My House Restaurant @Taunggyi 704 views


ပိတ်ရက်တုန်းက တောင်ကြီးဘက်ကို အလည်ရောက်ခဲ့သေးတယ်။ အဲ့ဒီမှာ နယ်ခံ ဘော်ဒါ တစ်ယောက်က ထမင်းဖိတ်ကျွေးလို့  ရောက်ခဲ့တဲ့ ဆိုင်လေး အကြောင်းကို မျှဝေပေးချင်ပါတယ်။ ဆိုင်နာမည်က My House ပါ။ တောင်ကြီးမြို့  ဗိုလ်ချုပ်လမ်းမပေါ် ဆောက်လုပ်ရေးရုံး အရှေ့ မှာ ရှိပါတယ်။ သူက ကားပါကင်ထိုးဖို့  နေရာ ကောင်းကောင်းလည်း ရှိပြီး နှစ်ထပ်တိုက်လေးပါ။ အပြင်အဆင်ကလည်း သပ်သပ်ရပ်ရပ်ရှိပြီး အပေါ်ထပ်ကနေ အပြင်ဘက်ကို ကြည့်လိုက်ရင် လှပတဲ့ တောင်တန်းကြီးနဲ့ အတူ ရာသီဥတုကလည်း အေးအေးချမ်းချမ်း နဲ့  ထိုင်ရတာ တော်တော်လေး အဆင်ပြေပါတယ်။

အစားအစာတွေကလည်း တော်တော်စုံပြီး ယိုးဒယား ၊ တရုတ်အစားအစာ ၊ Thai Pot BBQ , cocktail နဲ့  Fresh Juice တွေရပါတယ်။ မီနူးထဲမှာ ပါတဲ့ စားစရာတွေကလည်း တော်တော်လေး စုံတယ်။ Sea food menu တွေကလည်းစုံပြီး one portion (ထမင်း+ဟင်း တစ်ယောက်စာ) menu တွေလည်းရပါတယ်။

ဒါနဲ့  ရွေးစရာတွေများနေတော့ ဘယ်ဟာကို မှာရမှန်း မသိလို့ ဒီဆိုင်မှာ နာမည်ကြီးတယ် ဆိုတဲ့ ၀က်ဂုတ်သားကင်သုပ်ရယ် ၊ sea food တုံယမ်းဟင်းရည် ရယ် ၊ ငါးသံပုရာပေါင်းလေးရယ် ကို ဘော်ဒါက လှမ်းမှာပေးပါတယ်။ တောင်ကြီးမြို့ ရဲ့  အေးမြတဲ့ရာသီဥတုလေးနဲ့ အတူ ဟင်းလျာ အရသာတွေက ချဉ်စပ်နဲ့ဆိုတော့အရမ်းကိုလိုက်ဖက်ပါတယ်။ စားရတာ တော်တော်လေး မြိန်တယ်။ ဟင်းတွေကလည်း အရသာက ကိုယ့်အကြိုက်ပဲ ။

ဈေးနှုန်းတွေကလည်း အသင့်အသင့်ပါပဲ ။
ဝက်ဂုတ်သားကင်သုပ် က ၄၅၀၀ ကျပ်ပါ။ Sea Food တုံယမ်း ဟင်းရည် က ၅၀၀၀ ကျပ်ပါ ။

ငါးသံပုရာပေါင်းက ၇၀၀၀ ကျပ်ပါ။ လူ လေးယောက်လောက် အေးဆေး စားလို့ ရပါတယ်။

ကိုယ်တွေ စားနေတဲ့ အချိန်မှာပဲ တခြား ကမ္ဘာလှည့် ခရီးသွား အဖွဲ့ တွေကော ၊ သီးသန့် Tour အဖွဲ့တွေကော လာစားတာတွေ့ ရတယ်။

ဝန်ဆောင်မှု အပိုင်းမှာလည်း ပျုငှာဖေါ်ရွေတဲ့ ဆိုင်ဝန်ထမ်းများနဲ့အတူ ကျယ်ဝန်းတဲ့နေရာထိုင်ခင်းလေးနဲ့ ဆိုတော့ သက်သောင့်သက်သာရှိပါတယ်။ ဆိုင်လေးက လေဝင်လေထွက် ကောင်းတော့ အေးမြလတ်ဆတ်တဲ့လေကို ရှုရှိုက်ရတယ်။ ဆိုင်ရဲ့ အပြင်အဆင်မှာ ပန်းခြံပုံစံ ပြင်ဆင်မှုနဲ့ အတူ ရေတံခွန်လေးရှိပြီး ထိုင်လို့ကောင်းတဲ့နေရာလေးပါ။

ဆိုင်ရဲ့ ဟင်းလျာတွေရဲ့  အရသာ၊ ၀န်ဆောင်မှု ၊ Car parking ၊ သန့် ရှင်းလတ်ဆတ်မှု ၊ နေရာထိုင်ခင်း အားလုံး ဘာမှပြောစရာမရှိဘဲ တော်တော်လေး အဆင်ပြေတဲ့ My house ဆိုတဲ့ ဆိုင်လေးကို တောင်ကြီး ကို သွားရောက်လည်ပတ်မည့်သူတိုင်း သွားရောက် စားသုံးနိုင်ဖို့  မျှဝေလိုက်ပါတယ်။

“My House Restaurant”
Thai & Chinese Food
အမှတ်(၄၇) ၊ ဆောက်လုပ်ရေးရုံးရှေ့ ၊ ဗိုလ်ချုပ်လမ်း
ကျောင်းကြီးစုရပ် ၊ တောင်ကြီးမြို့  ။
ဖုန်း - 081 200088 , 09 7981 34688