ပေါက်ကံ သို့ အလည်တခေါက် (ဒါမှမဟုတ်) ပေါက်ကံ Tour 1330 views


ပြည်သူ့ရင်ပြင်အပေါက်ဝနားက ပေါက်ကံညဈေးတန်း ကိုဘယ်သူတွေသွားပြီးပြီလဲ ? မေးလဲမေးချင်တယ်။ မေးလဲမေးလိုက်ပြီ

 

ဟီးဟီး….. ကိုယ်ကတော့ရောက်ခဲ့ပြီမို့ ဒီမှာ ဘာဆိုင်တွေရှိလဲ၊ ဘာအစားအစာတွေရလဲ၊ ဘာထူးထူးခြားခြားရှိလဲ အကုန်ပြန်ပြောပြမှာမို့….. ကိုယ့်ဘော်ဒါတွေကိုသာ Tag တွဲဖို့ ပြင်ထားကြလော့…..

 

စားသောက်ဆိုင်ပေါင်း (၃၀)နီးပါးလောက်ရှိတဲ့ ဒီ ပေါက်ကံညဈေးတန်းကဆိုရင် ညဈေးတန်းဆိုပေမယ့် မနက် (၁၁)နာရီထဲကနေ ည(၁၁)နာရီအထိဖွင့်တယ်။ သူကအခြား Food Court တွေအတိုင်း ငွေသားနဲ့ Coupon လဲစားရတဲ့ပုံစံမျိုး။ ကူပွန်ကိုတွေ့တော့ ဘာကိုသတိရသလဲဆို ကိုယ်တွေငယ်ငယ်က မိုနိုပိုလီဆော့တုန်းက ငွေသားတွေလိုပဲ။ ဟီး…… ကိုယ်စားချင်တာကို ကိုယ်ကြိုက်တဲ့ဆိုင်ကနေရွေးဝယ်။ ပြီးရင်ကြိုက်တဲ့နေရာမှာ ထိုင် ခုံလေးတွေ ပုံကြီးရှိတယ်။ ဝန်းကြီးကလည်းကျယ်သလို ဝန်းထဲမှာလည်း အပင်တွေ၊ အပင်ရိပ်တွေနဲ့ ဆိုတော့အေးချမ်းတယ်။ နောက် သစ်ပင်တွေကြားထဲမှာမှအပေါ်မှာမီးလုံးလေးတွေကို ခေါင်းလောင်းပုံစံ လေးတွေပြင်ပြီးချိတ်ထားတယ်။ ပုသိမ်ထီးလေးတွေကိုလည်း အပင်တွေမှာအလှဆင်ထားသေးတယ်။ ညနေဘက်ဆို အရမ်းလှတာ။ ပုံစံလေးကလည်းချစ်စရာကောင်းနေသလို လေလေးကလည်းတဟူးဟူးနဲ့။  ထိုင်လို့အရမ်းကောင်းတယ်။

 

ရန်ကုန်မှာတစ်နေရာရာသွားရင် ကားတွေကကြပ်။ ပြီးရင်လဲ ရုံးပိတ်ရက်တွေဘာတွေဆို သွားစရာနေရာက သိပ်မရှိတော့ဘူး။ ဘယ်သွားလို့သွားရမှန်းမသိ။ ကိုယ်ဆိုအမြဲအာ့လိုဖြစ်နေတာ။ အခုတော့ ဒီနေရာလေးက  အကုန်လုံးနဲ့အဆင်ပြေမှာပါ။ ဘာလို့ဆို ပုံမှန်ကိုယ်ထိုင်ရင် စားနေသောက်နေကျလိုပုံစံမျိုးမဟုတ်တာရယ်၊ လေကောင်းလေသန့်လေးရှူရှိုက်ရင် ထိုင်လို့ကောင်းတဲ့အတွက် အားလုံးအားလုံးသော သူငယ်ချင်းတွေ အတွက် ဒီနေရာလေးက အမိုက်စားလေး။

 

