MyLann & Marrybrown ပူးပေါင်းတင်ဆက်မယ့် "ဆေးရောင်စုံခြယ်ရင်း ၀ါးတီးဆွဲကြမယ်" 1073 views


"ဆေးရောင်စုံခြယ်ရင်း ၀ါးတီးဆွဲကြမယ်"
-----------------------------------------------
MyLann ရဲ့စတုတ္ထမြောက်ပွဲအဖြစ် Marrybrown နှင့်ပူးပေါင်း၍ ချစ်စရာကောင်းတဲ့ (၅ နှစ် မှ ၁၀ နှစ် ကြား) သားသားမီးမီးလေးတွေအတွက် အထူးပျော်ရွှင်ရင်ခုန်စရာ "ဆေးရောင်စုံခြယ်ရင်း ၀ါးတီးဆွဲကြမယ်" ပွဲလေးကို ဒီဇင်ဘာလ၊ (၂၄) ရက် (ဗုဒ္ဓဟူးနေ့) တွင်ကျင်းပမှာဖြစ်ပါတယ်။
ဒီနှစ်ရဲ့ Christmas Eve မှာကျင်းပမယ့် "ဆေးရောင်စုံခြယ်ရင်း ၀ါးတီးဆွဲကြမယ်" ပွဲလေးမှာ သားသားမီးမီးတို့က (၁၅) မိနစ်အတွင်း Marrybrown မှအရသာအရမ်းရှိပြီးသန့်ရှင်းလတ်ဆတ်တဲ့ မုန့်တွေကိုစားရင်း ပျော်ရွှင်စွာ ဆေးရောင်စုံခြယ်ကြရမှာဖြစ်ပါတယ်။ Marrybrown မှ ပြိုင်ပွဲချိန်အတွင်းတွင် ရောက်ရှိလာသောကလေးများကိုလည်း မုန့်များကျွေးမွေးသွားမည်ဖြစ်ပြီးတော့ ခရစ်စ္စမတ်လက်ဆောင်များလည်းပေးသွားမှာဖြစ်တဲ့အပြင် ပြိုင်ပွဲဝင်ကလေးများ ကိုလည်း MyLann နှင့် Marrybrown တို့မှ (Kiddy Meal) ကူပွန်ဆုများချီးမြှင့်မှာဖြစ်ပါတယ်။ 
သားသားမီးမီးတို့အနေနဲ့ဒီပွဲလေးကို ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် သူတို့လေးတွေမှာ တက်ကြွစွာလှုပ်ရှားယှဉ်ပြိုင်လိုစိတ်ဖြစ်ပေါ်လာပြီး ကလေးဘ၀မှာ အမှတ်တရ ကောင်းလေးတစ်ခုရရှိသွားစေဖို့ MyLann နဲ့ Marrybrown တို့ကရည်ရွယ်ပါတယ်။
ဒီပွဲလေးကို ပါဝင် ဆင်နွှဲမယ့် သားသားမီးမီးလေးတွေအတွက် သက်ဆိုင်ရာအုပ်ထိန်းသူက ကလေးရဲ့ နာမည်၊ အသက် နှင့် ဖုန်းနံပါတ်တို့ကို MyLann page ရဲ့ Message Box ကနေပေးပို့နိုင်ပြီး၊ ၀၉၅၄ ၁၆၇၂၉ နှင့် ၀၉ ၇၃၁၅၂၀၂၈ ကိဖုန်းဆက်ပြီး စာရင်းပေးသွင်းထားနိုင်ပါတယ်။
နေ့ရက် - ၂၀၁၄၊ ဒီဇင်ဘာလ၊ (၂၄) ရက် (ဗုဒ္ဓဟူးနေ့)
အချိန် - ညနေ (၃း၀၀ - ၅း၀၀)
နေရာ - ရွှေဂုံတိုင် Marrybrown (ရွှေဂုံတိုင်လမ်းဆုံအနီး)
(အမှတ် ၂၂၀၊ ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့)

Marrybrown - http://www.facebook.com/MarrybrownMyanmar