စားသောက်ဆိုင် ကောင်းကောင်း ရှာနေသူများအတွက် My Friend 2 951 views


ဒီတစ်ခါမှာတော့ ဘော်ဒါတွေ၊ မိသားစုတွေနဲ့အေးအေးဆေးဆေး သောက်ချင်စားချင်တဲ့သူတွေအတွက် My Friends 2 ဆိုတဲ့ဆိုင်လေးနဲ့မိတ်ဆက်ပေးပါမယ်။ ဒီဆိုင်လေးက My Garden ရဲ့ဆိုင်ခွဲလည်းဖြစ်ပါတယ်။ ဒီတော့ My Garden လက်ရာ စားဖူးတဲ့သူများကတော့ My Friend ကို ထပ်တူခံစားမိမှာပါ။

ဒီဆိုင်လေးက Junction Zawanna ရှေ့ လေးထောင့်ကန်လမ်းမကြီး၊ သင်္ကန်းကျွန်းမြို့နယ်မှာရှိတာပါ။ ဒီဆိုင်မှာဆိုရင် စားစရာတွေက လက်ရာကောင်းပြီး ကြက်၊ ၀က်၊ ငါး၊ အမဲ၊ ဆိတ်၊ ပင်လယ်စာ နဲ့ပက်သတ်တဲ့ ဟင်းပွဲတွေ၊ အသုပ်တွေ BBQ နဲ့ အခြားဟင်းရည်တွေရနိုင်ပါတယ်။
ဟန်နီတို့  အဲ့ဒီဆိုင်လေးမှာ နေ့ လည်စာ စားဖြစ်တယ်။ မီနူးမှာလည်း ရွေးစရာတွေ အများကြီးပါ။ ဒါနဲ့ ကိုယ် ခံတွင်းတွေ့ စေမဲ့ ဟာလေးတွေကို မှာဖြစ်တယ်။ ကြက်ပျားရည်၊ ၀က်ငရုပ်ကောင်း ၊ ဆလပ်ရိုးသုပ်၊ ဆိတ်ထောင်း၊ ငါးစိမ်းပေါင်း တို့ ပါ။

‪#‎ကြက်ပျားရည်‬

ကြည့်လိုက်တာနဲ့တင် အရောင်လေးကရဲရဲလေးနဲ့ စိုစိုပြေပြေလေးရှိတယ်။ အဲ့ဒါကလဲ ဗမာကြက် ကိုပေါင်းပြီးတော့ ပျားရည်နဲ့ပြန်နှပ်ထားတာ၊ အဲ့ဒီနှပ်ထားတာကိုမှ ဆီနည်း နည်းနဲ့ပြန်လုံးပေးထားတယ်။ ကြက်သားကို ဝါးလိုက်ရင် နူးနူးအိအိလေးနဲ့ ပျားရည်ရဲ့အရသာက စိမ့်ဝင်သွားပြီး စားရတာာ စိမ့်စိမ့်လေး…။ ဗမာကြက်ဆိုတော့လဲပိုပြီးအရသာရှိသွားတာပေါ့နော်… ဟန်နီတော့ ကြိုက်သွားပြီပဲ။ ကြက်ပျားရည်က တစ်ပွဲ (၅၅၀၀) ပါ…။

‪#‎၀က်ငရုတ်ကောင်း‬

ဝက်သားကို ပါးပါးလှီးပြီးကြော်ထားတာပါ အဲ့ဒါကိုမှ ငရုတ်ကောင်းအစေ့လေးတွေကို လတ်လတ်ဆတ်ဆတ်ကျိတ်ပြီးထည့်ထားတာဆိုတော့ သာမန်ငရုတ်ကောင်းမှုန့်ကိုထည့်ထားသလိုမျိုးမဟုတ်ပဲ အနံ့လေးကိုကထူးထူးခြားခြားနဲ့ အနံ့ သင်းသင်းလေးဖြစ်နေပါတယ်။ ပြီးတော့ သူကကြော်ပြီး အောက်မှာ အပူပေးထားတဲ့ သံပြားလေး နဲ့ခံပေးထားတာဆိုတော့ တရှဲရှဲ နဲ့ ငရုတ်ကောင်းရဲ့အနံ့လေးကပိုပြီး ဆွဲဆောင်ထားနိုင်တာ ပေါ့နော်….။ တစ်ပွဲကို (၆၃၀၀) အကြိုက်စားလို့ရတယ်၊ အများကြီးပါတယ်ဆိုတော့ စားရတာတန်ပါတယ်။

‪#‎ဆလပ်ရိုးသုပ်‬

သူက ဆလပ်ရွက်ရဲ့အရိုးကို မုန်လာဥနီ၊ မြေပဲ၊ နှမ်းနဲ့ အခြားအစာပလာတွေနဲ့ သုပ်ထားတော့ စိမ့်စိမ့်လေးပါပဲ ။ စားရ တာ…ချိုချိုအီအီကြီးဖြစ်မနေပဲ စားနေကျမဟုတ်တော့ ထူးထူးခြားခြားလေးဖြစ်လို့ စားရတာကောင်းပါတယ်။ သူကတော့ တစ်ပွဲ (၃၃၀၀)ပါ…။