အခြားသူတော့မသိဘူး။ အက်မင်ဆို စိတ်ဖိစားမှုတွေ၊ အာရုံနောက်တာတွေ မကြာခဏဆိုသလို ကြုံရတယ်။ ဘယ်သွားလို့သွားရမှန်းမသိတာတွေ။ နောက် သူငယ်ချင်းတွေကလည်းလူများတော့ တစ်ယောက်က ဟိုဟာစားချင်၊ တစ်ယောက်ကဒီဟာစားချင်နဲ့။ တော်တော်လေးကို ရွေးရခက်၊ စဉ်းစားရသိပ်ခက်တယ်။ အဲ့ဒီအခါ သူငယ်ချင်းတွေနဲ့တွေ့ဖို့ချိန်းရင် တစ်ခါကနေ နှစ်ခါ၊ နှစ်ခါကနေ သုံးခါဆို သွားစရာနေရာကလည်း ရှား။ အခုတော့ အဲ့ဒီလိုဒုက္ခတွေကဝေးပြီ။ ကိုယ်စားချင်တာကို ကိုယ်တိုင်ဝယ်ပြီးစားနိုင်ပြီ။ အကြိုက်မတူလို့ မတွေ့ရတာကြာတဲ့ သူငယ်ချင်းတွေနဲ့လည်း ဒီနေရာလေးမှာ တစ်စုတစ်ဝေးထဲတွေ့နိုင်ပြီ။

 

ဒါနဲ့ အရေးကြီးဆုံးတစ်ခု… အဲ့ဒါကဘာလဲဆို ဘတ်ဂျက်ကိစ္စ။ ဈေးကြီးလား၊ ဘာညာ သိချင်တဲ့သူတွေလည်းရှိ ရင်ရှိနေမှာ။ ဒီမှာက လူတစ်ယောက်ကို (၃၀၀၀)ကနေ (၅၀၀၀)လောက်ဆိုရင် အေးဆေးစားလို့ရတယ်။ ပျမ်းမျှပေါ့နော်။ တစ်ယောက်တစ်မျိုးမစားပဲ အားလုံးဝိုင်း Share စားမယ်ဆိုရင်လည်း Total အဲ့လောက်ပဲ ကျပါတယ်။ (အက်မင်စားခဲ့တဲ့ဆိုင်တော့ နောက်နေ့မှပြန်ရှဲပေးတော့မယ်နော်)

 

နောက် သူက သောကြာ၊စနေ၊တနင်္ဂနွေညဘက်တွေဆို Unplug လည်းရှိတယ်တဲ့။ အဲ့ဒီအပြင် လေယာဉ်ကြီး နှစ်ခုကြားထဲမှာလည်း Night Bazaar လုပ်မှာတဲ့။ အဲ့ဒီမှာဆိုလည်း Sovenior Shop တွေပါမှာတဲ့။ အမှတ်တရလက်ဆောင်ပစ္စည်းဆိုင်တွေမနည်း ပါဝင်ကြမှာတဲ့။ ဆိုတော့……. ဒီနေ့ကလည်း သောကြာနေ့

TGIF ကို ဘယ်နေရာရွေးကြမလဲ မတွေးနဲ့တော့……. 

 

ဒီမှာ ဘာဆိုင်တွေရှိသလဲဆို…..

  • Mr.Chick - သူကတော့ကြက်ကင်ဆိုင်ပါ။ ဆိုင်ရှေ့မှာလည်း ကြက်ကောင်လိုက်ကြီးတွေကင်ပြထား တယ်။
  • Porky - ဆိုင်ပုံစံလေးက ပန်းရောင်လေးကိုမှ ချစ်စဖွယ်ပုံစံလေးနဲ့။ သူကတော့ ဝက်သားတုတ်ထိုး ရတယ်။ စိတ်ပါရင် ကြာဇံကြော်ပါဆွဲလို့ရတယ်။
  • အင်းလေးအမှတ်တရ - သူကတော့အားလုံးသိပြီးသားအတိုင်း အင်းလေးအစားအစာတွေရတယ်။ ရှမ်းခေါက်ဆွဲ၊ မြီးရှည်၊ ဝက်သားချဉ်၊ တို့ဟူးကြော်၊ ဘာညာအကုန်ရတယ်။
  • Best Friend Japanese Food - ဆူရှီအပြင် အခြားဂျပန်အစားအစာတွေအစုံရတယ်။
  • The Sip - ရာသီပေါ်အသီးဖျော်ရည်တွေနဲ့ Smoothies တွေရတယ်။
  • I-Cha - သူ့မှာတော့ Bubble Tea ချိုချို၊ အေးအေး၊ မွှေးမွှေးလေးတွေရှိတယ်။
  • PK - ဒီဆိုင်လေးကတော့ Can Drinks တွေအကုန်အစုံရတယ်။
  • မြိတ် - ကတ်ကြေးကိုက်။ ကတ်ကြေးကိုက်နဲ့ ပင်လယ်စာအသုပ်တွေရတယ်။
  • Munchies – Fries & Puff တွေရတယ်။
  • ပန်းတော်ဝင် - တရုတ်အစားအစာတွေအစုံရတယ်။ အကြော်တွေ၊ အသုပ်တွေ။
  • ရွှေရိုးရာ - ဒါလည်းရိုးရာအစားအစာဆိုင်ပဲ။ ကချင်အစားအစာနဲ့ ရခိုင်အစားအစာတွေ ရတယ်။
  • Rice Bowl - သူကတော့ One Portion ပုံစံလေးတွေနဲ့ အစားအစာအစုံရတယ်။ အမျိုးအစားလဲ စုံတယ်။ ကင်ချီထမင်းကြော်လဲရသလို၊ ပုန်းရေကြီးထမင်းသုပ်တို့ဘာတို့လဲရတယ်။
  • The Golden Pot - သူကတော့ မာလာဟော့ပေါ့ဆိုင်။ ဟော့ပေါ့အိုးသေးသေးလေးတွေနဲ့ ဟော့ပေါ့။
  • H2K - ဆိုတာကတော့ ယိုးဒယားအစားအစာဆိုင်လေး။ ချဉ်ချဉ်စပ်စပ်နဲ့ ယိုးဒယားအစားအစာစားချင် သူတွေအတွက်နော့

