မြန်မာရိုးရာမုန့် 655 views


မြန်မာမုန့် ကြိုက်တဲ့ သူ ဘယ်သူတွေရှိ

အပြင်လမ်းသလားရင်း မုန့် သည်တွေ့ လို့  မြန်မာမုန့် တွေပါလား ဆိုပြီး အပြေးအလွား သွားရောက် ရိုက်ကူး အင်တာဗျူးခဲ့ပါတယ်

အခု ဝယ်စားဖြစ်တဲ့ မုန့် တွေကတော့ မုန့် ခေါပြင် ၊ ရွှေထမင်း နဲ့  မုန့် ဦးနှော်က်ပါ။ တစ်ခုကို ၂၀၀ ကျပ်နဲ့  တစ်ထောင်ဖိုး ၆ခု ထည့်ပေးပါတယ်။ နေရာကတော့ ၄၉ လမ်း အထက် ၊ ဗိုလ်ချုပ်လမ်းမကြီး ဘေးနားမှာ ရှိပါတယ်။ ကိုယ်တွေ မုန့် ပုံတွေလည်း ရိုက်ရော သဒ္ဒါတရားထက်တန်စွာ တစ်ထောင်ဖိုးကို ၇ခုတောင် ထည့်ပေးလိုက်ပါတယ်...

မြန်မာမုန့် အကြောင်းပြောရရင် ကိုယ်တွေငယ်ငယ်ကထဲက ရာသီအလိုက် စားရတဲ့ မြန်မာမုန့် တွေကို စဉ်းစားမိသေးတယ်။ မြန်မာမုန့် တွေကလည်း ရာသီအလိုက်ကျွေးကြတာ ရှိသေးတယ်လေ။ ဥပမာ အခု တပို့ တွဲလမှာ ဆိုရင် ထမနဲ တို့  ကျွေးတက်ကြသလို ၊ သင်္ကြန်ဆိုရင်လည်း စတုဒီတာ အနေနဲ့ မုန့် လုံးရေပေါ်တို့  ၊ မုန့် လက်ဆောင်းတို့  ကျွေးတက်ကြသေးတယ်။

မြန်မာမုန့် တွေက လမ်းဘေးမှာ ရောင်းတဲ့ အသယ် ၊ အထမ်းသယ် စသဖြင့် ရှိသလို ဆိုင်နဲ့ ရောင်းတာတွေ ရှိပါတယ်။ ရန်ကုန်မှာ ဆိုရင်တော့ ရွှေရည် တို့  ၊ ရန်ကင်းက တင်တင်တို့  နဲ့  Ocean ဆိုင်တွေမှာလည်း ရတက်ပါတယ်။ အက်မင်ကတော့ ဖက်ရွက်လေးတွေနဲ့ ထုပ်ထားတဲ့ မြန်မာမုန့် လေးတွေကို ပိုကြိုက်ပါတယ်။ ဆိုးဆေးကင်းပြီး ရာသီအလိုက် စားသုံးရင် ကျန်းမာရေးနဲ့ လည်း သင့်တော်ပါတယ်။

ကဲ MyLann မိတ်ဆွေတို့ ရေ မြန်မာမုန့် ကို ကြိုက်ကြသလား ?
ဘယ်မုန့် ကို ပိုကြိုက်ကြသလဲ ၊ ပြောကြပါအုံးလို

Fred (MyLann)