ပင်လယ်စာကောင်းကောင်းကြိုက်သူတွေအတွက် ‘Seafood Paragon’ 952 views


ရန်ကင်းမှာ ‘Seafood Paragon’ ဆိုတာ ပင်လယ်စာသီးသန့်ရောင်းတဲ့ဆိုင်လေးရှိတယ်။ ပင်လယ်စာချည်း သီးသန့်အထူးစပါယ်ရှယ်ဟင်းပွဲတွေပဲဆိုတော့ ပင်လယ်စာကြိုက်တဲ့သူတွေအတွက်တော့ ရွေးချယ်စရာတစ်နေရာထပ်တိုးပြီလေ။ ဒီဆိုင်မှာဆိုရင် ပင်လယ်စာနဲ့ပတ်သတ်လို့မီနူးအမျိုးပေါင်း (၅၀)ကျော်ရှိတယ်။ နောက် ဆိုင်ရဲ့နံရံမှာလည်း ရေဘဝဲပုံကိုဆွဲထားတာ အကြီးကြီးနဲ့ ဓါတ်ပုံရိုက်ချင်စရာကြီး ဒီဆိုင်ရဲ့ထူးခြားချက်အနေနဲ့က #ဈေးနှုန်း။ ပင်လယ်စာသီးသန့်ဆိုတော့ ဈေးကြီးမယ်တော့မထင်လိုက်နဲ့အုံး။ သူ့ရဲ့ဟင်းပွဲတွေက ကိုယ်လေ့လာကြည့်မိသလောက် (၂၀၀၀)ကနေ (၅၅၀၀)ကျပ်အတွင်းပဲရှိတယ်။ Signature ဖြစ်တဲ့ Main Dish တွေကသာ (၁၇၀၀၀)၊ (၁၈၀၀၀)လောက်ရှိတယ်။ သို့ပေမယ့်သူက အနည်းဆုံး သုံးယောက်၊ လေးယောက်စာလောက်ဆိုတော့ ဈေးကြီးတယ်တော့မဆိုနိုင်ပါဘူးနော်။ ဒီတော့ လူတိုင်းကိုယ်ကြိုက်တဲ့ဟင်းပွဲကိုစိတ်ကြိုက်ဆွဲလို့ရပြီပေါ့ဗျာ။ လူများများစားလည်းဟင်းပွဲအမယ်များများမှာ များများစား၊ ပိုတန်သွားပြီပေါ့ နောက်တစ်ခု သူ့ဆီမှာက ဆိုင်အနေအထားက အေးအေးဆေးဆေးရှိတယ်။ ဆိုင်အပြင်ဘက် ခြံဝန်းလေးထဲမှာစားချင်ရင်လည်းသူတို့ပြင်ဆင်ပေးတယ်။ သိပ်အများကြီးတော့မရဖူး။ ခုံနှစ်ဝိုင်းစာလောက်ပဲ ခင်းပေးထားပါတယ်။ ကိုယ်တွေသွားတာကသုံး၊ လေးနာရီလောက်ဆိုတော့ နေလည်းသိပ်မပူတော့ ထိုင်လို့ကောင်းတယ်။ ဆိုင်အတွင်းထဲမှာဆိုရင်လည်း ပြင်ဆင်ပုံလေးက ရိုးရိုးလေးနဲ့ပဲ၊ ကျယ်လည်းကျယ်တယ်။ အဓိကကတော့ အေးအေးဆေးဆေးရှိတယ်။ အတွဲတွေ၊ သူငယ်ချင်းတွေစုပြီးစားရင် လည်း အဆင်ပြေသလို၊ မိသားစုတွေအတွက်လည်းသင့်တင့်တဲ့နေရာလေးတစ်ခုပါ။ Seafood Paragon Pot - ဒါကတော့ဒီဆိုင်ရဲ့ Signature ဟင်းပွဲလေးပါ။ တစ်ပွဲကို(၁၇၀၀၀)ဆိုတာ့များတယ် ထင်နိုင်ပေမယ့်လည်း