ပင်လယ်စာ ကောင်းကောင်း ကြိုက်သူများအတွက် 928 views


ပိတ်ရက်မှာမတွေ့တာကြာပြီဖြစ်တဲ့သူငယ်ချင်းတစ်ယောက်ကိုသွားတွေ့ရင်း ကျောက်မြောင်းဘက် ရောက်ခဲ့သေးတယ်။အဲ့ဒီမှာ အရသာကောင်းတဲ့ ဆိုင်သစ်လေးတစ်ခုအကြောင်း မျှဝေပေးဖို့ အကြောင်းဖန်လာပါတယ်။ ဒီဆိုင်လေးကတော့ ကျောက်မြောင်းကျားကွက်သစ် လမ်းမကြီးနဲ့ ဘယသုဒ္ဓိလမ်းထောင့်နားလေးက “အာရှ SeaFoods” ဆိုတဲ့ဆိုင်လေးပါ။ ဆိုင်အပြင်အဆင်ရိုးရှင်း ပေမဲ့ အရသာ တော်တော်ကောင်းတယ်။ ကိုယ်တိုင် Home Made ဟင်းချက်အနှစ်မျိုးစုံ (Sauce) တွေကိုအသုံးပြုပြီး ပင်လယ်စာတွေကို ပြင်ဆင်ပေးထားတာပါ။

‪#‎ဂဏန်းထောပတ်‬
လတ်ဆတ်တဲ့ ဂဏန်းကြီးနှစ်ကောင်ရဲ့ အပေါ်မှာ ထောပတ်အနှစ်ကို ဆမ်းထားပေးတာ။ အရသာက ချိုစိမ့်စိမ့်လေးနဲ့ဂဏန်းသား က နူးညံ့ပြီး စားရတာ ကောင်းတယ်။ အနံ့ ကလည်း စားချင်လာအောင် တော်တော်လေး မွှေးပြီး စားကြည့်တော့ အရသာက ဆိုင်ကြီးတွေအတိုင်းပဲ။သာမန်ဆိုင်လေးမှာ ဆိုင်ကြီးက အရသာအတိုင်း စားရသလိုပါ။ အဲ့ဒီ ဂဏန်းနှစ်ကောင်ပါတဲ့ တစ်ပွဲကို (၄၅၀၀)ကျပ်ပါတဲ့။

‪#‎ပြည်ကြီးငါးချဉ်စပ်‬
Seafoods ဆိုင်ဆိုတော့ ပြည်ကြီးငါးလေးနဲ့  ပတ်သက်တာတစ်မျိုးလေးစမ်းစားကြည့်ဖြစ်တာပေါ့နော် ပုံမှန်ဆိုရင်တော့ အသုပ်အရသာလေးလို ချဉ်စပ်အရသာပါ။ sauce အနှစ်က ဟင်းပွဲတိုင်းရဲ့ အသက်လို ပါပဲ။ ပြည်ကြီးငါးအပြင် ဘာတွေနဲ့  ရနိုင်သေးလဲ ဆိုတော့ ပြည်ကြီးငါးအစား ငါးပုစွန်ကြက်သားဝက်သားနဲ့ လည်း ချက်ပြုတ်ပြင်ဆင်ပေးလို့  ရပါတယ်တဲ့ ။ တစ်ပွဲကို ၂၅၀၀ကျပ်ပါ။

‪#‎ပုစွန်ထိုင်းဆော့‬ (Thai Sauce Prawn)
ချိုချဉ်လို့ပြောလိုက်ပေမဲ့ အရသာလေးကတစ်မျိုးလေးခံစားမိလိုက်ရပါတယ်။ ကိုယ်တိုင်ပြုလုပ်ထားတဲ့ Sauce တွေနဲ့ မွမ်းမံပြင်ဆင်ထားတော့တခြားဆိုင်တွေရဲ့ အရသာနဲ့မတူတာတော့ အမှန်ပါ။ ပြုတ်ပြီးမှချက်ပြုတ်ထားတဲ့ ပုစွန်အရသာလေးကလည်းနူးညံ့ပြီး စားရင်းစားရင်းမ၀နိုင်အောင် ဆွဲဆောင်လာပါတယ်… တစ်ပွဲကို (၄၀၀၀)ကျပ်ပါရှင့်…။

