" ရန်ကုန်မြို့ ရှိ သီးသန့် ခန်း ဝန်ဆောင်မှု ရနိုင်တဲ့ စားသောက်ဆိုင်များ" 684 views


မွေးနေ့ ပွဲ၊ ပါတီပွဲ ၊ မိသားစု မိတ်ဆုံစားပွဲ ၊ private party လေးတွေ လုပ်ချင်တဲ့ သူများအတွက် ရန်ကုန်မြို့ က သီးသန့် အခန်းလေးတွေနဲ့ စားသောက်ဆိုင်လေးတွေကို မျှဝေလိုက်ပါတယ်။

MyLann မှာလည်း ဘော်ဒါတွေနဲ့ စုစားချင်လို့  မွေးနေ့ ပွဲ၊ ပါတီပွဲ လုပ်ချင်လို့  အခန်းသီးသန့် ပါတာလေးတွေ ပြောပြပါ ဆိုပြီး ခဏခဏ လာလာမေးတက်ကြတော့..ဒီ List လေးကို လုပ်ပေးလိုက်တာပါ။ ဒီတော့ သီးသန့် စားသောက်ပွဲလေးတွေ လုပ်ချင်တဲ့ ဘော်ဒါများအတွက် အဆင်ပြေပြီပေါ့။ဈေးနှုန်းနဲ့ ရနိုင်တဲ့ အစားအစာ၊ မေးမြန်နို်င်ဖို့  ဖုန်းနံပါတ် များကိုပါ ထည့်ပေးထားပါတယ်။ ဒီ List ထဲမှာ မပါတဲ့ ဆိုင်လေးတွေလည်း ရှိရင်လည်း မန့် ခဲ့ပါအုံးလို့ ။


“ Hot Pot King”

Hot Pot နဲ့  BBQ ကို မိသားစုလိုက် ၊ ဘော်ဒါတွေ အဖွဲ့ လိုက် အခန်း သန့် သန့် အေးအေးဆေးဆေး စားချင်သူများအတွက် ညွန်းပါတယ်။ Room သီးသန့်  ဝိတ်တာတစ်ဦးနဲ့ Service လည်း ပေးပြီး ဟော့ပေါ့နဲ့ အကင်တွေကိုလည်း လတ်လတ်ဆတ်ဆတ် စားသုံးနိုင်မှာပါ။ တစ်ခန်းကို (၁၀) ယောက်ဆံ့ ပြီး တစ်နာရီကို (၁၀၀၀၀)ကျပ် ယူပါတယ်။
>> တောင်ဥက္ကလာ - 09-7777777008, 09-777777009

“ My Garden”

တရုတ်အစားအစာ နဲ့ တခြား အစားအစာတွေလည်း ရပြီး လူများများနဲ့ Private Party တွေဘာတွေလုပ်ချင်သူများအတွက် အဆင်ပြေပါတယ်။
အယောက်(၆၀)ဆံ့ ပြီး (၁)နာရီ - (၃၅၀၀၀)ကျပ် ယူပါတယ်။ (Projector, Sound System, Karaoke ပါတယ်)
>> အလုံ - 01-372822

“Golden Duck”

ဘဲကင်၊ တရုတ်အစားအစာ ကို မိသားစုလိုက်ဖြစ်စေ ၊ မွေးနေ့  ၊ ပါတီ ၊ Company Party လုပ်ချင်သူများအတွက် အဆင်ပြေပါတယ်။ နေရာ နဲ့ ဈေးနှုန်းတွေကတော့..
>> ဆရာစံ - 09-73163366 ၊ (၁၀)ယောက်ဆံ့(6000) (၃၀)ဆန့် ( ၁၂၀၀၀) ၊ (၅၀)ဆန့် (24000)။
>> ကန်တော်မင် - 01-240216 ၊ (၁၀)ယောက်ဆံ့ (၁)ခန်း - (၆၀၀၀)ကျပ်။
>> (၈)မိုင် - 09-7335575 ၊ ရိုးရိုး (၁၀)ယောက်ဆံ့ - (၁)နာရီ (၄၀၀၀)ကျပ်။
ကာရာအိုကေ ပါရင် အယောက်(၂၀)ဆံ့ - (၁)နာရီ (၈၀၀၀)ကျပ်။

“ တိုင်းရင်းသား ”

တိုင်းရင်းသား ရိုးရာအစားအစာကို စားသုံးရင် မိသားစု စုံညီတွေ့ ဆုံပွဲတွေ ၊ သီးသန့် မိတ်ဆုံစားပွဲတွေ၊ ပြည်ပက ဧည့်သည်တွေ ကျွေးချင်ရင်ပဲ ဖြစ်ဖြစ် အဆင်ပြေပါတယ်။(၁၀)ယောက်ကနေ(၁၂)ယောက်အတွင်းဆံ့ - အပြီးအစီးကို (၈၀၀၀) ကျပ်ပါ။
>> ရန်ကင်း - 09-787154799, 09-786433059

“Thai 47”

ထိုင်းအစားအစာ စားချင်သူများအတွက် ဘော်ဒါတွေနဲ့ စားစား ၊ မိသားစုနဲ့ စားစား အဆင်ပြေပါတယ်။ တစ်ခုခုစားပြီး Private Meeting လုပ်ချင်သူများအတွက်လည်း အဆင်ပြေပါတယ်။
>> 47လမ်း - 01-8610556/7 (၂)ယောက်၊ (၄)ယောက်၊ (၁၀)ယောက်ဆံ့ - (၁)နာရီ - (၄၀၀၀)ကျပ်
>> ရန်ကင်း၊ ကျောက်ကုန်း - 09-26161981 (၁၀)ယောက်၊ အယောက်(၂၀) – (၁)နာရီ - (၄၀၀၀)ကျပ်။

