အဝင်းတို့၊ မေရီတို့ခဏလေးဖယ်… :P စားဖို့သောက်ဖို့အတွက် တောင်ဥက္ကလာမှာရှိတဲ့ဆိုင်တွေစုပေးထားတယ် 5643 views


ဒီပို့စ်လေးကိုဖတ်ပြီးရင် တောင်ဥက္ကလာမှာနေတဲ့အယ်ကိုတွေ၊ အယ်မတွေကတော့ စားစရာတွေများလို့ ဂုဏ်ယူလိုက်ပါ… တောင်ဥက္ကလာမှာနေတဲ့သူငယ်ချင်းတွေရှိရင်တော့ မန့်ရှင်းခေါ်ပြီးလိုက်ကျွေးခိုင်းပါ…

 

အရပ်တကာလှည့်စားလိုက်တာ… အခုဆိုရင်တော့ တောင်ဥက္ကလာဘက်ကိုခြေဆန့်ဖြစ်ခဲ့ပါပြီ အရင်တစ်ပတ်က တောင်ဥက္ကလာမှာဘာစားကောင်းလဲ မေးပြီး ဆိုင်တော်တော်များများလည်းသွားစားလိုက်တယ်။ အဲ့ဒီမှာမှလူစားများတဲ့ဆိုင်လေးတွေ၊ စားကောင်းတဲ့ဆိုင်လေးတွေကို MyLann ကနေ ပြန်ပြီးး Share ပေးသွားပါမယ်။ ဒါလေးဖတ်ပြီးရင်တော့ တောင်ဥက္ကလာမှာနေတဲ့ ဘော်ဒါတွေကို တစ်ယောက်မကျန် မန်းရှင်းခေါ်ပြီး လိုက်ကျွေးခိုင်းပေတော့ပဲ….

 

အရင်ဆုံးတောင်ဥက္ကလာမှာမသိသူမရှိတဲ့ဆိုင်လေးတွေပြောပြမယ်

 

၁) ကျောက်ဖြူ ရခိုင်မုန့်တီနဲ့ ပင်လယ်စာ - ပုဏ္ဏမီမှတ်တိုင်နားမှာရှိပါတယ်။ ဒီဆိုင်လေးကကောင်းလွန်းလို့ တောင်ဥက္ကလာကသူတွေတောင်မကပဲ အခြားနေရာကသူတွေပါ လမ်းကြုံရင်စားကြတယ်။ အက်မင်တို့ဆို လမ်းမကြုံလည်းကြုံအောင်လုပ်ပြီးစားလိုက်တယ် :P

ပုဏ္ဏမီမှတ်တိုင်နားမှာပဲ ဝက်သားတုတ်ထိုးဆိုင်ကောင်းကောင်းလေးတစ်ဆိုင်ရှိသေးတယ်။

၂) အညာသွေး - ဒါလည်းနာမည်ကြီးပဲ။ ဒီက ဝက်ချစ်သူတိုင်းသိကြမယ့်ဆိုင်လေးပါ :P ဝက်ခေါင်းသုပ်တို့၊ ဝက်ထမင်းပေါင်းတို့တော့ အက်မင့်အကြိုက်ပဲ။ ကျောက်မြောင်းထဲမှာလည်း အညာသွေးဆိုင်ခွဲရှိသေးတာပဲနော့

၃) ငွေတောင် - သူလည်းတရုတ်အစားအစာတွေရတယ်။ အဲ့ဒီကကြေးအိုး၊ ကြေးအိုးဆီချက်ကတော့ လူကြိုက်အများဆုံးပဲ

၎) ပဒေသာလမ်းဆုံမုန့်ဟင်းခါး - သူကတော့မုန့်ဟင်းခါးကြိုက်တဲ့သူတိုင်းသိပ။ နီးနီးဝေးဝေး မုန့်ဟင်းခါး ဆို အဲ့ဒီမှာပြေးပြေးစားကြတယ်။

၅) နန္ဒာဝန်ဈေးနားက ပညာလမ်းအသုပ်ဆိုင် - သူကလည်းနာမည်အကြီးဆုံးတွေထဲပါတယ်။

၆) နန္ဒာဝန်ဈေးရှေ့ကပဲ ဦးလေးကြီးဝက်ဆီဖက် သူလည်းမသိသူမရှိ။ နာမည်ကြီးပဲ…

၇) အောင်ရတနာဆေးရုံနားက စည်တော်ကြီးလက်ဖက်ရည်ဆိုင်။ သူ့လည်းလူတိုင်းလိုလိုသိကြပါတယ်။

