Seafood မီနူးတွေအဓိကရတဲ့ Seafood Paragon မှာ မီနူးအသစ်တွေရနေပြီဗျို့….. 726 views


ပင်လယ်စာတွေချည်းသီးသန့်ရောင်းတဲ့ Seafood Paragon ကိုမှတ်မိကြလားဟင် ! အက်မင်ကတော့ ပင်လယ်စာတွေဆိုအသေကြိုက်တော့ဒီဆိုင်ရဲ့ Page လေးကိုအမြဲကြည့်ဖြစ်တယ်။ အခုလည်း မီနူးအသစ်တွေ ထွက်ပြီဆိုလို့သူငယ်ချင်းတွေကို မရမကခေါ်ပြီးသွားစားလိုက်တယ်။ အက်မင်ဆိုတစ်နေ့တစ်နေ့ ထမင်းစားရင် ကြက်သား၊ ဝက်သား၊ ငါး အဲ့ဒါတွေထဲသံသရာတွေလည်နေတာ။ အိမ်ကလည်း ပင်လယ်စာတွေဆို တော်ရုံနဲ့ချက်တာမှမဟုတ်တာ။ ချက်ရင်လည်း ဆိုင်ကဟင်းတွေလောက်မကောင်းဖူးလေး :P :P  အက်မင်အခုရေးထား တဲ့ပို့စ်လေးက ကိုယ်လိုပင်လယ်စာကြိုက်တဲ့သူတွေအတွက် အထောက်အကူ ဖြစ်မယ်ထင်လို့ ပြန်ရှဲပေးခဲ့ပါတယ်နော်။

 

Seafood Paragon နဲ့ပတ်သတ်လို့ကတော့အရင်ကလည်း တစ်ခေါက်ရေးဖူးတော့သိပြီးသားပေါ့နော့။ သူ့မှာက ပင်လယ်စာနဲ့ပတ်သတ်လို့ မီနူးပေါင်း(၅၀)ကျော်ရှိတယ်။ (အရင်တစ်ခေါက်ကတော့ ၅၀။ အခုတော့မီနူးအသစ်တွေထပ်တိုးပြီဆိုတော့ ငါးဆယ်တော့ကျော်ပြီပေါ့) ဆိုင်ပုံစံကလည်း ရိုးရိုးလေးနဲ့ပဲ ဆိုင်ထဲမှာလည်းထိုင်လို့ရတယ်။ ဆိုင်ပြင်ခြံဝန်းထဲမှာလည်း ညနေပိုင်းလောက်ဆို အေးဆေးထိုင်စားလို့ ရတယ်။  ဈေးနှုန်းတွေကလည်း ဟင်းပွဲအများစုက (၂၀၀၀)ကနေ (၆၈၀၀)အတွင်းပါပဲ။ ဆိုတော့ မီနူးအသစ်လေးတွေကို သိချင်နေလောက်ပြီဆိုတော့ အဲ့ဒီအကြောင်းလေးပဲပြောလိုက်တော့မယ်နော့။

 

ပထမဦးဆုံး Spicy Bowl ဆိုတာလေးနဲ့မိတ်ဆက်ပေးချင်တယ်။ Spicy Bowl ကဘာလဲဆို….. သူ့မှာပုစွန်နဲ့ရေဘဝဲတွေပါတဲ့ ယိုးဒယားခေါက်ဆွဲပြုတ်ပါ။ အရသာအားဖြင့်လည်းပူပူစပ်စပ်လေးနဲ့ အရည်လည်းအရမ်းမရွှဲ၊ အခြောက်ပုံစံမျိုးလည်းမကျ ပေါ့ပေါ့ပါးပါးလေးစားလို့ရတဲ့ တစ်ယောက်စာ Bowl လေးပါ။  ပူပူစပ်စပ်အရသာကိုမှ ရှူးခနဲ ရှဲခနဲနဲ့ ဘေးကလူတောင်ကြည့်ပြီးသရေယိုသွားမယ့်အကွက်တွေ…. :P ဈေးနှုန်းကတော့တစ်ပွဲကို (၅၉၀၀)ကျပ်။ Spicy Bowl ဆိုပေမယ့် အစပ်မစားနိုင်တဲ့သူတွေအတွက် အစပ်မပါအောင်လည်းလုပ်ပေးသလို ပိုပြီးစပ်စပ်ပြဲပြဲလေးစားချင်ရင် အစပ်ထပ်ထည့်ပေးပါတယ်တဲ့။ 

