My Lunch Program #3 - ရေမုန်ညှင်း၊ ၀က်နံရိုးဟင်းချို အရည်သောက် 824 views


ရေမုန်ညှင်း၊ ၀က်နံရိုးဟင်းချို အရည်သောက်ပါမှ ထမင်းစားချင်သူများအတွက် ဟင်းချိုကောင်းတစ်ခွက်နဲ့ အန်တီးစိုးစိုးက မိတ်ဆက်ပေး လိုက်မယ်နော်။ ပါဝင်ပစ္စည်း ရေမုန်ညှင်း ၁စည်း ၀က်နံရိုး ၂၀သား ကြက်သွန်ဖြူ ၄မွှာ ဂျင်း လက်တစ်ဆစ် ဆား အနည်းငယ် ဟင်းခတ်မှုန့် အနည်းငယ် ဆီ ထမင်းစားဇွန်းတစ်ဝက် ဟင်းချက်နည်း ၀က်နံရိုးကို ရေစင်အောင်ဆေးပြီး ဆား၊ ဟင်းခတ်မှုန့် တို့နှင့် နယ်၍ နှပ်ထားပါ။ ပြီးလျှင် ချက်မည့်အိုးထဲတွင်း ဆီအနည်းငယ်ထည့်၍ ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ၊ ဂျင်းတို့ကို လှိမ့်ပေးပါ ကြက်သွန်ဖြူအနံ့ သင်းလာပြီ ဆိုလျှင် နှပ်ထားသော ၀က်နံရိုးထည့်လုံးပါ။ ရေခမ်းသွားသည့်အခါ လိုအပ် သလောက်ရေထည့်၍အုပ်ထားပါ။ ရေဆူ၍ ၀က်နံရိုးနူးလာသည်အခါ ရေမုန်ညှင်းရွက်ထည့်၍ သုံးဆောင် နိုင်ပါပြီ။ ဂျင်း၊ ကြက်သွန်ဖြူ၊ ၀က်နံရိုးရဲ့ အိုးကင်းပူတိုက်ထားတဲ့ရနံ့၊ ရေမုန်ညှင်းရဲ့ မွှေးကြိုင်တဲ့ရနံ့ဟာ အရမ်း လိုက်ဖက်ညီပြီး ဟင်းချိုကြိုက်သူတို့အတွက် ဟင်းချိုကောင်းတစ်ခွက် ဖြစ်တာသေချာပါတယ်။ ထပ်မံဖြည့်စွက်၍ ပဲပြား ၊ ငရုပ်ကောင်းမှုန့်ဖြူး၍ သုံးဆောင်နိုင်ပါတယ်။