‪#‎ဆိတ်သားထောင်း‬

ဆိတ်သားခြောက်ကို ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းနဲ့ ညက်နေအောင်ထောင်း ထားတာဆိုတော့ မစားခင်မှာတင် အနံ့လေးမွှေးနေတာပါ။ စားကြည့်လိုက်တော့ တော်တော်လေးကိုကောင်းပါတယ် ။ထောင်းထားတာလေးက ညှက်နေတော့စားလိုက်ရင် လျှာမှာ ဆိတ်သားအမျှင်လေးတွေက ပျော်ဝင်သွားတယ်။ My Garden ကဆိတ်ထောင်းကို ကြိုက်တဲ့သူတွေကတော့ ဒီအရသာကို သိကြမှာပါ။ ဘာလို့လဲဆိုတော့ ဒီဆိုင်က My Garden ရဲ့ဆိုင်ခွဲဆိုတော့ အရသာနဲ့ ဟင်းလျာတွေက တစ်ထပ်ထဲ ကောင်းပါတယ်။ ဒီဆိတ်သားထောင်းမှာမှ အချဉ်ကြိုက်ရင်တော့ သံပုရာသီးလေးညှစ်ပြီးစား ပိုဂွတ်သွားတာပေါ့နော်။တစ်ပွဲကို (၅၅၀၀) ဆိုပေမဲ့ ပေးလိုက်ရတဲ့ဈေးထက်ပိုကောင်းတဲ့အရသာကို ခံစားလိုက်ရပါတယ်…။

နောက်ဆုံး ဟန်နီအကြိုက်ဆုံး ‪#‎ငါးစိမ်းပေါင်း‬ ကြည့်လိုက်တာနဲ့ အရွက်လေးတွေ စိမ်းစိမ်းစိုစိုနဲ့ ငါးအနံ့ လေးက မွှေးနေတာပါပဲ။ အဲ့ဒါက ငါးကြင်းနဲ့ ကက်ကတစ်နဲ့ကြိုက်သလိုမှာလို့ရတယ် ရှမ်းနံနံ၊ ကြက်သွန်မြိတ်၊ ဖက်ဖယ်ရွက် ၊ မုန်လာဥနီတွေနဲ့ထည့် ပေါင်းထားတာ။ သူ့ရဲ့အရည်အရသာလေးက နည်းနည်း ချိုချဉ်အရသာလေးပါ။ ပြီးတော့ဟင်းရည်ကိုလဲ ဘေးမှာပန်းကန်လုံးနဲ့တစ်လုံးချပေးထားတယ် ဆိုတော့ ထပ်တောင်းနေစရာမလိုတော့ဘူးပေါ့နော်…သူကတော့ (၇၈၀၀)ပါ။

အခုဟန်နီမှာထားတာတွေကိုစားမယ်ဆို လူငါးယောက်၊ ခြောက်ယောက်လောက်တော့အသာလေး စားလို့ရတယ် ဆိုတော့ တန်ပါတယ်။
ဆိုင်လေးကကျယ်ကျယ်ဝန်းဝန်းနဲ့ လူ (၃၀၀)ကျော် လောက်ဆံ့တယ်။ ကားပါကင်ကျယ်တယ်။ နောက်ပြီး ဂျပန်စတိုင်အခန်းလေးတွေနဲ့  မိသားစု၊ သူငယ်ချင်းတွေအေးဆေးစားသောက်နိုင်တဲ့ Private အခန်းတွေလဲရှိပါသေးတယ် ။ ထူးခြားတာကအခန်းယူမယ်ဆိုရင်လဲ Charges ပေးစရာမလိုတာပါပဲ။ တစ်ချိုတွေကတော့ မွေးနေ့ပွဲတွေ၊ Wedding Dinner တွေ လာလုပ်လေ့ရှိတယ်တဲ့။ သောက်တက်သူများအတွက် အဲ့ဒီမှာ Bar Counter သီးသန့်  ရှိသေးတယ်။ ညဘက်ဆိုရင် Unplugged တီးဝိုင်းလည်း ရှိတော့ ညနေညခင်း သီချင်းနားထောင်ပြီးအေးဆေးစား သောက်လို့ရတာပေါ့နော်။

အခုဆိုင်လေးကတော့ Junction ဇဝန ရှေ့ မှာ ရှိပါတယ်။ ဒီဆိုင်က My Friends 2 ပါ။ သင်္ဃန်းကျွန်း ၊ လေးထောင့်ကန်လမ်းမကြီးပေါ်မှာရှိတာပါ။ ဆိုင်က နံနက် ၁၀နာရီကနေ ည ၁၁ နာရီအထိဖွင့်ပါတယ်။
မွေးနေ့ တို့  ၊ မိတ်ဆုံစားပွဲတို့  ၊ မိသားစုလိုက် တစ်နေနေရာမှာ စားမယ်ဆိုရင် ဒီနေရာလေးက မဆိုးဘူး ။အေးအေး ဆေးဆေး ရှိတယ်။ စားစရာတွေ ကောင်းတယ်။ ကြိုတင်ဘိုကင်လုပ်ချင်ရင်တော့ ဖုန်းနံပါတ် 01 564275, 09 260183743 ကို လှမ်းဆက်လို့ ရပါတယ်။

နောက် လှိုင်မြို့ နယ်မှာ ဆိုရင်တော့ My Friends 1 ဆိုင်ခွဲရှိပါသေးတယ်။
လိပ်စာကတော့ (၁၅)ရပ်ကွက်၊ ပါရမီလမ်း၊ လှိုင်မြို့နယ်မှာရှိတာပါ။ လှိုင်မြို့ နယ် နားမှာနေတဲ့လူတွေကျတော့ နီးနီးနားနား My Friend 1 မှာ သုံးဆောင်နိုင်ပါတယ် ။

ကဲ စားဖော်သောက်ဖက် အမျိုးတို့ရေ ဟန်နီတော့ ဒီဆိုင်လေးကိုညွှန်ပေးလိုက်ပြီနော်။ တကယ်ကောင်း တဲ့ဆိုင်လေးမို့ သွားပြီး မြည်းစမ်းကြည့်ကြအုံးလို့ ။

Honey ( MyLann)