ကိုယ့်ရဲ့  အကြိုက်ဆုံး ရှမ်းအစားအစာဆိုင်လေး ကို Mylann မိတ်ဆွေများကို ဝေမျှပေးချင်လို 780 views


တောင်ဥက္ကာလာပမြို့ နယ် မှာ ရှိတဲ့ " အောင်သီဟ" ဆိုတဲ့ ရှမ်းဆိုင်လေးပါ။ တောင်ဥက္ကာလာ၊ သုမင်္ဂလာလမ်း မှာရှိပါတယ်။

သူငယ်ချင်းသုံးယောက် သွားစားဖြစ်ခဲ့တဲ့ အဲ့ဒီဆိုင်က အစားအစာလေးတွေကို အရင်ဆုံး တစ်ခုချင်း ပြန်လည်မျှပေးမယ်နော်ပြီးမှဆိုင်အကြောင်းလေးပြန်သွားကြတာပေါ့နော်

‪#‎သာကူလုံး‬
သာကူးလုံးကိုး ကြက်သားအစာသွတ်ပါ ။ တစ်ပွဲမှာ ၈လုံးပါပြီ စားကောင်းပါတယ်။ တစ်ပွဲတည်းမလောက်လို့ နောက်တပွဲထပ်မှာရတဲ့အထိကောင်းပါတယ်။ သာကူကို အစာသွတ်ပြီးပြန်ပေါင်းထားတာပါတဲ့  ။တစ်ပွဲမှ ၁၀၀၀ကျပ်တည်းမို့  အရမ်းတန်ပါတယ်နော်။

‪#‎ဝက်သားချဉ်သုပ်‬
ဝက်သားရဲ့  အရသာကိုက အချဉ်ဖက် ပါနေတာမို့  ထပ်မံမွမ်းမံထားတဲ့  အစာပလာတွေက တော့ သိပ်မများပါဘူး ပုံမှန်အသုပ် သဘောတရားမှာပါတဲ့ ကြက်သွန်နီ ရယ် ခရမ်းချဉ်သီးရယ်ပါ တခြားဆိုင်တွေမှာ တွေ့ လေ့တွေ့ ထမရှိတဲ့  စပါးလင် ပါနေတာကိုတော့ ထူးထူးခြားခြားတွေ့ မြင်ခဲ့ ရပါတယ်ရှင့် အနံ့  အရသာအတွက် ပိုမို ထူးခြားစေတဲ့  ဆွဲဆောင်မှု ပါ ၊၊၊ဝက်သားအစား ကြက်သား ပြည်ကြီးငါး ကြက်ခြေထောက်တို့ ကိုလည်းအဲ့ဒီအရသာတိုင်းမှာစားလို့  ရပါတယ်တဲ့  ။ ဈေးနှုန်းအားဖြင့်တပွဲကို ၂၅၀၀ ကျပ်ပါနော။်

‪#‎ငါးချဉ်စပ်‬
ငါးအကောင်အရွယ်အစား ကလည်း ကြီးပြီး ယိုးဒယားငရုတ်အနှစ် တရုတ် ငါးရုတ်အနှစ်ကို ပေါင်းစပ်ထားပြီး စပါလင် ကြက်သွန်မြိတ် ဟင်းခတ်အနှစ် တရုတ်နံနံပင်တို့ နဲ့  မွမ်းမံထားတာပါ ။
စားကြည့်ပြီးတဲ့ချိန် ထူးခံစားလိုက်ရတဲ့ အရသာကတော့ ချဉ်စပ် ရယ်လည်းမဟုတ် ပဲငါးပိ အရသာလေးပါသလိုလို အရမ်းမိုက်တာတွေ့  လိုက်ရတယ် ။ ငါးကို ကြော်ထားပြီးချက်တဲ့အတွက် အရသာ လေး အိနေတာပါပဲ ။ သူက မှာရင် အချိန် မိနစ်၂၀ခန့် စောင့်ရပါတယ်။ တစ်ပွဲကို ၄၅၀၀ ကျပ်ပါ။

‪#‎ဂဏန်းမဆလာ‬ ယိုးဒယားချက်
အကောင်ကြီး ၄ကောင်ပါတဲ့  ဟင်းတပွဲ ၅၀၀၀ပါတဲ့။ လူ ၃ယောက် ကောင်းကောင်းစားလို့  ရပါတယ်။ လတ်ဆတ်တယ်။ ဂဏန်းကတော့ ပြုတ်မထားပဲအစိမ်းချက် ပေးထားတဲ့အတွက် ပိုစားကောင်းပါတယ်။ ယိုးဒယားဟင်းအနှစ်တွေတာသုံးထားတာပါတဲ့  ရှင်။

ကဲ ဟင်းတွေမိတ်ဆက်ပေးပြီးပြီဆိုတော့ ဆိုင်အကြောင်းလေး ပြန်သွားကြတာပေါ့နော် ။ ဒီလို အရသာထူးထူးခြားခြားလေးရယ် သန့် သန့် ရှင်းရှင်း ဆိုင်အပြင်အဆင်လေးနဲ့  ဈေးနှုန်းသက့်တင့်စွာ စားသုံးနိုင်ဖို့  Mylann မိတ်ဆွေတွေကို ထူး က လမ်းညွန်ပေးတာပါ ကားပါကင်အတွက်လည်း ဆိုင်ရှေ့ မှာ ရှိပါသေးတယ် မနက်စာ ရှမ်းအစားအစာတွေကြိုက်နှစ်သက်သူတွေအတွက် လည်း မနက် ၈နာရီမှ ညနေ၁၀နာရီထိ ရောင်းချပေးနေတာပါနော် ဆိုင်အနီးအနားတဝိုက် ကိုလည်း Delivery ပို့ ပေး ပါတယ်တဲ့ 

ရာသီစာ ဖျော်ရည် မျိုးစုံကို လည်း ရောင်းချပေးတာတွေ့ ရပါတယ် ဈေးနှုန်းကတော့ ၁၅၀၀ကျပ်ပါ အဲ့နေ့ က သောက်ဖြစ်ခဲ့တဲ့  မုန်လာဥနီ ဖျော်ရည်လေးကလည်း စိမ့်စိမ့်လေးနဲ့  သောက်ကောင်းပါတယ် ရှင့်

ဆိုင်လိပ်စာကို သေချာမှတ်ထား လို့  ရအောင်ပါရှင့်

အောင်သီဟ ရှမ်းစားသောက်ဆိုင်
အမှတ် ၃၅၄ သုမင်္ဂလာလမ်း (၉) ရပ်ကွက် တောင်ဥဣာလာပမြို့ နယ် မှာပါနော်။ ဖုန်းနံပါတ် ၀၉၇၈၆၃၁၈၀၇၄ ကို ဆက်သွယ်နိုင်ပါတယ်။

Htoo Htoo (MyLann)