သူကသုံးယောက်လောက်စားလို့ရတယ်။ ပုစွန်၊ ကျောက်ပုစွန်၊ ဂဏန်း၊ ရေဘဝဲ၊ ဂုံး အပြင် ကြက်ဥနဲ့မှိုလေးတွေပါပေါင်းပြီးချက်ထားတာ။ ခေါက်ဆွဲအခြောက်ကိုကြော်ထားတဲ့ မာဆတ်ဆတ်ခေါက်ဆွဲလေးတွေနဲ့ အရည်လေးတွေလည်းပါ တော့ သောက်စားစား၊ ထမင်းနဲ့စမ်းစားစား အဆင်ကိုပြေလို့။ ပင်လယ်စာအစုံကိုမှလတ်လတ်ဆတ်ဆတ်လေးနဲ့ ချဉ်စပ်လေးစားရလို့ ကိုယ်ကြိုက်မိတာတော့မှားမယ်မထင်ဘူး။ ရေဘဝဲအစပ်ချက် - သူကတော့ရေဘဝဲမာမာထုတ်ထုတ်လေးတွေကိုမှ ငရုတ်သီးအနီလေးနဲ့ချက်ထားတာဆို တော့ မာမာစပ်စပ်လေးပေါ့။ ကြက်သွန်ဖြူနဲ့ပေါင်းပြီးစပ်ထားတဲ့ဆော့စ်ကမွှေးမွှေးလေးနဲ့ စပ်စပ်လေး။ သူကတစ်ပွဲကို(၃၈၀၀)ကျပ်ပါ။ ငါးအကြွပ်ကြော်နဲ့ Special Sauce - ဒါကတော့ကိုယ်တွေအုပ်စုတော်တော်ဆွဲခဲ့ရတဲ့ဟင်းပွဲပါ။ သူ့ရဲ့ဆော့စ်က အခြားအရသာနဲ့မတူဘူး၊ ချိုချဉ်လေး။ ကိုယ်တွေစားကောင်းလို့ထပ်တောင်းချင်တာမနည်းစိတ်ထိန်း ထားရတယ် ငါးရဲ့အရိုးလေးတွေကိုပါ တဂျွတ်ဂျွတ်နဲ့ကိုက်စားလို့ရတဲ့အနေအထား ဖြစ်အောင် ကြော်ထားတာ။ သူကတစ်ပွဲကို(၅၀၀၀)ကျပ်။ ပုစွန်သံပုရာပေါင်း - ငါးသံပုရာပေါင်းမဟုတ်ဘူးနော်၊ ပုစွန် ဟီး နောက်တာ။ သူ့ရဲ့အရသာကတော့ ပုစွန်ကိုပေါင်းထားတဲ့အချိုဓါတ်လေးနဲ့ ဆော့စ်ရဲ့ချဉ်စပ်လေးနဲ့ပေါင်းလိုက်တော့ ချို၊ ချဉ်၊ စပ်အရသာလေး။ ငါးခြမ်းပါတယ်။ပုစွန်ဆိုဒ်ကသိပ်မသေးဘူး။ အလတ်ဆိုဒ်လေးပဲ။ တစ်ပွဲကို (၅၅၀၀)ကျပ်။ အခြားအနေနဲ့ ကင်းမွန်သံပုရာပေါင်းလည်း မီနူးထဲတွေ့ခဲ့တယ်။ ပုစွန်ဘဲဥတစ်လုပ်စာ - နာမည်ကတော့ခပ်ဆန်းဆန်းပဲ။ ပုစွန်ကိုဘဲဥပေါ်တင်၊ အပေါ်ကဆောစ့်လောင်းပြီး တော့ ပူစီနံအရွက်လေးတင်ထားတာ။ အဲ့ဒါတွေကိုတစ်လုပ်ထဲပေါင်းပြီးထည့်စား။ အရသာကတော့တစ်မျိုး ဆန်းဆန်းလေးပဲ။ သူ့ရဲ့ဆော့စ်လေးကလည်းစားကောင်းတယ်။ သူကတစ်ပွဲကို (၃၈၀၀)ကျပ်ပါ။ ဟင်းပွဲတွေမှာ #အရသာ အနေနဲ့ဆိုရင် ထိုင်းစတိုင်တွေချက်ထားတယ်ဆိုပေမယ့် အုန်းနို့လည်းအရမ်းမများ တော့ စားရတာလည်းမအီတဲ့အပြင် သွေးတိုးရှိတဲ့သူတွေလည်းစားလို့ရသွားတယ်။ တုန်ယမ်းချဉ်စပ်အရသာလေးတွေပဲဆိုတော့ လူကြီးရော လူငယ်ပါဆွဲလို့ရပြီလေ။ ပြီးတော့ သူတို့ရဲ့ကိုယ်ပိုင်ဆော့စ်နဲ့ ချက်ထားတဲ့ဟင်းပွဲလေးတွေဆိုရင်လည်း သိပ်စားကောင်းပဲ။ တစ်ခုရှိတာက ဟင်းပွဲတွေကပုံမှန်အားဖြင့်တော့ ငါးမိနစ်ကနေ ဆယ်မိနစ်အတွင်းပဲကြာတယ်။ သူ့ရဲ့ဟင်းပွဲတွေကမှာမှလုပ်ပေးတာဆိုတော့ အချိန်နဲနဲပေးရပေမယ့် ပူပူနွေးနွေးနဲ့လတ်လတ်ဆတ်ဆတ်လေးမို့ စားရတာတန်လည်းတန်သလို၊ စိတ်ကျေနပ်မှုလည်းရတယ်။ (ဟင်းပွဲတစ်ပွဲစီအကြောင်းကိုပုံအောက်မှာရေးပေးထားပါတယ်နော် ) သောက်စရာအနေနဲ့ Soft Drink နဲ့ အခြား Dessert တွေလည်းရှိတယ်။ ကိုယ်တွေတော့ဟင်းပွဲတွေစားတာများ ပြီးဗိုက်ကမဆံ့မပြဲဖြစ်နေတာမို့မစားခဲ့နိုင်ဘူး။ Dessert တွေမှာဆိုရင်ရတာတွေက ကောက်ညှင်းမဲ၊ သာကူ၊ ငှက်ပျောပေါင်း၊ သရက်သီးနဲ့ကောက်ညှင်းအုန်းနို့ (သရက်သီးပေါ်ချိန်ပဲရပါတယ်တဲ့)။ ဈေးကလည်း (၅၀၀)ကနေ (၁၈၀၀)အတွင်းပါပဲ။ ဆိုင်ကမနက်(၁၁)နာရီကနေည(၁၀)နာရီအထိဖွင့်တယ်။ နေရာအတွက်လည်း Reservation လက်ခံသလို မွေးနေ့ပွဲတွေ၊ ပါတီပွဲတွေလည်းလုပ်ပေးပါတယ်တဲ့။ လာစားတဲ့သူတွေကို Member Card တွေမဲဖောက်ပေး တဲ့အစီအစဉ်တွေလည်းရှိတဲ့အပြင် လစဉ်လတိုင်းလည်း ပရိုမိုးရှင်းလေးတွေချပေးလေ့ရှိပါတယ်တဲ့။ နောက်ပိုင်းလည်းအမျိုး(၂၀)လောက် ထပ်တိုးဖို့ ရှိပါတယ်တဲ့။ #လိပ်စာအနေနဲ့ဆိုရင် အမှတ် (၇)အေ၊ မဂ္ဂင်လမ်း၊ ရန်ကင်းမြို့နယ်မှာရှိပါတယ်။ ရန်ကင်းစာတိုက်မှတ်တိုင် ကနေဆိုရင်သွားရတာလွယ်ပါတယ်။ ပုံထဲမှာလမ်းညွှန်လေးထည့်ပေးထားပါတယ်ရှင်။ ဆိုင်ဖုန်းနံပါတ်က 09-798668445 ပါ။ Honey (MyLann) #MyLann #Online_Food_Guide #Online_Restaurant_Directory #Food_Review_in_Yangon #Foodie_Myanmar #Seafood_Paragon #Seafood #Yankin