန်တန်ပူရာကြော် - ပုစွန်ကိုမှဖက်လေးနဲ့ထုပ်ကြွပ်ကြွပ်လေးဖြစ်အောင်ကြော်ထားတာ။ ချိုချိုလေးနဲ့ စိမ့်စိမ့်လေး။ဆာ့စ်လေးနဲ့တွဲစားရင်ပိုမိုက်တယ်။ နာက်ကြက်တောင်ပံကြော်ကတော့လည်းထည့်ပေးထားတယ်။

ဝက်နံရိုးကြော်လေးလည်းပါတယ်။ ဝက်နံရိုးကြော်ကအရိုးမပါဖူး။ ပါရင်လည်းနူးနူးလေးနဲ့

ကိုက်စားလို့တောင်ကောင်းတယ်။ ဒီဟာကဒီအစုံပါတဲ့တစ်ပွဲကို (၅၅၀၀)ကျပ်ပါ။

ပုစွန်တန်ုပူရာပဲဖြစ်ဖြစ် ဝက်နံရိုးကြော်ပဲဖြစ်ဖြစ်၊ ကြက်တောင်ပံကြော်ပဲဖြစ်ဖြစ်

တစ်မျိုးစီပဲဆိုရင်တော့ တစ်ပွဲကို (၂၅၀၀)ကျပ်ပါ။

 

ငါးကင် - ငါးရဲ့အရေခွံကိုကြွပ်ကြွပ်လေးဖြစ်အောင်ကင်ထားပြီး

အထဲကအသားနူးနူးညံ့ညံ့လေးကို မာမာလေးဖြစ်အောင်ကင်ပေးထားတယ်။

အဲ့ဒါကိုဆော့စ်ချိုချဉ်လေးနဲ့တို့စားရင်ပိုမိုက်ပါတယ်။ ဈးနှုန်းက (၄၀၀၀)ကျပ်ပါ။

သောက်စရာပိုင်းမှာဆိုရင်တော့ ကိုယ်တွေ Pink Lady, Huricame Cocktail နဲ့ Terminator

တွေသောက်ခဲ့တယ်။ Terminator ဆိုရင် မီးတောက်လေးနဲ့မိုက်တယ်။

အရသာကလည်းကော်ဖီအနံ့နဲ့ အရသာလေးနည်းနည်းပါတယ်။

သူကမီးမငြိမ်းခင်သောက်ရင်ပိုမိုက်တယ်။

 သြော် ပြောရမှာမေ့နေတာ… ဒီဆိုင်မှာ Shisha

လည်းရတယ်။ ဈေးနှုန်းဆိုရင်လည်း (၉၈၀၀)ပဲရှိတယ်ဆိုတော့ တန်တယ်လေ။အခြားသောက်စရာမီနူးတွေလည်းအများကြီးရှိပါသေးတယ်။

ဒီတစ်ခေါက်တော့ ဒီလောက်နဲ့ပဲ ကျေနပ်လိုက်ပါတယ် :P

ပြီးတော့ မိမိရဲ့အပေါင်းအသင်းတွေနဲ့လည်းချိန်းထားသေးတယ်။ Live

လာနေတဲ့ဘောလုံးပွဲကြည့်ချင်တယ်ဆိုတဲ့သူတွေ အတွက်လည်းအခက်မတွေ့စေအောင်

ဘာလုံးပွဲတွေလည်းဖွင့်ပေးထားပါသေးတယ်တဲ့။

ဒီဆိုင်လေးက Service ပေးတာလည်းသဘောကျတယ်။ တစ်ခုခုဆိုနှစ်ခါပြောစရာမလိုပဲ

လုပ်ပေးတတ်တဲ့ service လေးတော့ ကိုယ်လည်းကြွေမိတယ်….

ဆိုင်လေးရဲ့လိပ်စာအတိအကျက အမှတ်(၅၁၂)၊ ဗိုလ်မှူးဗထူးလမ်း၊ (၄၂)ရပ်ကွက်၊

မြောက်ဒဂုံမြို့နယ်မှာပါ။ 09-777696659, 09-799788614 ပါ။ Reserve လုပ်လို့လည်းရတယ်။

 

Honey, Linn (MyLann)

#MyLann #Online_Restaurant_Directory #Online_Food_Guide #Food_Review_in_Review #Foodie_Myanmar #Food_Lover #Food_Crazy

#Mile_Stone #Bar_and_Restaurant #Bar #Restaurant #North_Dagon