၈) သစ္စာလမ်းမပေါ်(၃)ရပ်ကွက်မှာ Saint Food Channel ရှိတယ်။

၉) တောင်ဥက္ကလာဘုရားရှေ့မှာ စနဲ ဆိုတဲ့ ရခိုင်အစားအစာဆိုင်ရှိသေးတယ်။

၁၀) 101 Myanmar Café - ဒီဆိုင်လေးကတော့ မနက်စာအတွက်ဆိုရင်လည်း ကောက်ညှင်းပေါင်းတို့ ငါးခြောက်ဆီဆမ်းအဲ့လိုမျိုးလေးတွေရတယ်။ နေ့လည်စာအတွက်ဆိုရင်လည်း ထမင်းနဲ့ မြန်မာဟင်းတွေရတယ် ထမင်းနဲ့ဟင်းကိုမှ အရံဟင်း၊ အရည်သောက်တွေနဲ့ အဝစားကိုမှ တစ်ယောက် (၂၀၀၀)ဆိုလားပဲ အဲ့မှာ။ ဆိုင်က  ဗြဟ္မစိုရ်လမ်း၊ (၆)ရပ်ကွက်၊ တောင်ဥက္ကလာမှာပါ။

 

ထိုင်းစာစားချင်ရင်

- မြင်သာ(၅)လမ်းထိပ်နားမှာ Yuki Thai ရှိတယ်။

- ရတနာလမ်းမပေါ်မှာ မြနန္ဒာ ထိုင်းဆိုင်ရှိသေးတယ်။

- နောက် သဘာဝ ထိုင်းဆိုင်ဆိုတာလည်းလူစားများတယ်။  ထိုင်းစာဆိုရင်သူ့ကို အရင်ဆုံးပြေးမြင်ကြတာပဲ။ ပုဏ္ဏမီမှတ်တိုင်နားမှာပါပဲ။

 

 

BBQ အကင်စားချင်တယ်ဆိုရင်

  • သစ္စာလမ်းမပေါ်မှာ Mu Ka Hta ရှိတယ်။ အဝစားတစ်ယောက်ကို (၁၀၈၀၀)ကျပ်တဲ့။
  • ဝေဇယန္တာလမ်းမပေါ်မှာ Bamboo Korean BBQ ရှိတယ်။ ခြံဝန်းလေးနဲ့မို့ ကားပါကင်လေးသိပ်စိတ်ပူ ဖို့မလိုဘူး။ သူကအဝစားကိုတစ်ယောက် (၁၁၀၀၀)ကျပ်ပါ။
  • နောက် ဝေဇယန္တာလမ်းမပေါ်မှာ Little Korea ရှိတယ်။ သူကအဝစား တစ်ဦးကို (၁၃၈၀၀)ကျပ်။  သူ့မှာအခုပရိုမိုးရှင်းတစ်ခုက တနင်္လာနေ့ကနေ သောကြာနေ့အထိကို 3+1ရှိတယ်တဲ့။ စနေ၊ တနင်္ဂနွေဆိုရင်တော့ သုံးယောက်သွားရင် Soju တစ်လုံး ပေးတယ်ဆိုလားပဲ။
  •  ရတနာလမ်းမပေါ် (ကျောက်ကုန်းနား)မှာ Man Pu Ku ရှိသေးတယ်။

 

ပင်လယ်စာစားချင်ရင်

- We Seafood ရှိပါတယ်။ သံသုမာလမ်းမပေါ်မှာရှိတယ်။ ဖွင့်ထားတာမကြာသေးဖူးပဲ…

- နောက် မင်းလမ်း ရခိုင်မုန့်တီနဲ့ပင်လယ်စာရှိတယ်။ ဝေဇယန္တာလမ်းမပေါ်မှာပဲ။

 

