SP Bakery 817 views


ပူတယ်နော်။ တစ်နေ့က ဆရာစံလမ်းမ SP Bakery မှာ WiFi ကောင်းလို့ Internet သွားသုံးရင်းနဲ့ အအေးဆန်းဆန်းပြားပြားလေးမှာသောက်ကြည့်တယ်။

အအေးနာမည်က SKB တဲ့။ လာချချချင်း မြင်လိုက်တော့ ကမ်းခြေရောက်သွားသလိုခဏခံစားလိုက်ရတယ်။ အဲတာနဲ့တင် ငါးထောင် ပေးရတာတန်ပါတယ် tongue emoticon
အရသာကိုလည်းကြိုက်တယ်။ စတော်ဘယ်ရီ၊နဂါးမောက်သီး နဲ့ နာနတ်သီးသုံးမျိုးပါတော့ ချိုချိုချဉ်ချဉ်လေး၊ Strawberry Smoothie ကတော့ သူငယ်ချင်းသောက်တာ၊မြည်းကြည့်တော့ပုံမှန်ပါပဲ။ ဆော်လမွန်ဥလေးတွေလို ပါးစပ်ထဲရောက်မှပေါက်သွားတဲ့ အချိုလုံးလေးတွေတော့ ပါတယ်။

SP မှာနောက်ထပ်စားလို့ကောင်းတာကတော့ ဝက်မြေဥကိတ်ပါ။ (တစ်ခြားနေရာတွေမှာ သိပ်မရဘူးထင်တယ်။) အရသာက ဆိမ့်ဆိမ့်လေး၊ အိလည်းအိတော့ စားရတာအရသာရှိတယ်။

ဆိုင်ရှေ့ မှာ ပါကင်လည်းရှိတော့ကားနဲ့လာလို့အဆင်ပြေပါတယ်။

Htet Htet ( MyLann)