ပြည်ထမင်းသုပ် 761 views


မနေ့က ၅၁ လမ်း IT လက်ဖက်ရည်ဆိုင်ရောက်ဖြစ်တယ်…ဗိုက်ဆာနေတာနဲ့ အဲ့မှာ ပြည်ထမင်းသုပ် မှာစားဖြစ်တယ်။

ပြည်ထမင်းသုပ် ပထမဆုံးအကြိမ်စားဖူးလို့လားမသိဘူး စားလို့တော်တော်ကောင်းတယ်။ ထမင်းသုပ်ဆိုပေမဲ့ ထမင်းအပြင် တိုဟူး၊ မုန့်ဖတ်၊ ငါးဖယ်၊ မြေပဲ၊ ခရမ်းချဉ်သီးရယ် ဂေါ်ဖီထုပ်လည်းပါတယ် အဲ့တာတွေကိုရောပြီးသုပ်ထားတာ။ သခွါးသီးလည်းပါသေးဗျ တစ်ပန်းကန်ဘဲဆိုပေမဲ့ တစ်ယောက်စာတော့ ဗိုက်ကားနေအောင်စားလို့ရတယ်။

ဈေးက တစ်ပွဲ ၁ဝဝဝ ပဲဆိုတော့ လူတိုင်းစားနိုင်တဲ့ဈေးဖြစ်ပြီး အရတာလည်းကောင်းတယ်။ကိုယ်ကတော့ ကြက်ဥကြော်လေးနဲ့ မှာစားဖြစ်တယ်။ စားကြပါအုံးလား...

Htain Lin ( MyLann)