BBQ @Shwe Pan Seng 697 views


ပိတ်ရက်တုန်းက ဆရာစံလမ်းထဲက ရွှေပန်ဆိုင်းအသားကင်ဆိုင်ကို ရောက်ခဲ့သေးတယ်။ ဆိုင်လေးကတော့ မဆိုးဘူး ကိုယ်မှာစားဖြစ်ခဲ့တာ တွေကတော့...

မာလာဟင်း နဲ့ ကြက်ပေါင်း
အာလူးသေးသေးလေးအကင်
ထမင်းမစားပဲခေါပုတ်ကင်နှင့် ဆီတိုဟူး တို့ ပါ။

ပူပြင်းတဲ့ ရာသီမှာ ကြက်ပေါင်းက ကုန်ခမ်းသွားတဲ့အားအင်အတွက်ကောင်းပါတယ်။အရသာလည်း တော်တော်ရှိတယ်။ အရွက်များများနဲ့မာလာဟင်းစပ်စပ်လေး ပါ။ အာလူးကင်ကလည်း စိမ့်စိမ့်လေးပါ။ ဈေးနှုန်းကတော့ ..အားလုံးပေါင်း တစ်သောင်းခွဲလောက် ကျပါတယ်။ နှစ်ယောက် သုံးယောက် စားလို့ ရတယ်။

Sandi ( MyLann)