ဟော့ပေါ့ဆိုရင်တော့

Hot Pot King - သစ္စာလမ်းမပေါ်မှာရှိပါတယ်။ ဟော့ပေါ့ရော၊ အကင်ပါရတယ်။

ရွှေပန်ဆိုင်း - ဘူဖေးဟော့ပေါ့ဆိုင်ရှိတယ်။ သတင်းကောင်းတစ်ခုပါလာတာက August (၁)ရက်နေ့ကနေ (၃၁)ရက်နေပအတွင်းသွားစားမယ်ဆိုရင် 20% Off လည်းပေးနေတယ်တဲ့။ သူကတော့ ရတနာလမ်းမပေါ်၊ (မိုးကောင်းလမ်းနဲ့ ဝေဇန္တာလမ်းကြား) မှာရှိပါတယ်။

DIY Hot Pot & BBQ – ဟော့ပေါ့ရော၊ အကင်ပါရတယ်။ အမှတ် (၉၅၊F)၊ ဝေဇယန္တလမ်းမပေါ် (၃)ရပ်ကွက်မှာရှိပါတယ်။

ရွှေဇလုံ - ဝေဇယန္တာလမ်းနဲ့ ကျော်သူလမ်းထောင့်မှာရှိတယ်။ သပ်သပ်ရပ်ရပ်လေးနဲ့ ထိုင်လို့ကောင်းတဲ့ဆိုင်လေးပါ။

 

Bar သွားချင်တယ်ဆိုရင်တော့

Cozy Bar & Restaurant ရှိပါတယ်။ အရင်ကတော့ ဝေဇယန္တာလမ်းမပေါ်မှာဖွင့်ထားတာ။ အခုတော့ နေရာပြောင်းသွားပြီ။

 

ဆိုကြမယ်၊ ဟဲကြမယ်ဆိုရင်လည်း

M Cube ရှိတယ်။ ကဲရုံဟဲရုံတင်မကပဲ အဲ့ဒီမှာ အစားတွေရော အသောက်တွေပါ ရတယ်။ အေးအေးဆေးဆေးလေးပဲ။

 

နောက်ထပ် နောက်ထပ်ဆိုင်တွေက

နောက် ဝေဇယန္တာလမ်းမပေါ်မှာ Delicious Fillet & Vegetable Steam - အဲ့ဒီမှာတော့ အပေါင်းပုံစံလေးတွေ ရတယ်။ တခြားတရုတ်အစားအစာတွေလည်းရတယ်။ ဆိုင်ကနှစ်ထပ်လည်းရှိတယ်။ လူကြီးတွေ၊ ကလေးတွေနဲ့ သွားစားမယ်ဆိုရင်လည်း အဆင်ပြေစေမယ့်ဆိုင်လေး။

ဖက်ထုပ်တွေဘာတွေစားချင်တယ်ဆိုရင် ဟိုးအရင်ထဲက နာမည်ကြီးလူကြိုက်များတဲ့ စန္ဒာမေ ဖက်ထုပ်ပေါင်း ရှိတယ်။ ရတနာလမ်းမပေါ်မှာပဲ။

 

Charm 66 Myanmar - သူကတော့ Brazilian Restaurant ပါ။ အဲ့ဒီမှာ တော်တော်များများကတော့ ပွဲတွေ ဘာတွေလာလုပ်ကြတယ်။ နေ့လည်စာတွေဘာတွေဆိုရင်လည်း One Portion မီနူးတွေဘာတွေရတယ်။

 

သစ္စာလမ်းမပေါ်၊ ပုဏ္ဏမီမှတ်တိုင်နားမှာ Mae Laint Lon သူဠေးမကြီးစားဖွယ်စုံဆိုတာရှိတယ်။ ဒါပေမယ့် သူက ဒီလ (၁၅)ရက်နေ့မှဖွင့်မှာတဲ့။ ရိုးရာအစားအစာတွေရောင်းချသွားမယ်ဆိုလားပဲ.. ဒါတော့အကြိုသတင်းကောင်းပေါ့နော်။

 

ကဲ… ကဲ ဒီလောက်ဆိုရင်တော့ စုံလောက်ပြီလို့ထင်ပါတယ်နော့… မစုံရင်လည်းထည့်ပေးကြပါအုံးလို့

 

တောင်ဥက္ကလာမှာနေတဲ့သူဆိုရင်တော့ ကိုယ်နေတဲ့နေရာမှာ အရသာရှိတဲ့အစားအစာတွေဘယ်လောက် တောင်များသလဲဆိုတာ ဂုဏ်ယူစွာနဲ့ Share လိုက်ပါအေ….