 

  • The Finger - သူ့မှာ ကချင်ရိုးရာအစားအစာတွေအစုံရပါတယ်။ ချဉ်စော်ကားသီးဖျော်ရည်တို့ သုံးမျိုးစပ်ဖျော်ရည်တို့လဲရတယ်။
  • YGN -  ဒီမှာတော့ ကြက်ကြော်ရတယ်။ ပြီးတော့ Hot Dog, Franchies နဲ့ ဘာဂါ။ CoLa လဲရတယ်။
  • The Crab -  ဒီဆိုင်လေးကတော့ Online မှာနာမည်ကြီးပြီးသားဆိုတော့ သိကြမလားပဲ။ ဂဏန်းနဲ့ပတ်သတ်တဲ့ ဟင်းပွဲအကုန်အစုံရတယ်။ ဂဏန်းချဉ်စပ်၊ ဂဏန်းမဆလာ ဘာညာ….
  • ငပလီ - ဒီမှာတော့ ရခိုင်မုန့်တီချဉ်ချဉ်၊ ငံငံ၊ စပ်စပ် ကြိုက်တဲ့သူတွေအတွက်ပါ…..။
  • Cool Kids - ကိုရီးယားစတိုင်လေးနဲ့ တော့ပူကီနဲ့ ငါးအသားပြားစားချင်တဲ့သူတွေအတွက်

 

  • မိုး - ကြာဇံချက်လေးနဲ့ ဒုတ်ထိုးလေးတွေ ငယ်ငယ်ကစားခဲ့သလို စားချင်ရင် ဒီမှာစားပါ။
  • Shisha Now - ဒါလေးကတော့ ShiSha ချစ်သူတွေအတွက်…..
  • စကားဝါ - ဒီမှာလက်ဖက်ရည်ရတယ်။ ပြီးတော့ မြန်မာမုန့်တွေလည်းအစုံရတယ်။
  • Cake Gallery - ကိတ်နဲ့ Snack တွေရတယ်။
  • Elephant - ရေခဲမုန့်စားချင်တဲ့သူတွေအတွက် Elephant ရှိတယ်။
  • Silver Mountain - ဒီမှာတော့ Seafood BBQ ရတယ်။

 

ဆိုင်ကလည်းတော်တော်စုံတယ်။ အစားအစာလည်းအမယ်ပေါင်းမနည်းဘူး။ ဂျီးများတဲ့ဘော်ဒါတွေနဲ့လည်း အေးဆေးတွေ့နိုင်ပြီ။ ဈေးနှုန်းလည်းသင့်တင့်လို့  MyLann ကအားလုံးအတွက် ပြန်ရှဲပေးလိုက်ပါပြီ……

 

Honey (MyLann)

 

#MyLann #Online_Restaraurant_Directory #Online_Food_Guide #Food_Review_in_Yangon #Foodie_Myanmar #Food_Lover #Food_Crazy #Food

#Pauk_Kan #Night_Bazaar #Food_Court