“TGIF ပါ… MyLann ဘော်ဒါတို့ရေ “ 675 views


 

ဒီနေ့ကသောကြာနေ့ဆိုတော့ ဘော်ဒါတွေနဲ့ #TGIF လုပ်မယ့်သူတွေ၊ အားလပ်ရက်မှာ လျှောက်သွားကြမယ့်သူတွေ၊ လျှောက်စားကြမယ့်ဘော်ဒါတွေနဲ့ ဒိတ်လုပ်ကြမယ့်သူတွေအတွက် အထူးအစီအစဉ်လေးအနေနဲ့ တစ်ပတ်အတွင်း၊ တစ်လအတွင်း ပရိုမိုးရှင်းပေးထားတဲ့ ဆိုင်လေးတွေကိုစုစည်းပေးနေတဲ့ အစီအစဉ်လေးလာပြီနော်။ အခု ဒီတစ်ပတ်မှာလည်း ဘယ်လိုဆိုင်တွေက ဘယ်လိုပရိုမိုးရှင်းတွေပေးထားလည်း ကြည့်လိုက်ကြရအောင်နော်။

***The Manhattan Fish Market***
The Manhattan Fish Market ရဲ့ ဒုတိယဆိုင်ခွဲဖြစ်တဲ့ Myanmar Plaza တတိယထပ်မှာရှိတဲ့ ဆိုင်လေးမှာ ဆိုရင်ဖြင့် နိုဝင်ဘာလ(၆)ရက်နေ့တစ်ရက်တည်းအတွက် Fish’N Chips တစ်ပွဲကို မူရင်းဈေး (၆၉၀၀)ကျပ်မှ (၂၉၀၀)ကျပ်တည်းဖြင့်သာ ရောင်းချပေးသွားမှာလို့သိရပါတယ်ရှင်။ (၆)ရက်နေ့တစ်ရက်တည်းသာစားသုံးနိုင် မှာဖြစ်ပြီးတော့ နေ့လည်(၁၁)နာရီမှ ည(၈)နာရီအထိပဲတဲ့နော်။

***Rangoon Tea House***
Rangoon Tea House က အထူးပရိုမိုးရှင်းအစီအစဉ်လေးအနေနဲ့ နိုဝင်ဘာလ (၅)ရက်နေ့မှ (၁၁)ရက်နေ့ အတွင်း လာရောက်အားပေးသူ Customer တွေကို 20% Discount ပေးသွားမှာပါတဲ့ရှင်။
RTH ရဲ့မူလဆိုင်နေရာပထမထပ် မှ မြေညီထပ်သို့ ပြောင်းရွှေ့ဖွင့်လှစ်ထားကြောင်းလည်း သိရပါတယ်ရှင်။
လိပ်စာက အမှတ် ၇၇/၇၉၊ မြေညီထပ်၊ ပန်းဆိုးတန်းမှာပါ။

***Sar Mal Hot Pot & BBQ***
စားမယ်မှာတန်ဆောင်တိုင်ပရိုမိုးရှင်းအနေနဲ့ နိုဝင်ဘာလ (၃)ရက်နေ့မှ (၁၃)ရက်နေ့အထိကို (၅)ဦးလာ၊ (၁)ဦး Free ဆိုတဲ့ ပရိုမိုးရှင်းလေးရှိနေပါတယ်နော်။ (သဘောက (၅)ယောက်စား၊ (၄)ယောက်စာဖိုးပဲရှင်းရမှာပါ။ )

***Mix Restaurant & Bar***
Mix မှာကတော့ အောက်တိုဘာလရဲ့ စနေ၊ တနင်္ဂနွေ နေ့တိုင်းမှာ နေ့လယ် ၂ နာရီမှ ညနေ ၅ နာရီအတွင်း Food Only 20% Discount ပေးနေတဲ့အစီအစဉ်လေးရှိပါတယ်တဲ့ရှင်။

***Bulgogi Brother***
Bulgogi မှာကတော့ လာရောက်စားသုံးပြီးကျသင့်တဲ့ Total Bill 100,000Ks နှင့်အထက်စားသုံးသော customers များအား10,000Ks တန်Gift Voucher များကိုလက်ဆောင်အဖြစ်ပေးအပ်သွားမှာပါတဲ့ရှင်။

***Imperial Garden***
3-6 November 2016
Mala Seafood Pot Promotion
15% discount 12,325 ks !!
Best Seafood Deal!

***Hungry Bird***
Hungry Bird ကဆိုင်ဖွင့်ပွဲအနေနဲ့ အောက်တိုဘာ(၁၅)ရက်နေ့မှ နိုဝင်ဘာ(၁၅)ရက်နေ့အထိ လာရောက်စားသုံးသူ Customer တိုင်းကို 20% Discount ပေးနေပါတယ်တဲ့ရှင်။
ဆိုင်လိပ်စာက အမှတ်(၁၅၈)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်မှာပါ။

MyLann Team

#myLann #OnlineRestaurantDirectory #OnlineFoodGuide #Foodinyangon #FoodieMyanmar #WeeklyPromotion #Promotion