Shan Noodle Shop @Nan Htike 824 views


ကော်ရည်ခေါက်ဆွဲ နာမည်ကြီးတယ် ဆိုတဲ့ နန်းထိုက် ရှမ်းခေါက်ဆွဲဆိုင်ပါ ။ အရသာလည်း ကောင်းတယ် ။ကော်ရည် ခေါက်ဆွဲမှာ ထည့်စားရတဲ့ ငပိထောင်းနဲ့  ရောမွေလိုက်ရင် ခံတွင်း တော်တော်မှိန်တယ်လေ။ ကိုယ်တွေ နန်းထိုက် ရောက်ရင် ကြက်အရေခွံကြော်နဲ့  ငါးသံပုရာပေါင်းတော့ မပါမဖြစ်ပဲ။

သူငယ်ချင်း လုပ်ဖော် ကိုင်ဖက်တွေနဲ့  အဖွဲ့ လိုက် သွားစားရင် ပိုအရသာရှိတယ် ။ ဘာလို့ လဲ ဆိုတော့ ငါးပေါင်းတို့  ၊ မာလာဟင်း တို့ ဆိုတာက အများကြီးပါတော့ အဖွဲ့ လိုက် တွယ်မှ ပိုတန်တာကိုး။ဈေးနှုန်းကတော့

ငါးသံပုရာပေါင်းက တစ်ပွဲ - ၆၀၀၀ ကျပ်
ကြက်အရေခွံကြော် တစ်ပွဲ - ၁၅၀၀ ကျပ်
မာလာဟင်း (ကြက်သားနဲ့  ) - ၄၀၀၀ ကျပ်

တစ်ခုတော့ ရှိတယ် ။ဒီဆိုင်က နာမည်လည်း ရတာကြာပြီ ဆိုတော့ အရသာပိုင်းကတော့ ပြောစရာမရှိပေမဲ့ Service ပိုင်းကတော့ နည်းနည်းသည်းခံရတယ်။ လူတွေများရင် ကိုယ့်ဟာ ရောက်လာဖို့  မျှော်ရတာ ခေါင်းတပြင်ပြင်ပေါ့။ ဝန်ထမ်းတွေလည်း အလုပ်များလွန်းလို့  မနည်းခေါ်ရတယ်။ ညနေပိုင်းဆိုရင် နေရာရဖို့  ခက်တယ်။

အဲ့ဆိုင်မှာ အကြိုက်ဆုံးတွေ ပြောပါဆိုရင် ကော်ရည်ခေါက်ဆွဲ ၊ ငါးသံပုရာပေါင်း ၊ ကြက်အရေခွံကြော် နဲ့  မာလာဟင်းတို့ ပါ။

နေရာကတော့ ...
ဗိုလ်ချုပ်လမ်းမတန်း (၄၆လမ်းနဲ့ ၄၇လမ်းကြား) မှာပါ။

Fred ( MyLann)