ငွေကောင်းကင် (Ngwe kaung kin) 844 views


ဒီတပတ်ပိတ်ရက် ကိုတော့ မရောက်ဖြစ်တာကြာပြီဖြစ်တဲ့  ရန်ကင်းမြို့ နယ်ထဲကို ငယ်သူငယ်ချင်းနှစ်ယောက်နဲ့တွေ့ ဖို့  ရောက်သွားတယ်။ သူငယ်ချင်း တွေ တွေ့ တုန်းလေး စကားစမြည်တွေပြောချင်တာလည်းသဘာဝပဲဆိုတော့ အရင်ထိုင်လို့ ကောင်းမဲ့ ဆိုင်လေး နေရာလေးရှာရတာပေါ့နော်။ ဒီလို ချိန်မှာလည်း သိကြတဲ့အတိုင်း လကုန်ခါနီးဆိုတော့ ဈေးနှုန်းသင့်တင့်တဲ့ ဆိုင်လေးကို ရှာရပြီပေါ့။ :P

ထူးတို့  သူငယ်ချင်းစုဝေးရာ နေရာကတော့ ရန်ကင်း ၁၂လုံးတန်းမှတ်တိုင်မှာပါ။သူငယ်ချင်းတွေစကားတပြောပြောနဲ့  လမ်းလျှောက်ရင်း မီးပွိုင့် ရောက်တော့ညာဘက်ကွေ့ပြီး ရန်ရှင်းလမ်း အတိုင်းသွားရင်းသူငယ်ချင်းတယောက် က ဆိုင်လေးတစ်ဆိုင်ကို လမ်းညှိးထိုးပြပါလေရော။ အဲ့ဆိုင်လေးစားကောင်းတယ် နင်တို့  ကြိုက်သွားမှာလို့ ပြောပြီး မျက်နှာချင်း ဆိုင်လေးရှိရာကို သွားဖြစ်ကြတာပေါ့။

ဆိုင်နာမည်က ငွေကောင်းကင် (Ngwe kaung kin) တဲ့ ။ ဆိုင်လေးက သာမန်ပုံစံလေးပါပဲ ။ ဒါပေမဲ့ ထောင်ထားတဲ့ ဆိုင်းဘုတ်က စားစရာနာမည်လေးတွေက ဆွဲဆောင်နေတော့ အဖွဲ့ လိုက် စခန်းချကြပါတော့တယ်။

Foodie သမားပီပီ စားမယ် ပြီးရင် ပွားမယ်ပေါ့နော် :P ဘာတွေရသလဲ ဆိုတာ အသေးစိတ်ကို မီနူးလေး ယူပြီး မှာပါတော့တယ်။ သူမှာကိုယ်မှာနဲ့  တော်တော်စုံသလောက်ဖြစ်မှ Menu ပြန်ပေးလိုက်ရတဲ့အဖြစ်ပါ။

ဒါလေးတွေစားဖြစ်ခဲ့တယ်
‪#‎နာမည်ကြီး‬ ထမင်းဆီဆမ်း
ဒီဆိုင်မှာ ထမင်းဆီဆမ်းက ပဲဆီစစ်စစ်ကိုသုံးထားလို့  မွှေးနေ တာပဲ။အပေါ်မှာ မြေပဲရယ်နှမ်းမဲလေးတွေလည်း ပါတော့ ပိုပြီးစားလို့  ကောင်းသွားတာပေါ့နော်။ ၅၀၀ကျပ်ပါ။ ထမင်းဆီဆမ်းနဲ့ အတူ မှာဖြစ်ခဲ့ ဟင်းအမယ်တွေကတော့ သုံးယောက်ပေါင်းဆိုတော့ တော်တော်လေးစုံသွားတယ်။

