Rakhine Mont Te 775 views


မနေ့က လှည်းတန်း ဆင်ရေတွင်း ရောက်တုန်းရောက်ခိုက်ဆိုပီး အဲ့ဒီနားပတ်ဝန်းကျင်လှည့်ပတ်ကြည့်ရင် ဆင်ရေတွင်းရခိုင်မုန့်တီဝင်စားဖြစ်တယ်….သူ့ရခိုင်မုန့်တီက စားရတာ တမျိုးလေးနဲ့ တော်တော် ကောင်းတယ်ဗျ…အဲ့တာနဲ့ စိတ်ဝင်စားပြီး ရခိုင်မုန့်တီချက်နည်းလေးမေးဖြစ်တယ်။

ရခိုင်မုန့်တီကို ကိုယ်တိုင်ချက်ပြုတ် လုပ်စားမယ့်သူတွေအတွက် ရခိုင်မုန့်တီ လုပ်နည်းလေးက

ရခိုင်မုန့်တီလုပ်မယ်ဆိုရင် အရေးကြီးဆုံးက ဟင်းရည် ပါပဲ
ဟင်းရည်မကောင်းရင် အရသာလုံးဝ မရှိတော့ဘူး။
ဟင်းရည်ကောင်းကောင်းတစ်ခွက်ရဖို့က ဆား၊ အရသာမှုန့်နဲ့ ငရုတ်ကောင်းစေ့လှော်ကို ကြက်သွန်ဖြူနဲ့ရောထောင်းပြီး ဟင်းရည်ထဲကိုရောချက်ရပါမယ်။

ဟင်းရည်လုပ်တဲ့အခါ အရေးအကြီးဆုံးကတော့ ထည့်တဲ့ ငါး ပါပဲ ရခိုင်မုန့်တီရဲ့ အသက်က သုံးတဲ့ငါးပေါ်အများကြီးမူတည်ပါတယ်။

ကျနော်တို့ကတော့ ရခိုင်အခေါ် သင်္ဘောဖေါက်ငါး၊ မြန်မာအခေါ် ငါးရွှေ ကိုသုံးပါတယ်။

ပြီးတော့ ကြက်သွန်နီကို ဆီပူပူနဲ့ ကြော်ထားပါ။

ကဲ ဒါဆိုရင် သင်ရခိုင်မုန့်တီ လုပ်စားလို့ရပါပြီ။
အပူအစပ်ချဉ်ချဉ်လေးကြိုက်သူတွေအတွက် ငရုပ်သီးထောင်း၊ ငပိထောင်းနဲ့ မန်ကျည်းချဉ် လေးတော့လုပ်ရပါမယ်။

Htain Lin ( MyLann)