 

နောက် ရေဘဝဲအမွှေးအကြိုင် - သူကတော့အက်မင်အများဆုံးနှိုက်ခဲ့တဲ့ဟင်းပွဲလေးပါ။ ရေဘဝဲကိုမှ မုန်လာဥနီ၊ ပဲသီးတွေနဲ့ချက်ထားတာ။ အနှစ်တွေလည်းအများကြီးပါတော့ အဲ့ဒီအနှစ်နဲ့ထမင်းစမ်းစား ပြီးတော့ ရေဘဝဲ မာမာထုပ်ထုပ်လေးစားလိုက် မုန်လာဥနီကြွပ်ကြွပ်လေးကိုက်လိုက်နဲ့ ကိုယ်တော့တော်တော်လေးခံတွင်းတွေ့ ခဲ့တယ်။ သူကအပူအစပ်ပုံစံပဲ။ ဒါမယ့် စားနေတုန်းမှာမသိသာပေမယ့် စားပြီးသွားရင်တော့ ပါးစပ်ထဲပူစပ်ပူစပ်နဲ့ အစပ်ကြိုက်တဲ့ဘော်ဒါတွေတော့ ဒါလေးစားကြည့်ခဲ့နော်… သူကတစ်ပွဲကို (၆၀၀၀)ကျပ်။

 

နွေဦးပုစွန် - နာမည်ကတော့အစမ်းနော့။ သူက ပုစွန်ကိုမှ ချဉ်စပ်အရသာလေးဖြစ်အောင်ချက်ထားတာ။ ဒါပေမယ့် အရမ်းလည်းမချဉ်သလို သိပ်လည်းမစပ်ပါဘူး။ ပုစွန်အသားချိုချိုလေးတွေကိုမှ ဟင်းအနှစ်လေးတွေ နဲ့ ပြန်နယ်စား။ စားလို့ပိုကောင်းတယ်။ သူကတော့ တစ်ပွဲကို (၆၈၀၀)ကျပ်။

 

ဂဏန်းစိမ်းထောင်း - ဘယ်လောက်တောင်စိမ်းသလဲဆို ဂဏန်းဥကအစ အစိမ်း။ ဂဏန်းတစ်ကောင်လုံးလည်း အစိမ်း။ အစိမ်းတွေကိုထောင်းစားရတာကြိုက်တဲ့သူတွေတော့ ဒီဟာလေးကိုကြိုက်ကြမှာပါ။ မကြိုက်တတ်တဲ့သူ ဆိုရင်တော့ သိပ်ပြီးခံတွင်းတွေ့ကြမှာမဟုတ်လောက်ဘူးထင်တယ်။ (အက်မင်အထင်ပါ) အကယ်၍ အစိမ်း မစားချင်ရင်လည်း ပြုတ်ပေးတယ်ဆိုပေမယ့် အစိမ်းထောင်းကို အစိမ်းလိုပဲစားတာတော့ပိုကောင်းပါတယ်။ သူကတော့တစ်ပွဲကို (၄၀၀၀)ကျပ်ပါ။

 

နောက်ဆုံးက ဂဏန်းကောင်လုံးကြော် - ဂဏန်းတစ်ကောင်လုံးကိုမုန့်နှစ်ဖက်လေးနည်းနည်းကပ်ပြီးကြော်ထား ပုံရတယ်။ :P  သူကတော့အချိုဆိုတော့ အစပ်စားတဲ့သူရော၊ မစားတဲ့သူရော စားလို့အဆင်ပြေတယ်။ ပူပူမွှေးမွှေး ကြွပ်ကြွပ်လေးနဲ့ ဆီလည်းသိပ်မများဘူး။ စားရတာလည်းမခက်ဘူး… ရှက်တော့မရှက်နဲ့ပေါ့နော့ (လက်နဲ့သာဆွဲ) :P သူကတစ်ပွဲကို (၅၉၀၀)ကျပ်။

 

အက်မင်တို့ စားခဲ့တာဟင်းပွဲ(၅)ပွဲနဲ့အအေးတစ်ခွက်ကို Share ပြီးရှင်းလိုက်တော့ တစ်ယောက်ကို (၈၀၀၀) ဝန်းကျင်ပဲကျတယ်။ လေးယောက်လံးဗိုက်ပြည့်အောင်ဆွဲခဲ့ရပါတယ်လို့….

