စည်းစိမ်မြန်မာထမင်းဆိုင် 672 views


စည်းစိမ် မြန်မာထမင်းဆိုင် ဒီတစ်ခေါက်တော့သိပ်မရောက်ဖြစ်တဲ့ သန်လျင်ဘက်ကိုသွားရအောင်။ ကိုယ်တွေလည်း ကျိုက်ခေါက်ဘုရားဘက်သွားရင်းနဲ့မှ အပြန်သန်လျင်မြို့ထဲမှာဗိုက်ဆာလို့ #စည်းစိမ် ဆိုတဲ့ဆိုင်မှာ ဝင်ဆွဲဖြစ်ခဲ့တာ။ MyLann ဘော်ဒါတွေကိုပြန်မျှဝေပေးအုံးမယ်။ ဒီဆိုင်လေးကဖွင့်ထားတာ တစ်လတောင်မပြည့်သေးဖူးပြောတယ်။ လူကြီးတွေပါလို့သာစားတာ။ ဆိုင်မှာစားရင်ဟင်းတွေက အရသာအီလည်လည်ကြီးတွေနဲ့၊ ဆိုတော့ ကိုယ်တွေအပြင်မှာဆို ထမင်းဟင်းကို အပြင်မှာသိပ်မစားဖြစ်ဘူး။ ဒီဆိုင်လေးမှာ မြန်မာထမင်းဟင်းပဲရောင်းတယ်။ အဲ့ဒါတွေကိုမှ ကြက်၊ ဝက်၊ ငါး၊ ပုစွန်၊ ဆိတ်၊ ပုစွန်၊ ငါး၊ ငါးဖယ်၊ ငါးဆုပ်၊ ဂျီ၊ ဆတ်သား အဲ့ဒါတွေကိုမှ မီနူးအစုံအမျိုးပေါင်း(၃၀)ကျော်ရှိတယ်။ ဟင်းပွဲဈေးနှုန်းတွေက (၂၅၀၀)ကနေ (၄၀၀၀)အတွင်းမှာရှိတယ်။ လူတစ်ယောက်စားမယ်ဆိုရင် ဟင်းကတော့ကိုယ်ကြိုက်တာကိုမှာပေါ့နော်။ ပြီးရင် ထမင်းကတစ်ခါစားရင် (၆၀၀)ယူတယ်။ အဲ့ဒီမှာအတွဲလိုက်အနေနဲ့ဘာပါလည်းဆို အရံဟင်း(၃)မျိုးနဲ့ ဟင်းရည်ပေးတယ်။ အရံဟင်းတွေကသူတို့တစ်ရက်နဲ့တစ်ရက်မတူအောင်စီစဉ်ပေးတယ်ပြောတယ်။ ကိုယ်တွေသွားတဲ့နေ့က ပဲသီးကြော်၊ ရွှေဖယုံသီးကြော်၊ သံပုရာသီးသနပ်နဲ့ အရည်ကမုန်လာဥအချဉ်ဟင်း အဲ့ဒါတွေ။ ကိုယ်တွေစားခဲ့တဲ့ ဟင်းပွဲတွေက တောဝက်သားဟင်း၊ ပုစွန်ကြော်၊ ငါးမြင်း၊ ဆတ်သား၊ ငါးသလောက်ပေါင်း နဲ့ ကိုယ်တွေအကြိုက် ငါးရံ့နဲ့ဒန့်ဒလွန်သီးဟင်းတွေ။ ဟင်းတွေကိုသေချာစား ကြည့်တော့မှတစ်ခုသိရတာက ဒီဆိုင်ကဟင်းတွေအကုန်လုံးရဲ့လက်ရာက ဆိုင်ချက်အရသာမရဖူး။ ကိုယ်တွေအိမ်မှာစားနေရသလိုပဲ။ အရသာမတူပေမယ့်ဆိုင်ချက်မဟုတ်တဲ့အတွက် သဘောကျတယ်။ ပြီးတော့ဟင်းတွေတော်တော်များများကိုကြည့်လိုက်တော့ ခရမ်းချဉ်သီးနဲ့ ငရုတ်သီးစိမ်းကိုပဲ အဓိကထည့်ချက်ထားတယ်။ ဟင်းတွေကလည်းဆီအရမ်းမများဘူး။ ဆိုတော့ စားလို့လည်းအဆင်ပြေတယ်။ နောက်သူတို့ပေးတဲ့ငါးပိရည်၊ တို့စရာလည်းကောင်းတယ်။ ငါးပိရည်က ကြက်သွန်ဖြူနဲ့ငရုတ်သီးစိမ်း နဲ့ပဲဖျော်ထားတာ။ မွှေးမွှေးလေးနဲ့စပ်စပ်လေး။ တို့စရာကလည်း (၉)မျိုး၊ (၁၀)မျိုးလောက်ပါတယ်။ ကိုယ်တွေတော့စားလို့ကောင်းလို့ဆို ထမင်းတွေထပ်ထပ်ယူရလွန်းလို့ ထမင်းအုပ်ကြီးဘေးနားချထား ရတယ်။ အခြားထပ်မှာခဲ့တာတွေက ကိုက်လန်ရွက်ကြော်၊ မှာမှကြော်ပေးတာဆိုတော့ပူပူနွေးနွေးလေး။ တစ်ပွဲ မှ (၁၀၀၀)။ နောက် ရှောက်သီးသုပ်နဲ့ မြင်းခွာရွက်သုပ်။ ကြိုသုပ်ထားတာတွေမဟုတ်လို့ ညည်းတာတွေ၊ ဘာတွေမရှိဖူး။ ကောင်းကောင်းလေးစားရတယ်။ အခြားအသုပ်တွေအကြာ်တွေလည်း ရတယ်။ အဲ့ဒါတွေအကုန်တစ်ပွဲ(၁၀၀၀)ပဲ။ စားပြီးတော့အချိုပွဲအနေနဲ့က ငှက်ပျောပေါင်းတစ်ယောက်တစ်ပွဲလာချပေးတယ်။ နောက် စားပွဲပေါ်မှာလည်း ထန်းလျက်၊ ဖရုံယို၊ မန်ကျည်းတော်ဖီနဲ့ကြက်ဥမြေပဲတွေ ဗူးလေးတွေနဲ့ထည့်ပေး ထားတယ်။ အဲ့ဒါတွေအကုန်က Free ကျွေးတာ။ နောက်ရေနွေးပူပူလေးလည်းလာချပေးတော့ လူကြီးတွေအတွက်အဆင်ပြေတယ်လေအော်။ ဖျော်ရည်တွေဘာတွေသောက်ချင်တယ်ဆို အသီးဖျော်ရည်တွေရတယ်။ ကိုယ်ကထောပတ်သီး ဖျော်ရည်သောက်ခဲ့သေး။ မဆိုးဖူး အရမ်းလည်းမချိုဘူး။ တစ်ခွက်ကို (၁၅၀၀)ပဲ။ အခြား ကျောက်ကျော၊ ဆေးကုလားမ အဲ့လိုဖျော်ရည်တွေလည်းရှိတယ်။ တစ်ခွက် (၈၀၀)တဲ့။ အခန်းထဲမှာဆိုတော့ မိသားစုအေးဆေးစကားလေးဘာလေးပြောပြီးစားလို့ရတယ်။ အဲကွန်းလေးလည်းပါတော့ အေးဆေးပဲလေ။ ဘေစင်လည်းပါတော့ အဖိုင်းပဲ။ အခန်းခလည်း(၄၀၀၀)ပဲလေ။ အချိန်အကန့်သတ်လည်းမရှိဘူး။ လူကြီးတွေဆို ကြိုက်ကြတာက ဟင်းအရသာလေးတွေကောင်းလို့ရယ်၊ နောက် ငါးမြင်းတို့၊ ဆတ်သားတို့ဆိုလည်း အစစ်တွေကိုသုံးထားတာဆိုတော့ သဘောကျကျတယ်။ စစ်လားမစစ်လား လူကြီးတွေပဲသိတာလေ ကိုယ်တွေကတော့စားဖို့ပဲသိတာလေ