သူငယ်ချင်းတို့ Pearl Condo ဘက်မှာအေးအေးဆေးဆေးထိုင်ချင်ရင် ‘Outer Room’ ဆိုတဲ့ဆိုင်လေးရှိတယ်။ 778 views


ဒီဆိုင်လေးကတော့ Pearl Condo အပြင်ဘက်ခြမ်းလေးမှာရှိပါတယ်။ ဆိုင်က အေးအေးဆေးဆေးရှိပြီး Mexican အစားအစာတွေအဓိကရပါတယ်။ Restaurant လည်းဟုတ်သလို Bar Type မျိုးလေးဆိုလည်း ဟုတ်ပါတယ်။ ကိုယ့်အနေနဲ့ အလုပ်ကိစ္စဖြစ်စေ၊ အကြောင်းတခုခုကြောင့် အေးအေးဆေးဆေးနေရာလေး တစ်ခုရှာနေတဲ့သူတွေအတွက် ဒီ Pearl Condo ကဆိုင်လေးကိုပြန်ညွှန်းပေးခဲ့တာပါ။ ဒီမှာ လာထိုင်ကြတာ မြန်မာတွေနည်းတယ်။ များသောအားဖြင့်က Foreigner တွေလာကြတာများတယ်။ နားအေးပါးအေးရှိပြီးဆိုင်ရဲ့ပုံစံလေးကတစ်မျိုးလေးပဲ။ ဆိုင်ရဲ့အလယ်ခေါင်တည့်တည့်မှာ Bar Counter အဝိုင်းကြီး ရှိတယ်။ သောက်မယ်ဆို အဲ့ဒီမှာထိုင်လဲရတယ်။ နောက်အဲ့ဒီလိုမှမဟုတ်ရင်လည်း စားပွဲဝိုင်းလေးတွေရှိသေးတယ်။ သီးသန့်ထိုင်ချင်ရင်တော့ VIP Room လေးရှိတယ်။ သူ့ VIP Room ကအဆန်းနော်။ ခုံအဝိုက်လေးကိုမှ ဘေးက ကန်လန့်ကာလေးနဲ့ကာပြီးထိုင်လိုက်ရုံပဲ။ သွားတဲ့ထဲမှာ ကာရာအိုကေဆိုချင်တဲ့သူပါရင်လည်းအပေါ်မှာအခန်းရှိတယ်။ အဲ့ဒီအခန်းကတော့ တစ်နာရီကို (၂၀၀၀၀)တဲ့။ (၁၅)ယောက်လောက်တော့ဆံ့မယ်ထင်တယ်။ အဲ့ဒီမှာလဲ ဟဲချင်ဟဲလို့ရတယ်ပေါ့။ ဒီကအစားအစာတွေက အဓိကအားဖြင့် Mexican Food တွေများတယ်။ နိုင်ငံခြားသားဧည့်သည်တွေတော့ အကြိုက်များကြတယ်။ လာထိုင်တာများတယ်။ အကယ်၍သူတို့ကိုဧည့်ခံဖို့နေရာရှာနေရင်တော့ ဒီနေရာနဲ့ ကွက်တိပဲထင်ပါတယ်။ ပြီးတော့ ဒီဆိုင်မှာ Wifi ရတဲ့အတွက် စားရင်းသောက်ရင်းအလုပ်လုပ်မယ်ဆိုလဲ အဆင်ပြေတာပဲ။ ထူးခြားတာနောက်တစ်ခုက ဆိုင်ကမနက်(၁၀)နာရီမှာစဖွင့်တယ်။ ညဆိုရင်လည့်း  ဥာဉ့်နက်သန်းခေါင် (၂)နာရီလောက်အထိဖွင့်တယ်။ ကိုယ်စားခဲ့တာမှာဆိုရင် Taco Rice – ဒါလေးက American နဲ့ Japan စတိုင်ပေါင်းထားတဲ့ပုံစံ (အရသာ)မျိုး။ ထမင်းကိုလည်းကျွတ်ကျွတ်လေးဖြစ်အောင်လုပ်ထားတယ်။ Salad လေးပါတော့ အချို၊အချဉ် ကြိုက်တဲ့သူအတွက် လည်းအဆင်ပြေတယ်။ ပူပူနွေးနွေးလေးစားရင်ပိုကောင်းတယ်။ သူကတော့ ဈေးနှုန်း (၉၂၀၀)ပေးရတယ်ဗျ။။ နောက် Mentaiko Spaghetti သူကတော့ ကိုယ်စားခဲ့တဲ့ဟာလေး။ ဒီဆိုင်ရဲ့ Signature လေးလည်းဖြစ်တယ်။ ဒီထဲမှာ ငါးဥလေးတွေလည်းပါတော့ စားရတာလည်း ထုတ်ထုတ် ထုတ်ထုတ်နဲ့။ အဲ့ဒီအပြင် ပုစွန်လည်းပါတယ်။ ခေါက်ဆွဲသားလည်းအိအိလေးနဲ့ Mayonese လေးလည်းပါတော့ ဆိမ့်ဆိမ့်လေးပဲ။ ဈေးနှုန်းကတော့ (၁၃၆၀၀)တဲ့။ နောက် Chicken Jambaraya - ဒီထဲမှာ ဆလပ်ရွက်၊ ကြက်သား၊ ပဲပင်ပေါက်၊ တရုတ်နံနံ၊ ခရမ်းချဉ်သီး အဲ့ဒါတွေပါတယ်။ အဲ့ဒါတွေကိုမှ အပေါ်က ချိစ့်လေးလည်းလောင်းပေးထားသေးတယ်။ ဒါလည်း American Food တစ်မျိုးပဲ။ စီးစီးလေးနဲ့ အရသာကမအီမစိမ့်လေး။း အမြည်းအနေနဲ့စားမယ်ဆို Bagnacauda ဒါလေးမဆိုးဘူး။ သံလွင်သီးကိုမှ ဘယ်လိုဘယ်လိုလုပ်ထားလဲမသိ။ အဆီနဲ့ အနှစ်ပုံစံမျိုးလေး။ အဲ့ဒါကိုမှ ဥနီ၊ သခွါးသီး၊ မုန်ညင်းရွက်တွေနဲ့ တို့စား။ ကျွတ်ကျွတ် ကျွတ်ကျွတ်နဲ့ တော်တော်လေးစားကောင်းတယ်။ အသီးကျွတ်ကျွတ်လေးကိုမှ အနှစ်ဆိမ့်ဆိမ့်လေးနဲ့စားရတဲ့သဘောလေးပဲ။ သူကတော့ (၇၂၀၀)တဲ့။ နောက် Avocado Salad - ပုစွန်၊ ခရမ်းချဉ်းသီး၊ ဆလပ်၊ အာလူးမွှချောင်းတွေနဲ့ ထောပတ်သီးဆိမ့်ဆိမ့်လေးတွေပါတယ်။ Mayonese နဲ့ Wasabi လည်းပါပြီး ပေါ့ပေါ့ပါးပါးစားလို့ရတဲ့ Salad လေးပဲ။ ဈေးနှုန်းကတော့ (၉၆၀၀)ကျပ်ပါ။