အဲ့လိုမှမဟုတ်…. ကိုယ့်သူငယ်ချင်းကြီးတွေက တောင်ဥက္ကလာမှာနေတယ်ဆိုရင်လည်း သူတို့ကို မန်းရှင်းခေါ်လိုက်။ Tag လိုက်။ ပြီးရင် မြို့တိုင်ရာရောက်သွားပြီး ဝယ်ကျွေးခိုင်းလိုက်ပါ (အိမ်တိုင်ရာရောက် လိုပဲ မြို့တိုင်ရာရောက် :P )

 

Honey (MyLann)

#MyLann #Online_Restaurant_Directory #Online_Food_Guide #Food_Review_in_Yangon #Foodie_Myanmar #Food_Lover #Food_Crazy #Thai_Food #Hot_Pot #BBQ #Rakhine_Food #Chinese_Food #Restaurant_in_South_Oakkalapa #Restaurant_in_Town #Restaurant_in_Yangon 

Edited – MyLann ဘော်ဒါတွေထပ်ဖြည့်ပေးထားတဲ့ဆိုင်လေးတွေပါ။

  • မေတ္တာလမ်းမပေါ်မှာ ကိုရီးယားဆိုင်တစ်ဆိုင်ရှိတယ်။
  • ပန်းခြံရှေ့က ကိုလှသိန်းရေခဲမုန့်
  • ပဒေသာလမ်းစုံနားက ပြည့်စုံကြေးအိုး - တရုတ်အစားအစာအစုံရပြီးတော့ အရသာလည်းကောင်း ဈေးလည်းတန်ပါတယ်တဲ့
  • Cushy Mini Hot Pot - ဒီမှာ မီနီဟော့ပေါ့လေးတွေရတယ်တဲ့။ နေ့လည်(၂)နာရီကနေ ည (၁၀)နာရီအထိဖွင့်တယ်တဲ့။ ဆိုင်လိပ်စာက သုမင်္ဂလာလမ်းမကြီး၊ နန္ဒာဝန်ဈေးမှတ်တိုင်၊ (၅)ရပ်ကွက်၊ တောင်ဥက္ကလာပါ။ 

 

 

  • ဝေဇယန္တာလမ်းမပေါ်က The 1st Container Bar

 

  • ပါရမီလမ်းမပေါ်က Amazing Thai Food

 

  • ဘေလီထိပ်နားက Apple Café & Bakery - အဲ့ဒီက ကိတ်တွေကောင်းတယ်။ ပြီးတော့ Burger Roll ဆိုတာတော့အက်မင့်အကြိုက်ပဲ။

 

  • ဇီဇဝါက Sakura Sushi

 

  • မြင်သာက ဦးပြောင်ကြီးထမင်းကြော်

 

  • ဝေဇယန္တာ City mart ထဲမှာ Lotteria, Happy Café & Noodle, YKKO ရှိတယ်။

 

  • ၁၄/၂၊ သံသုမာလမ်းမပေါ်က ပန်းဟေဝန်စားသောက်ဆိုင်လည်းမိုက်တယ်တဲ့။ အဲ့ဒီက ဒူးရင်းသီးပေါင်မုန့်နဲ့ စီလုံတီးကောင်းတယ်ဆိုပဲ

 

  • မာလာကွေ့နားက မော်လမြိုင်ကွေ့သယို

 

  • ပဒေသာရုံရှေ့က ကိုဠေးဝင်းထမင်းကြော်။ သူကတော့မနက်ရှစ်နာရီလောက်ဆိုကုန်ပြီဆိုတော့ စားချင်ရင်တော့စောစောလေးသွားစားပါ။ အဲ့ဒီကအမဲနှပ်လည်းသိပ်ကောင်းတဲ့

 

  • တကောင်းလမ်းထိပ်က မော်လမြိုင်ရွှေရင်အေးလည်းကောင်းပါတယ်တဲ့။

 

  • ရာဇာမင်းဓါတ်ဆီဆိုင်နားက မြေအိုးမြီးရှည်လေးလည်းမိုက်ပါတယ်တဲ့ဗျာ