အောင်မင်္ဂလာ ရှမ်းအစားအစာ 739 views


"ရှမ်းခေါက်ဆွဲကြိုက်သူများအတွက်"

ဒီ တစ်ပတ်ပိတ်ရက် မှာ မေမေနဲ့ အတူ ဗိုလ်ချုပ်ဈေး သွားကြတယ်လေ နေပူပူနဲ့ အပြင်မထွက်ချင်တဲ့ သမီးကို မရရအောင် မုန့် တွေဝယ်ကျွေးမယ်ဆိုပြီးခေါ်ပါလေရော ။

ဗိုလ်ချုပ်ဈေးမှာလိုအပ်တာတွေဝယ်ပြီးအနောက်ဘက် တံတားဟောင်းလေး ကနေ သားအမိနှစ်ယောက် လမ်း လျှောက်ရင်း နဝဒေးလမ်းနဲ့  ဗိုလ်ရာညွန့် လမ်းထောင့်က ဆိုင်လေးတစ်ဆိုင်ကို သတိထားလိုက်မိပါတယ် ထိုင်စရာ နေရာမရှိအောင် နိုင်ငံခြားသားတွေအပါအဝင် ပြည့်လျှံနေတဲ့  ဆိုင်လေးက"အောင်မင်္ဂလာ" ရှမ်းအစားအစာ ရောင်းတဲ့ ဆိုင်လေးပါ။

‪#‎ရှမ်းခေါက်ဆွဲ‬
ရှမ်းဆိုင်စစ်စစ်မို့  လက်ရာကို အထူးပြောမနေတော့ ဘူးနော် ရှားပါးအချဉ် လေးကတော့ ရှမ်းအစိမ်းဖတ် အချဉ်လေးပါ ဆိုင်တိုင်းမရပါ ရှမ်းဆိုင်စစ်စစ်မှာသာရလေ့ရှိတာပါ ။ သူရဲ့  ထူးခြားတာကတော့ အသားဖတ်မျှင်မျှင်လေးတွေသာမက အသားတုံး လေးတွေပါပါတာတွေ့ ရပါတယ် တစ်ပွဲ ၂၀၀၀ကျပ်ပါ ။

‪#‎ကြက်သားခေါက်ဆွဲကြော်‬
အရည်စိုစိုလေးနဲ့ ချဉ်စပ်လိုလို အရသာလေးကလည်းကောင်းမှကောင်းပေါ့ ခေါက်ဆွဲသားကလည်း နူးညံ့ပြီးစားကောင်းပါတယ် ။ အသီးအရွက်တွေလည်းပါတော့ ထူးအကြိုက်ပေါ့ အသားလည်း များပါတယ် တပွဲကို ၃၀၀၀ကျပ်ပါ။

‪#‎ငါးဖယ်လုံးသုပ်‬
အရည်သောက်လည်းရနိုင်ပါတယ် ။ ထူးကတော့ အသုပ် ကြိုက်လို့ ပါ ငါးဖယ် လုံးကြိုက်နှစ်သက်တဲ့  သူတွေအတွက်အဆင်ပြေပါတယ် တပွဲ၁၅၀၀ကျပ်ပါ။

ဒီဆိုင်လေးက နဝဒေးလမ်းမှာနေတဲ့ သူတွေမသိသူမရှိနီးပါး ပေါ့ ။ ဈေးကတော့ သာမန်ရှမ်းခေါက်ဆွဲ ဆိုင်တွေထက် နည်းနည်းများပေမဲ့ အရသာ ကောင်းကောင်းကြိုက်သူများကိုတော့ ဒီဆိုင်လေးလည်း အဆင်ပြေလို့ ညွန်းလိုက်ပါတယ်နော်။

Htoo Htoo (MyLann)