မနက်စာကောင်းကောင်းရမဲ့ဆိုင် 693 views


မနက်စာ ကောင်းကောင်းလေးစားချင်တာ ထူးတယောက်တည်းတော့မဟုတ်လောက်ပါဘူးနော် နေ့ တနေ့ ရဲ့  အစကိုဖြတ်သန်းဖို့ က မနက်စာ ကောင်းကောင်းလေး breakfast ကစတင်မယ်ထင်ပါရဲ့  မန်းလေးအစားအစာကိုအထူးနှစ်သက်တဲ့ MyLann မိတ်ဆွေတွေအတွက်တော့ ဒီတခါ အရမ်းစားကောင်းပြီး ဈေးလည်းတန်သန့်ရှင်းမှုလည်း အပြည့်အဝရှိတဲ့ ဆိုင်လေးတစ်ဆိုင်ကို ညွှန်ပါရစေ..

‪#‎အစားကောင်းလေးတွေရှိတဲ‬့ အဲ့နေရာကိုအရင်မှတ်ထားကြရအောင်နော်။
အမှတ်(93)၊ ငုဝါလမ်း၊အလုံ မြို့ နယ် က ရတနာအောင် ဆိုတဲ့ ဆိုင်လေးပါ။

‪#‎ဘာတွေရနိုင်လဲ‬

မနက်စာ အထူးဖြစ်တဲ့  နန်းကြီးသုပ်၊ နန်းလတ်သုပ်၊နန်းပြားသုပ်၊မြီးရှည်၊ကြာဇံချက် တို့အပြင် အရမ်းကိုစားကောင်းပြီးဆိုင်တိုင်းမရနိုင်တဲ့ ခနုံထုပ်တွေပါ။ အားလုံးက မန်းလေး လက်ရာ အရသာစစ်စစ်တွေပါနော်။ အုန်းထမင်းနဲ့  ငါးဖယ်လုံးဟင်ရည် တွေလည်း ရနိုင်ပါသေးတယ်။ မီနူးလေးစပ်စု ကြည့် ရင်း ရာသီပေါ် အညာဒေသ ထွက် အရွက်သုပ်မျိုးစုံလည်း ရနိုင်ပါတယ်။ မန်းလေးမန်ကျည်းဖျော်ရည်စစ်စစ်လည်း ရနိုင်ပါတယ်။

‪#‎စားဖြစ်ခဲ့တာတစ်ခုစီ‬ ရဲ့ အရသာကို ဝေမျှမယ်နော်

မိသားစု သုံးယောက် ထူးအလုပ်ပိတ်ရက်မှာ မန်းလေးစာစားချင်တာနဲ့  အိမ်နဲ့မဝေးမနီးဆိုင်သစ်လေးတခုအမှတ်မထင်တွေ့မိတော့ ဝင်စားဖြစ်ခဲ့ပါတယ်။ ဆိုင်လေးက ဝင်သွားတာနဲ့  သန့်ရှင်းပြီးမန်းလေး ရောက်သွားသလို ဆိုင်ရဲ့  အပြင်အဆင် ကထူးခြားနေပါတယ် မန်းလေးရှူ ခင်း များကို Wallpaper လေးတွေနဲ့  ပြင်ဆင်ထားတာပါ။ မိသားစုသုံးယောက်သူ့ အကြိုက်ကိုယ့်အကြိုက်စပြီးမှာစားကြပြီပေါ့နော်

‪#‎မန်းလေးမုန့်တီ‬ (နန်းကြီးသုပ်)
#မန်းလေးမုန့်တီ ( နန်းပြားသုပ်)
#မန်းလေးမုန့်တီ (နန်းလတ်သုပ်)
ရိုးရှင်းသော အသုပ်မျိုးစုံ ကို တော့ လူတိုင်းစားဖူးကြပါတယ် ။ မန်းလေးလက်ရာ စစ်စစ် အသွင်အပြင် အရသာ ကိုတော့ ဒီဆိုင်ကနေ တကယ်ခံစားရပါတယ် အစပ်အဟပ်အရသာ တခုမှပြင်စရာမလိုအောင် အားလုံး အဆင်ပြေနေတာပါ။ အဓိက မုန့် ဖတ် ကိုတော့ မန်းလေး ကနေ မှာယူထားတာပါတဲ့။ အဲ့ထဲမှာပါတဲ့ငါးဖယ်ပြားနဲ့  အသားရဲ့အရသာ ကလည်းအရမ်းစားကောင်းပါတယ်။ တွဲဖက် ကြက်သွန်အချဉ်ရယ် ဟင်းချိုလေးရယ်ကလည်း စားကောင်းပါတယ်ရှင့်။ ဆိုင်ကပေးတဲ့ ဟင်းချိုအပြင် ငါးဖယ်လုံးဟင်းချိုကို လည်း ကြိုက်နှစ်သက်တယ်ဆိုရင် တွဲဖက်မှာယူစားလို့  ရပါတယ်။ ဈေးနှုန်း ကတော့ ကြိုက်နှစ်သက်ရာအသုပ် တပွဲကို ၁၃၀၀ကျပ်ပါ။ ငါးဖယ်လုံးဟင်းချိုကတော့ ၁၀၀၀ကျပ်ပါ။