‪#‎ငါးသံပုရာပေါင်း‬
ထူးခြားတာကတော့ ငါးရဲ့အရိုးကိုထုတ်ပြီး ပေါင်းထားတော့ ငါးအသားကိုစားလိုက်ရချိန်မှာ နူးညံ့ပြီးလတ်ဆတ် ပါတယ်။ တွဲဖက်ထားတဲ့ Home Made Sauce လေးကချိုချိုချဉ်ချဉ်အရသာလေးနဲ့ ပါ ။ ငါးအကြီး၊ ငါးအလတ်နှစ်မျိုးရှိပါတယ်။ငါးအကြီးတစ်ပွဲကို (၆၀၀၀)ပါ ။ လူ သုံးလေးယောက်လောက် စားလို့ ရပါတယ်။

သူငယ်ချင်းလေးယောက်စားခဲ့တာ စုစုပေါင်းမှ (၁၈၀၀၀)လောက်သာကျခဲ့တော့ တစ်ယောက်ပျမ်းမျှနှုန်းနဲ့ဆို (၅၀၀၀)ဝန်းကျင် လောက်ပါပဲ။ ဒီဆိုင်လေးမှာ Seafood လတ်လတ်ဆတ်ဆတ်ရယ်နဲ့  ပူးတွဲပေးထားတဲ့ Home Made Sauce က တကယ်လိုက်ဖက်ပါတယ်။ ပြီးတော့ ဆိုင်ရှင်ကို နည်းနည်းလောက် စပ်စုခဲ့သေးတယ်။ သူက မိသားစုလေးယောက်စာကိုလည်းငွေပမာဏ (၁၀၀၀၀)ကျပ်နဲ့ စီစဉ်ပေးပါတယ်တဲ့.. အဲ့ဒီမှပါဝင်တဲ့ ဟင်းတွေက ငါးသံပုရာပေါင်း၊ ကြက်ကုန်းဘောင်၊ ကြက်ချိုချဉ် တွေပါတဲ့ ထမင်းကတော့ သီးသန့် ရှင်းပေးရမှာပါတဲ့။

သူက အိမ်မှာ ကိုယ်တိုင်ချက်ပြုတ် လိုသူများအတွက် ဆော့ကိုလည်း သီးသန့် ပြန်ရောင်းပေးပါတယ်။ ဒါကြောင့် အိမ်မှာချက်ဖို့နည်းနည်းစီဝယ်သွားသေးတယ်။ အိမ်မှာ လက်တည့်စမ်းကြည့်တာပေါ့နော်။ tongue emoticon အဲ ပြီးတော့ ဆိုင်အနီးအနား ပတ်ဝန်းကျင်တွေကိုလည်း ငွေ(၁၀၀၀၀)နှင့်အထက်မှာယူမယ်ဆိုရင် Delivery ရှိပါတယ်တဲ့။

ထူးထူးခြားခြားအရသာလေးတွေကို စားသုံးကြည့်ချင်တယ်ဆိုရင်တော့ လိပ်စာလေးကို သေသေချာချာမှတ်ထားနော်။

ဆိုင်လိပ်စာက
ကျောက်မြောင်း ကျားကွက်သစ်လမ်းမကြီးနဲ့ ဘယသုဒ္ဓိလမ်း ထောင့်မှာပါရှင့် ဆက်သွယ်လို့ရတဲ့ဖုန်းနံပါတ်ကတော့ 09-783059013ပါ။

Htoo Htoo ( MyLann)