‪#‎အာလူးထောင်း‬
ရှမ်းချဉ်၊ကြက်သွန်ဖြူ ငရုတ်သီးစိမ်း၊အာလူးတို့ ကို မွှေ ပြီးရောထားတာပါ။အပေါ်က မြေပဲနှင့်နှမ်းနက်တို့ လည်း ပါဝင်ပါသေးတယ်။ ချဉ်စပ်အရသာလေးကြိုက်နှစ်သက်သူတွေအတွက်ကတော့ အလွန် နစ်သက်မယ့် ဟင်းလာပါ။ ဆိုင်ရဲ့  အရောင်းရဆုံးလို့ လည်းသိခဲ့ရပါတယ်ရှင့်။ တစ်ပွဲကို ၅၀၀ကျပ်ပါ။

‪#‎ဆိတ်သားထောင်း‬
ကြော်ပြီးသား အသားကို ချင်းရယ်ကြက်သွန်ဖြူ နဲ့ ပြန်ထောင်းထားတာပါ။အရသာ ချဉ်စပ်လေးလို ခံစားရပြီး သူကတော့ တစ်ပွဲ၁၀၀၀ကျပ်ပါ။

‪#‎ကြက်သားမွကြော်နှင့်ကြက်သားလုံးကြော်‬
ကြက်သားကိုပြုတ်ပြီး မှ ဂျင်း၊ကြက်သွန်ဖြူ တို့ နဲ့  ပြန်ကြော်ထားတာပါ။ အချို အရသာလေးပါ။ တစ်ပွဲကို ၅၀၀ကျပ်ပါ။ကြက်သားလုံးကြော်ကတော့ တစ်ပွဲမှာလေးခုပါပြီး ၅၀၀ကျပ်ပါ။

# ငါးကက်သလစ်ကြော်
ငါးကြင်းအသားရယ် အာလူးနည်းနည်း ကို ရောပြီးကက်သလစ်ပုံစံလေး ကြော်ထားတာပါ။တစ်ပွဲသုံးခု ပါပြီး ၆၀၀ကျပ်ပါ။ ကလေးတွေအစားများပါတယ်တဲ့။

ဒါလေးတွေပဲစားခဲ့တယ်မထင်ပါနဲ့ နော်။ ဆိုင်လေးရဲ့ ထူးခြားချက်က အစားအစာမျိုစုံကို တခါတည်း မြည်းစမ်းလို့ ရအောင် တစ်ယောက်စားစာ နည်းနည်းစီကို ဈေးနှုန်သက်သာစွာနဲ့  ရောင်းချပေး နေတာပါတဲ့။

‪#‎ငါးဖယ်ပေါင်း‬
ငါးဖယ်အသားကို မုန်လာဥနီရယ်ငရုတ်ကောင်းမှုန့် နဲ့  ကြိတ်ပြီး ရွယ်ရိုရွက်ခင်းပြီး ပေါင်းထားတာပါ။ထည့်ထားတဲ့ ခွက်အပြင်အဆင်လေးကလည်း ချစ်စရာလေးပါ။ အရသာကလည်း ခံစားမှုတခုခု ပေးနိင်ပါတယ်။အချို အရသာလေးပါ။ တစ်ပွဲကို ၁၀၀၀ကျပ်ပါ။

# ကြက်ခြေထောက်ဂွေးတောက်ရွက် ဟင်းချို
ဟင်းချို ရဲ့  အရသာက တခြားဆိုင်တွေနဲ့ မတူသာတော့အမှန်ပါ
ထုံးစံအတိုင်း စပ်စုပြီပေါ့။ ဆိုင်ရှင်အမကလည်း အနားမှာရှိနေတာနဲ့ပဲ စကားတွေပြောဖြစ်ခဲ့ပြန်ရော။ Pressure cooker ထဲမှာဂျင်းအပြားလေးနဲ့ ကြက်သွန်ဖြူ ကိုရောပြီးပေါင်းထားတာပါတဲ့။ကြက်ခြေထောက်ရဲ့ နူးညံ့မှု ရယ် ဂွေးတောက်ရွက်ရဲ့ လတ်ဆတ်မှုတွေကြောင့် အရမ်းကာင်းမွန်တဲ့  ဟင်းကောင်းတစ်ခွက်ပါ။သူလည်းတစ်ပွဲမှ ၅၀၀ကျပ်ပါ။