“ ရှမ်းရိုးရာ ”

ရှမ်းအစားအစာ ကောင်းပြီး ရှမ်းရိုးရာစတိုင်လေးနဲ့  ပြင်ဆင်ထားတဲ့ ဒီဆိုင်လေးက ပြည်ပက မိတ်ဆွေတွေကို ဧည့်ခံလို့  ကောင်းတဲ့ ဆိုင်လေးပါ။ အခန်းတွေကတော့ ၅ယောက် ၊ ၈ ယောက် ၊ ၁၀ ယောက်စသဖြင့် အစားစားရှိပါတယ်။
2hr – 10000 (၂နာရီကျော်ရင် Double Charges)
>> ဝါးတန်းလမ်း - 09-250566695

“Legacy”

ထိုင်းအစားအစာ ကို အေးအေးဆေးဆေး စားသုံးနိုင်ပြီး လုူလည်းမရှုပ်တဲ့ နေရာလေးပါ။ (၄)ယောက်ဝိုင်း၊(၈)ယောက်ဝိုင်း ပါတဲ့အခန်း နဲ့ (၁၆)ယောက် ဆံ့တဲ့ အခန်းဆိုပြီး ရှိပါတယ်။ Room Charges မယူပါဘူးတဲ့။
>> ဓမ္မစေတီလမ်း- 01-709748

“Jasper House”
တရုတ်ဟင်းပွဲ၊ ထိုင်းအစားအစာ ရနိုင်ပြီး လူများများ ဆန့် တဲ့ အခန်းလေးတွေ ရှိပါတယ်။(၁၂)ယောက်ခန်း၊ အယောက်(၂၀)ခန်း - 1hr – 10000 ကျပ်
စားတာတစ်သိန်းဖိုးကျော်သွားရင် Room Charges မယူပါဘူးတဲ့။
>> အလုံ – 01-2302011

“ Western Park “

တရုတ်အစားအစာ ရနိုင်ပြီး မင်္ဂလာဆောင် ညစာစားပွဲတွေ ၊ မိသားစု စားပွဲတွေလုပ်လေ့ရှိတဲ့ ဆိုင်လေးပါ။
>> PoLo Club တာမွေ – 01-8604622 (၁၀)ယောက် - Dinner (၁၅၀၀၀)ကျပ်၊ Lunch (၁၀၀၀၀)ကျပ် ၊ (၁၆)ယောက် - Dinner (၁၅၀၀၀)ကျပ်၊ Lunch (၁၀၀၀၀)ကျပ်

“ Manhattan Fish Market”

ပင်လယ်စာအစုံအလင်ကို အရှေ့ တိုင်းလက်ရာပုံစံ ပြင်ဆင်ထားတဲ့ ဆိုင်လေးပါ။ ဘော်ဒါတွေနဲ့ မွေးနေ့  ပါတီလုပ်လို့  ကောင်းပြီး တစ်ခုခုစုပြီး စားကြမယ်ဆိုရင် ဒီဆိုင်လေးက မဆိုးပါဘူး။
>> ဗိုလ်တထောင် - 09-777111213(၈)ယောက်ဆံ့ - (၁)နာရီ (၈၀၀၀)ကျပ်

“ Swe Thai “

ထိုင်းအစားအစာ
Room Charges မကောက်ဘူး။ အယောက်(၂၀)ဆံ့တယ်။
>> တက္ကသိုလ်ရိပ်သာလမ်းသစ် - 01- 704067

“Family Hot Pot & BBQ”

ဟော့ပေါ့ နဲ့ အကင်
(၁၀)ယောက်ဆံ့ - ဆိုင်ဖွင့်ချိန်မှ ညနေအထိ - (၁၀၀၀၀)ကျပ်
>> ရန်ကင်း 09-262888818

“စည်းစိမ်”

မြန်မာထမင်းဆိုင်
(၁၀)ယောက်ဆံ့ - အချိန်အကန့်အသတ်မရှိ - တစ်ခန်း (၄၀၀၀)
>> သန်လျင် 09-4311296

“Stay a While”

Chinese and Thai Restaurant
(၁၀)ယောက်ဆံ့ - (၃၀၀၀) ၊ (၅)ယောက်ဆံ့ - (၅၀၀၀)
>> မရမ်းကုန်း - 09-787878777


“Signature Restaurant”

စားသောက်ဆိုင်
(၈)ယောက် - (၅၀၀၀၀)ကျပ်
(၁၀)ယောက် - (၁၀၀၀၀၀) ကျပ်
(၂၅)ယောက် - အယောက်(၄၀) - (၁၅၀၀၀၀)ကျပ်
ဘယ်နှနာရီယူယူ(၃)နာရီစာပဲပေးရပါမယ်။
>> ကန်တော်ကြီး 01-558827


“Acacia TeaSaloon”

အစားမှာစားရင် Room Charges မယူဘူး။
အခန်းသီးသန့်ဆိုမှ Room Charges ယူတယ်။
>> 01-554739


“Isosei Japanese Restaurant”

(၁၀)ယောက်၊ (၁၂)ယောက်ဆံ့ အချိန်အကန့်အသတ်မရှိ - (၅၀၀၀)ကျပ်။
>> 09-250059308


“Fuji House Japanese Restaurant”

(၂)နာရီ - (၁၃၀၀၀)ကျပ်။
>> 09-73022338

MyLann Team

#MyLann #FoodInYangon #Restaurant #Yangon #Room #PrivateRoom