Mr.Chef @ Taw Win Center 671 views


တော်ဝင်စင်တာ basement မှာ ဖွင့်ထားတဲ့ Mr.Chief က လက်ရာလေးတွေပါ။ သပ်သပ်ရပ်ရပ်ရှိပြီး စားရတာလည်း အဆင်ပြေတယ်လေ။ ဒါကြောင့် ကိုယ်စားပြီး ကြိုက်တာလေးတွေ မျှဝေပေးချင်ပါတယ်။

‪#‎ထမင်းနဲ‬့ ကြက်ကချင်ဟင်း
အရသာ အစပ် ဖက် အရမ်းမပါဘဲ ။ မျှစ်နဲ့ ချက်ထားတဲ့အတွက် အရသာရှိနေပါတယ်။ ထမင်း နဲ့ ကြက်ဥကြော် တစ်လုံးပါပါတယ်။ ကြက်ကချင်ချက်ဟင်းအပြင်ပေါ့ သူကတပွဲ ၄၀၀၀ကျပ်ပါ။

‪#‎ထမင်း‬ နဲ့ ကြက်သားလုံးချိုချဉ်
ဆော့အနှစ် အရမ်းအစပ်တည့်ပြီး ဟင်းသီးဟင်းရွက်နဲ့  အသားလုံးရဲ့  မွှေးပြီးစားရတာ ရွရွလေး ဖြစ်နေတဲ့  အရသာက ကိုယ့်အကြိုက်ပဲ ။ တစ်ပွဲကို ၃၅၀၀ကျပ်ပါ။

‪#‎ပင်လယ်စာအစုံသုပ်‬
Sea foodအမယ်တွေဖြစ်တဲ့  ပုစွန် ငါး ပြည်ကြီးငါး စသဖြင့် လတ်ဆတ်တဲ့  ပင်လယ်စာများကို ပြည့်စုံတဲ့  အရသာ ပေါင်းစပ်ပေးထားတဲ့ ဟင်းလျာတခုပါ သူကတပွဲ ၅၀၀၀ကျပ်ပါ။

ဆိုင်လေးက သန့် ရှင်းပြီး စားရတာ အဆင်ပြေတာကို သဘောကျပါတယ်။service တော့ နည်းနည်းစောင့်ရပါတယ်။ လူကျချိန်လည်းအဲ့နေကဖြစ်နေတာာမှာပေါ့နော်။ ဒါပေမယ့် ပေးရတာနဲ့  တန်ပါတယ် ။ အစားအသောက် ကောင်းကောင်း ကြိုက်သူများ တော်ဝင်စင်တာရောက်ခဲ့ရင် Mr.chief လည်း စားကောင်းတဲ့ ဆိုင်လေးပါလို့ ။

Htoo Htoo ( MyLann)