# အစုံသုပ်
သူငယ်ချင်းတယောက်က ထူးတို့ လို ထမင်း မစားချင်ဘူးဆိုတော့ သူမှာစားလိုက်တာက အစုံသုပ်ပါ။ အချဉ်အစပ်အရသာတည့်ပြီး သန့် ရှင်းမှုကလည်း လက်အိတ်အသုံးပြု နေတာတွေလည်း ကိုယ်တိုင်မျက်မြင် တွေ့ရပါတယ်။ တစ်ပွဲကို ၅၀၀ကျပ်ပါ။

‪#‎ကြက်သားဖက်ထုပ်ကြော်‬
တစ်ပွဲမှာ ၆ခုပါပြီး နှုန်းကတော့ ၈၀၀ကျပ်ပါ။ ငါးဖယ်နဲ့  ကြိုက် နှစ်သက်သူတွေကို လည်းနှစ်သက်ရာ မှာယူနိုင်ပါတယ်တဲ့။
အစားအစာမျိုးစုံကို ကျေကျေနပ်နပ်နဲ့ စုံစုံလင်လင် စားခဲ့ရတာပါ။
ဆိုင်လေးရဲ့  ထူးခြားချက်ကတော့ ဈေးလည်းသက်သာပြီး အမယ်များမျာစားလို့  ရနိုင်တာပါ။ ဘေလ် ရှင်းတော့ ၆၀၀၀ကျော်ကျော်သာကြတာမို့  ဒီလောက်အများကြီးစားမှတယောက် ၂၀၀၀သာကြခဲ့တာပါ။ဆိုင်ရှင်အမနဲ့လည်း စကားတွေပြောကြရင်း မထင်မှတ်ထားတဲ့  အချိုပွဲ လက်ဆောင် နဲ့ လည်းတိုးသွားပါသေးတယ်။၅၀၀၀ဖိုးနှင့်အထက်လာရောက်စားသုံးသူတွေကို သစ်သီး ယိုသုံးမျိုးပါတဲ့ ကိုယ်တိုင်လုပ် အချိုပွဲလေးလက်ဆောင်ပြန်ကျွေးတာပါ။ ဆိုင်ရှင်အစ်မပြောပြချက်အရ ဟင်းတွေအားလုံးမှာ အချိုမှုန့် လုံးဝမသုံးပါဘူးတဲ့။ နေကြာဆီစစ်စစ်သာအသုံးပြုထားတယ်လို့  သိခဲ့ရပါတယ်။

ဒီဆိုင်မှာ ထူးခြားတဲ့ ဝန်ဆောင်မှု တစ်ခုလည်း ပေးပါသေးတယ်တဲ့…။ ဘာလဲဆိုတော့ Meal delivery service ပေးတာပါ။
အချိန်မအားလို့  လာရောက်မစားသုံးနိုင်တဲ့ customer တွေရယ် မနက်ဆို မနက်စာကောင်းကောင်းလေးစားချင်သူတွေ၊ နေ့ လည်စာကို lunch box မှာချင်သူများအတွက်လည်း စီစဉ်ပေးပြီးအော်ဒါတွေလက်ခံပေးနေတယ်ပါတယ်တဲ့။ အသေးစိတ်သိချင်တယ်ဆိုရင်တော့ ဆိုင်ရဲ့  link လေးကို share ပေးထားပါတယ်။ http://bit.ly/28Oi6mR

ဆက်သွယ်ရန်လိပ်စာကတော့
တိုက် ၂၁၇ ရှေ့  ၊ရန်ရှင်းလမ်းမကြီး၊ရန်ကင်းမြို့ နယ်။
၀၉-၄၂၀၀၀၂၉၁၉ နဲ့  ၀၉-၂၅၀၀၁၈၃၀၁ ပါနော်။

Htoo Htoo (MyLann)