 

ဒါနဲ့ ဒီမှာ Ocean Plate ဆိုတာ ပင်လယ်စာအစုံပါပြီးချဉ်စပ်အရသာရှိတဲ့ဟင်းပွဲလေး ရနေပါပြီတဲ့။ အဲ့ဒီဟင်းပွဲကလည်းလူကြိုက်များတဲ့ဟင်းပွဲတွေထဲကတစ်ပွဲပါတဲ့။ ဒီတစ်ခေါက်တော့မစားခဲ့ရလို့ နောက်မှပဲသွားစားကြည့်တော့မယ်။ ဘော်ဒါတွေသွားစားပြီးရင်လည်း အဲ့ဒါလေးဘယ်လိုနေလည်း ပြောပြပေးအုံးနော့။

 

ဆိုင်ကမနက် (၁၁)နာရီကနေ ည(၁၀)နာရီအထိဖွင့်တယ်နော်။ အနီးအနားဆိုရင်လည်း Delivery ရှိတယ်တဲ့။ ဟင်းပွဲတွေလုပ်တာကသိပ်မကြာဘူးဆိုပေမယ့် ဗိုက်ဆာတယ်၊ မစောင့်ချင်ဘူးဆို သွားနေရင်းနဲ့ (၁၅)မိနစ်လောက် ကြိုပြီးဖုန်းဆက်မှာထားပေါ့။ ထမင်းစားချိန်တွေ၊ ညနေဘက်တွေဆိုလူများတတ်တော့ Reserve လေးတော့ကြိုလုပ်လိုက်ပေါ့။ ဖုန်းနံပါတ်က 09-798668445 ပါ။

 

Seafood Paragon မှာထူးထူးခြားခြားအစီအစဉ်လေးတစ်ခုက အပေါ်ဆုံးမှာအက်မင်ရေးခဲ့တဲ့ Spicy Bowl သွားစားခဲ့မယ်ဆိုရင် အဲ့ဒီ Spicy Bowl ရဲ့ဓါတ်ပုံနဲ့အတူ Seafood Paragon မှာ Check in တင်။ ပြီးရင် အဲ့ဒါကို Secreen Shot ရိုက်ပြီး Record လုပ်ထားပါ။ ဆိုင်ဘက်က မေလဆန်းပထမအပတ်လောက်မှာ အဲ့ဒီ Screen Shot တွေကိုတောင်းလိမ့်မယ်။ အဲ့ဒါတောင်းထားတဲ့ပို့စ်ရဲ့အောက်မှာ အဲ့ Screen Shot ကို Comment ပေး။ အဲ့ဒီထဲကမှ မဲနှိုက်ပြီး သူတို့ လက်ဆောင်တွေပေးဖို့အစီအစဉ်ရှိပါတယ်တဲ့။ ကဲ…. မဲပေါက်သွားတဲ့လူရှိရင်တော့ အက်မင့်ကိုတစ်ဝက်ပေးရမယ်နော့…..

 

ဆိုင်လိပ်စာလေးက အမှတ် (၇)အေ၊ မဂ္ဂင်လမ်း၊ ရန်ကင်းမြို့နယ်မှာရှိပါတယ်။ ရန်ကင်းစာတိုက်ကနေဆို သွားရတာပိုနီးပါတယ်။  ပုံထဲမှာလမ်းညွှန်လေးထည့်ပေးထားပါတယ်။

 

Honey (MyLann)
#MyLann #Online_Food_Guide #Online_Restaurant_Directory #Food_Review_in_Yangon #Foodie_Myanmar #Seafood_Paragon #Seafood #Yankin