My Lunch Program #1 - ပြည်ကြီးငါး၊ မှို၊ ငရုပ်ပွကြော် 889 views


MyLann ရဲ့ My Lunch အစီအစဉ်ရဲ့ပထမဆုံးနေ့မှကြိုဆိုပါတယ်။ အားလပ်ရက်မှာ ဘာချက်စားရမှန်းမသိပဲစိတ်ညစ်နေပါသလား??? အန်တီစိုးရဲ့လက်ရာအတိုင်း ချက်ကြည့်ရအောင်လား ....

"ပြည်ကြီးငါး၊ မှို၊ ငရုပ်ပွကြော်"
ဟင်းချက်ဝါသနာပါသူများကို အန်တီစိုးစိုးက ကလေး၊လူကြီးကြိုက်တဲ့ ဟင်းလျာတစ်ခွက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

ပြည်ကြီးငါး - ၂၀သား
မှို - ၁၀သား
ငရုပ်ပွစိမ်း - ၂တောင့်
ကြက်သွန်နီ - ၂လုံး
ကြက်သွန်ဖြူ - ၄မွှာ 
ခရုဆီ - ဟင်းခတ်ဇွန်း(၁)ဇွန်း
သကြား၊ ဆား၊ ဟင်းခတ်မှုန့် အနည်းငယ်
ဆီ - သင့်ရုံ
ဂျင်း - လက်တစ်ဆစ်

ဟင်းချက်နည်း

ပြည်ကြီးငါးထဲမှ မျက်လုံး အဆံကိုထုတ်ပါ။ ပြည်ကြီးငါးကိုသန့်စင်ပြီး အနေတော် အရှည်လိုက်လှီးပါ။ ပြီးရင် ဟင်းခတ်မှုန့် အနည်းငယ်ထည့်ပြီး နှပ်ထားပါ၊ (မှတ်ချက် - ပြည်ကြီးငါးထဲတွင် အငံထည့်မနယ်ရပါ။ ပြည်ကြီးငါးထဲတွင် အငံဓါတ် ပါဝင်သောကြောင့် ဖြစ်ပါတယ်။) မှိုကို အနေတော်လှီးပြီး ငရုပ်ပွကို ခပ်ပါးပါး အရှည်လိုက်လှီးပါ။ ကြက်သွန်နီ လေးစိပ်စိပ်ပြီးအဖတ်လေးတွေ ခွာထားပါ။ ဂျင်း နှင့် ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ ကို ဆီသပ်ပါ။ ကြက်သွန်ဖြူ အနည်းငယ်နီလာလျှင် နှပ်ထားသော ပြည်ကြီးငါးကို ထည့်ကြော်ပါ။ ခဏကြာလျှင် ကြက်သွန်နီ၊ မှို၊ ခရုဆီ၊ သကြား၊ ဆား အနည်းငယ်၊ ဟင်းခတ်မှုန့် အနည်းငယ်ထည့်ပြီး မွှေပေးပါ။ ပြီးလျှင် ပါးပါးလှီးထားသော ငရုပ်ပွစိမ်း အုပ်ပြီး အပေါ့အငံမြည်း၍ သုံးဆောင်နိုင်ပါပြီ။ ပြည်ကြီးငါးရဲ့ကြော်ထားတဲ့ ရနံ့ ၊မှိုရဲ့ အချိုဓာတ် ၊ငရုပ်ပွစိမ်းရဲ့ သင်းပျံ့တဲ့ရနံ့တို့က ကလေး၊ လူကြီးကြိုက်တဲ့ ဟင်းလျာတစ်ခွက်ဖြစ်မှာ သေချာပါတယ်။

MyLann အွန်လိုင်းစားသောက်ဆိုင်လမ်းညွှန်
www.mylann.com