Mr Jones 615 views


ဝက်ဝံရုပ်တွေနဲ့ ကော်ဖီဆိုင်ဆိုပြီး သူငယ်ချင်းတွေ ပြောပြောတက်ကြတဲ့ ဒီဆိုင်လေးကတော့ မြန်မာပလာဇာမှာ ရှိတဲ့ Mr Jones’ Orphanage ဆိုင်လေးပါ။ တစ်နေ့ က ဘော်ဒါတွေ ဆုံကြတော့ ဒီဆိုင်လေးမှာ ချိန်းလိုက်တယ်။ ကိုယ်တွေက ကော်ဖီသရဲတွေလေ ။ ပိတ်ရက်တိုင်း တစ်မြို့ လုံးက ကော်ဖီဆိုင်တကာ လိုက်သောက်နေတော့ အခုတော့ ဒီဆိုင်လေး အလှည့်ရောက်လာပါပြီ။ ဒီတော့ ဒီဆိုင်လေးက ဘာတွေထူးခြားလဲ ၊ ဘာတွေရသလဲ ဆိုတာ ရှဲပေးပါအုံးမယ်။
Mr Jones’ Orphanage က မြန်မာပလာဇာ တတိယထပ်မှာ ရှိပါတယ်။ ဆိုင်လေးက အလယ်လောက်မှာ ရှိတယ်။ ဆိုင်ကို ကြည့်လိုက်တာနဲ့ သိသာတဲ့ အချက်က ကိုယ်တွေငယ်ငယ်က ဆော့ဖူးတဲ့ ကစားကွင်းက အဝိုင်းလှည့်ပြီး စီးကြတဲ့ အရုပ်ယာဉ်ကြီးလို ဖန်တီးထားတာပါ။ ဒီဆိုင်ရဲ့ မူလကတော့ ထိုင်းနိုင်ငံကပါတဲ့။ ဒီမှာတော့ Franchise အနေနဲ့  ပြန်ဖွင့်ထားတာပါ။ တစ်ဆိုင်လုံးမှာရှိတဲ့ စားပွဲခုံလေးတွေမှာ Teddy Bear လေးတွေက နေရာယူထားတယ်။ မြင်လိုက်တာနဲ့ ဆွဲပြီး ပွေ့ ကိုင်ချင်လောက်အောင် ပဲ။ နူတ်ခမ်းနီမလေးတွေ အကြိုက်ပေါ့။ ကိုယ်တွေ ရောက်သွားတော့ တခြားဝိုင်းမှာ ထိုင်နေတဲ့ ကောင်မလေးတွေက အရုပ်လေးတွေကိုင်ပြီး ဓာတ်ပုံရိုက်လိုက် ကိတ်မုန့် တွေစားလိုက် လုပ်နေကြတယ်။ ဒါနဲ့ ကိုယ်တွေ အဖွဲ့ က လူလည်း စုံတော့ စားချင်တာလေးတွေကို မီနူးကြည့်ပြီး မှာကြတာပေါ့။

Vanilla Infused (2500 Ks )
Vanilla နဲ့နို့ကို Homemade ပုံစံမျိုးပြန်စပ်ထားတယ်။ အခြား ချောကလတ်နဲ့စတော်ဘယ်ရီ အရသာတွေလည်း ရတယ်။ ထည့်ပေးထားတဲ့ ပုလင်းလေးက ချစ်စရာလေး ။ အရသာက ခပ်စိမ့်စိမ့်လေးပါ။

Hot Latte ( 3500 Ks )
ကော်ဖီချစ်သူများကတော့ သူ့ ရဲ့ အပြင်အဆင်နဲ့ တင် ကြွေလောက်တယ် ။ Latte ကော်ဖီကို နို့ အမြုတ်လေးတွေနဲ့  ချစ်စရာ ဝက်ဝံရုပ်လေး ဖြစ်အောင် ဖန်တီးထားတယ်။ ခွက်ကလေးလည်း ချစ်စရာလေးပါ။ ကော်ဖီစေ့ကို ချက်ချင်း ကြိတ်ပြီး အနံ့ မွှေးမွှေးလေး ဖြစ်အောင် ပူပူလေး ဖျော်ထားပေးတယ်။ Espresso Base လုပ်ထားတာတဲ့။ ကော်ဖီကောင်းကောင်း သောက်ချင်သူတွေအတွက် ရှယ်ပါ။

Banana Lava Toast (6500 Ks )
ရေခဲမုန့်(၂)မျိုး (ချောကလက် နဲ့ Vanilla ) ပါတယ်။ ငှက်ပျော်သီး၊ Topping cream လေး ထည့်ပေးထားပါတယ်။ ချောကလတ်နဲ့ကိတ်မုန့်ရောဖုတ်ထားတာပါတယ်။ Lava Toast ဆိုတဲ့ အတိုင်း ခွဲချလိုက်ရင်အထဲမှာ ဂျယ်လီလိုမျိုးချောကလက် အရည် လေးတွေထွက်လာတယ်။ ပူပူနွေးနွေးလေးပါ။ အနည်းဆုံးနှစ်ယောက်လောက်စားလို့ရတယ်။

