SP Bakery 860 views


ဒီနေ့  နေ့ လည် က SP bakery ရဲ့  ဖိတ်ကြားမှုနဲ့ Mango Season Products အသစ်လေးတွေ မိတ်ဆက်ပွဲ ကို Mylann Team အနေနဲ့ သွားဖြစ်ခဲ့ တာလေး ဝေမျှချင်ပါတယ်။
ဆိုင်ကိုရောက်တော့ မိတ်ဆက်ပွဲလေးမှာတာဝန်ရှိသူတွေရဲ့ပြောပြချက်အရ SP Bakery ဆိုင်လေးရဲ့  သမိုင်းကတော့
1969 ခုနှစ်ထဲက မိုးကုတ်မြို့ မှာစတင်ဖွင့်လှစ်ခဲ့ပြီး ယခု အချိန်ထိ Mandalay မြို့ မှာ ဆိုင်၆ဆိုင်နဲ့ ရန်ကုန် မြို့ မှာ တော့ အမှတ်(56) ဆရာစံလမ်း ဗဟန်းမြို့ နယ်မှာ ဖွင့်လှစ်ထားပါတယ်လို့ ပြောပြပါတယ်။

ဒီနေ့  အထူး မိတ်ဆက်တဲ့ မေလနဲ့ ဇွန်လအတွက် mango seasons products တွေကတော့ Sponge cake၊Fresh mango delight၊ Fresh mango ice cream တို့ ဖြစ်ပြီးသူတို့ တစ်ခုစီရဲ့ အရသာကို မြည်စမ်းကြည့်ဖြစ်ခဲ့ပါတယ်ရှင့်။

မကြာခင် promotion လုပ်မယ့် Fresh mango Sushi ကိုလည်းအရသာရှိရှိသုံးဆောင်ခဲ့ပါသေးတယ်။ Donut ကြိုက်သူများအတွက်တော့ Fresh Donut ice cream ကို ရောင်းချပေး နေပြီဖြစ်ကြောင်းMylann မိတ်ဆွေများကို ဝေမျှပေးလိုက်ပါတယ်။

My Lann