‪#‎မန်းလေးမြီးရှည်‬
ပဲငါးပိအရသာလေးရယ် အစပ်အဟပ်ကောင်းကောင်းလေးနဲ့ မန်းလေးလက်ရာကို နှစ်သက်သူများအတွက် အထူးကျေနပ်စေမှာပါ။တပွဲကို ၁၃၀၀ကျပ်ပါ။ တွဲဖက်ရှမ်းချဉ်လေးကလည်း ကောင်းမှကောင်းပါ။

‪#‎ကြာဇံချက်‬
ဒါကတော့ သုံးယောက် လုံးအတွက်အလယ်ထိုင် မှာစားဖြစ်ခဲ့ပါတယ်။အသားတွေများလွန်းလွန်းလို့  စားလို့ ကောင်းမှကောင်းပါ။ တပွဲမှာ အများကြီးပါတာလည်း ဒီဆိုင်ရဲ့ စေတနာ လို့ ထင်မိပါတယ်။ ငါးဖယ်၊ငုံးဥ တွေလည်း ပါတော့ပေးရတဲ့ နှုန်း ၁၀၀၀ က တန်နေပါတယ်။

‪#‎ခနုံထုပ်‬
ကြက်ဥရဲ၊့ စိမ့်စိမ့်အရသာ အထဲကအစာသွပ်ထားတဲ့ ကြက်သားရဲ့  အရသာ ပေါင်းစပ်လိုက်တော့ တပွဲမှာပါတဲ့ လေးခုကို တယောက်ထဲစားမိပါတယ်။ အချဉ်ရဲ့  အရသာကလည်း ကွက်တိအစပ်အဟပ်တည့်နေတာပါ။ တပွဲမှာလေးခုပါပြီး တပွဲကို ၁၀၀၀ကျပ်ပါ။

သုံးယောက်သားစားကောင်းကောင်းနဲ့  စားနေရင်း အနံ့တစ်ခုက ရလာပြန်ရော၊ ဘာတွေပါလည်းဆိုပြီးဘေးကိုလှည်းကြည့်လိုက်တော့ ထူးအကြိုက်ဆုံး ကြက်သားအစိမ်းဒံပေါက် တွေပါ။ လူကမနေနိုင်တော့လို့  ဆိုင်ရှင်အမကို မေးမိပြန်တာပေါ့။ အော်ဒါပွဲ၂၀၀ပြင်ဆင်ပေးနေတာပါတဲ့။ အရမ်းစားချင်တာနဲ့ မနက်ပိုင်းလည်းမသိတော့ ပဲတပွဲလောက် မှာမယ်ဆိုပြီးမှာလိုက်တာ ဆိုင်ရှင်က ဒံပေါက်ကတော့ အော်ဒါအတွက်ပါတဲ့ ။ ဆိုင်မှာတော့ တပွဲချင်းမရောင်းပါဘူးတဲ့ ။စားချင်စိတ်ကိုမနည်းထိန်းပြီးကိုယ့် စားပွဲလေးနားပြန်ရောက်လာရတာပေါ့။ ပိုက်ဆံရှင်းမယ်လည်းလုပ်ရော ဆိုင်ရှင်အမရောက်လာပြီးညီမလေး စားချင်ရင် တစ်ပွဲတော့ ရောင်းပေးမယ်ဆိုလို့  ဒံပေါက်တပွဲထပ်စားခဲ့ပါတယ်။ အနှစ်တွေအီစိမ့်နေတာမျိုးလည်းမဟုတ် ကြက်သားကလည်း ထမင်းထဲသိပ်ပြီးရောချက်ထားတာမို့  ဒါလည်း ထူးအတွက်ကောင်းနေပြန်ပါရော။ ကြက်သားအစိမ်း ဒံပေါက် ကတော့ အော်ဒါမှ ချက်ပေးတာပါတဲ့ ။ ထူးကတော့ စားကံပါသွားတာဖြစ်မယ်။ တပွဲကို ၂၅၀၀ကျပ်ပါတဲ့။

‪#‎အော်ဒါတွေရနိင်တာတွေကတော့‬
- ကြက်သားအစိမ်းဒံပေါက်
- အုန်းထမင်း
- ကြက်သားပလာတာ နှင့် ဆိုင်မှာလက်ရှိရောင်းချနေသောစားသောက်ဖွယ်ရာများပါ။

‪#‎ဆိုင်အကြောင်းပြန်သွားကြမယ်‬
အနီးအနားတဝိုက် Delivery လည်းရှိတယ်တဲ့။ အော်ဒါတွေလည်းလက်ခံတယ်ဆိုတော့ မှတ်ထားသင့်တဲ့ ဆိုင်ကောင်းလေးပါ။ မန်းလေးအစားအစာကို ကြိုက်နှစ်သက်သူတွေအတွက် အမှတ်၉၃၊ ငုဝါလမ်း၊အလုံမြို့နယ်က ရတနာအောင် မန်းလေးစားဖွယ်စုံဆိုင်လေးကို ညွှန်ပြလိုက်ပါပြီနော်
ဆက်သွယ်ရန်ဖုန်းကတော့ ၀၉-၄၅၃၃၀၂၄၁၄နှင့်၀၉-၂၀၂၁၄၆

Htoo Htoo ( MyLann)