Strawberry Pan Cake (6500 Ks)
Pan Cake ကြိုက်သူများအတွက်ပါ။ Pan Cake ပူပူနွေးနွေးလေးပေါ်မှာ စတော်ဘယ်ရီ Sauce လေးဆမ်းပေးထားတယ်။ ပျားရည်လေးနဲ့ ဆမ်းစားလို့ ရအောင်လည်း ဘေးမှာ ခွက်ကလေး ထည့်ပေးထားတယ်။ Pan Cake အပေါ်မှာတော့ Butter နဲ့ Isame Sugar ဖြူးပေးထား။ စတော်ဘယ်ရီအသီးလေးတွေလဲပါတယ်။

Banoffee (5500 Ks)
သူက ဖန်ပုလင်း ပုံစံခွက်ကလေးမှာ ထည့်ပေးထားတာ။ ဘာတွေ ပါလဲ ဆိုတော့ Oreo Cookie ချေထားတာလေးရယ် ။ Caramel Sauce ၊ Banana ရယ်။ နောက်Topping Cream တွေပါ။ စားခါနီးမှာ အကုန်လုံးကိုရောမွှေပြီးစားရင် ပိုမွှေးပြီး အရသာရှိတယ်။ အရသာကတော့ ချိုပြီး အစိမ့်ဘက် သွားတယ်။

Durian Crepe - (4500 Ks)
ဒူးရင်းသီး Crepe ကတော့ ဒူးရင်းသီးကြိုက်သူများအတွက် ရှယ်ပါ။ ဒူးရင်းသီးကို Topping Cream နဲ့မွှေထား။ Vanilla Icecream လဲပေးမှာထည့်ပေးထား။ စားလိုက်ရင် ဒူးရင်းသီးအဖက်ကလေးတွေ စားရသလို အိအိလေးနဲ့ မွှေးနေတာပဲ။ ကိတ်တစ်ခုလုံးကတော့ ဒူးရင်းသီးချည်းပဲ ဆိုတော့ ဒူးရင်းသီးစားတဲ့ သူတွေ ပိုကြိုက်မယ် ထင်တယ်။

Open Sandwich with Shrimp (5500 Ks )

ဆီးချိုပေါင်မုန့် အညိုပေါ်မှာ မရောနိစ်၊ ကြက်ဥ၊ ပုစွန်ကောင်လေးတွေကို သုံးမျိုးရော Mix လုပ်ထားတာလေး ဆမ်းထားတာ။ စားကြည့်တော့ နူတ်ကိုသွတ်စေတယ်။ Seasonal Powder ဖြူးထားပြီး ဘေးမှာ Basel Leaf, Cherry Tomato နဲ့အလှဆင်ထားတယ်။ ဒါက ကိုယ့်အကြိုက်ထဲက တစ်ခုပေါ့။

Purple Cow (5500 Ks)
ငှက်ပျော်သီး၊ စတော်ဘယ်ရီ၊ နို့ရေခဲမုန့်တွေရောမွှေထားတယ်။ ဘန်ကောက်ကဖာလူဒါပုံစံနဲ့တူတယ်။ Topping Cream နဲ့ Decoration ပြင်ထားတယ်။ သောက်ကြည့်ရင် စတော်ဘယ်ရီ နဲ့ ငှက်ပျောသီး ပေါင်းထားတဲ့ အရသာလေး ရတယ်။ အပေါ်မှာ Cream ထည့်ထားပေးတော့ အချိုကြိုက်သူများအတွက် အမိုက်စားပါ။

ဒီဆိုင်လေးက Dessert ကောင်းတဲ့ ဆိုင်လေးလို့ လည်း ပြောလို့ ရတယ်။ မြန်မာပလာဇာမှာ တစ်ခုခု စားပြီး အေးအေးဆေးဆေးလေး ကော်ဖီသောက် အချိုတည်းမယ် ဆိုရင် ပိုအဆင်ပြေတယ်။ တော်တော်များများက ရေခဲမုန့် နဲ့  တွဲဖက်ပေးတော့ ရေခဲမုန့် ကော တခြားမုန့် ကော အတူတူ စားရတယ်။
ဈေးနှုန်းကတော့ နည်းနည်းများတယ်လို့  မြင်မိပေမဲ့ ပေးတဲ့ ဝန်ဆောင်မှု နဲ့ ပြင်ဆင်ထားတာလေးတွေ ကြည့်ပြီး တန်တယ်လို့ ထင်တယ်။ Tax 5% + Service 5% ကောက်ပါတယ်တဲ့။

Promotion တွေကတော့
10:00AM – 12:00PM အတွင်း ဆိုရင် Mini Waffle Set (4900) မှာရင် Hot Latte, Hot Americano, Any Handmade Milk ထဲက ကြိုက်နှစ်သက်ရာတစ်ခွက် လက်ဆောင် ပေးပါတယ်တဲ့။

BRUNCH – Special Promotion (All Day) အနေနဲ့ 
Fried Rice, Spaghetti, Open Sandwich မှာစားရင် Hot Coffee တစ်ခွက်လက်ဆောင်ပေးထားပါတယ်။ Birthday Cake, Valentine Day Cake တွေလည်းမှာလို့ရတယ်လို့ ပြောပြပါတယ်။

ဆိုင်ဖွင့်ချိန်ကတော့ နံနက် 9:00AM ကနေ ညနေ 8:30PM အထိပါ။
ဆိုင်ဖုန်းကတော့ 09-979887911 ပါ။
နေရာလေးကတော့ Level 3, Myanmarr Plaza မှာပါ။

My Lann

#MyLann #Foodinyangon #FoodieMyanmar #Foodie #MrJonesOrphanage #Coffee #Cake #Dessert