တစ်ခါတစ်လေကျရင် ဆိုင်မှာ ဘီယာပုလင်းလေးတွေနဲ့ ဆော့ပြတယ်။ ကိုယ်တောင်ကြုံလို့ကြည့်ခဲ့သေးတယ်။ ပုလင်းသုံး၊လေးလုံးလောက်ကို လက်နှစ်ဖက်နဲ့လှည့်ပြ ဆော့ပြနေတာ ကြည့်လို့တော့ကောင်းသား။

ဒီဆိုင်ကအစားအစာတွေက Mexican Type ဆိုတော့ မြန်မာတွေရဲ့ခံတွင်းနဲ့ဆိုရင် စားနေကျပုံစံမျိုးမဟုတ်တော့ တစ်မျိုးလေးတော့ ဖြစ်နေလိမ့်မယ်။ သို့ပေမယ့်လည်း နိုင်ငံခြားသားဧည့်သည်တွေကို ဧည့်ခံဖို့အတွက်နဲ့ Mexican Food ကြိုက်တဲ့သူတွေအတွက်တော့ ဒီဆိုင်လေးက အဆင်ပြေမှာပါ။ Honey (MyLann) #MyLann #Online_Restaurant_Directory #Online_Food_Guide #Food_Review_in_Yangon #Foodie_Myanmar #Food_Review #Food_Lover #Food_Crazy #Outer_Room #Mexican_Food #Mexican_Restuarant #Bar #Honey_Foodie