ရုံးသုံးရက်ပိတ်တော့ ဘယ်ဆိုင်မှာဘာလေးတွေစားကြမလဲ ? 1924 views


ချဉ်ချဉ်စပ်စပ်ကြိုက်တဲ့ ခေးလေးတွေနဲ့ ကိုကိုမမတွေအတွက် တော်ဝင်စင်တာမှာဆိုင်လေးတစ်ဆိုင်တွေ့ထားပါ တယ်။ ‘Spicy Forest’ ဆိုတဲ့ထိုင်းဆိုင်လေးပါ… ဆိုင်နာမည်လေးအတိုင်းပဲ၊ ဒီဆိုင်မှာ ချဉ်ချဉ်နဲ့ စပ်စပ် မီနူးလေးတွေအစုံရတယ်။ ဈေးနှုန်းလေးတွေလည်း သင့်တင့်တဲ့အပြင် နေရာထိုင်ခင်းလေးကလည်း သပ်သပ်ရပ်ရပ်နဲ့ ထိုင်ရတာအေးအေးဆေးဆေးရှိပါတယ်။

 

ဟိုးအရင်ကဒီဆိုင်မှာစားဖူးပါတယ်၊ တော်တော်တော့ကြာပြီ။ အဲ့ဒီတုန်းက ဆိုင်က ပန်းအိုးလိုမျိုးနဲ့ပန်းအစိမ်းတွေနဲ့တစ်ဆိုင်လုံးကို Decoration လုပ်ထားတာဆိုတော့မှောင်သလိုလိုလေးဖြစ်နေ တယ်။ အခုတော့ Decoration တွေအကုန်ပြန်ပြင်ထားတာ။ အခြားဆိုင်သစ်တစ်ဆိုင်လိုပဲ…. နောက် မီနူးပိုင်းကလည်းအရင်ကလိုမဟုတ်ဖူး။ ကိုယ်ပဲမရောက်တာကြာလို့လားတော့မသိ… ဈေးတွေလည်း အရင်ကလောက်မများသလို၊ မီနူးလည်းတိုးလာတာတွေတွေ့တယ်။

 

Spicy Forest ကနာမည်ကြီးတာက ပြောင်းဖူးထောင်း၊ ဝက်ဂုတ်သားကင်သုပ်၊ ပင်လယ်စာပဲကြာဇံသုပ်နဲ့ သံပြားပူတုန်ယမ်းထမင်းကြော်… အဲ့ဒါတွေပါ။ ဒါပေမယ့်ဒီတစ်ခေါက်တော့ ကိုယ်တွေညီအမသုံးယောက် ဘာတွေစားခဲ့သလဲဆိုတာ အောက်မှာသေချာကြည့်ပေးနော်…

 

Boiling Pot (TomYum) - ဒီမှာပုစွန်၊ ရေဘဝဲ၊ ပြည်ကြီးငါးနဲ့ ပြောင်းဖူးတွေ ပါတယ်။ သူ့ရဲ့အနှစ်အရသာကစိမ့်တယ်။ စပ်တယ်… ပူပူလေးနဲ့။ ဒီထဲမှာ ခရမ်းချဉ်သီး၊ ပန်းဂေါ်ဖီ၊ မှိုတွေလည်းပါသေးတယ်။ ဒီ Pot ကတစ်အိုးကို (၁၂၀၀၀)ကျပ်ပါ။ ဒီထဲကိုခေါက်ဆွဲထည့်စားချင်လည်း ရတယ်တဲ့

 

Spicy Seafood Bucket - ဒီမှာတော့ပုစွန်(၁၀)ကောင်လောက်ပါတယ်။ အခြား ရေဘဝဲ၊ ပြည်ကြီးငါး၊ ပြောင်းဖူး အဲ့ဒါတွေပါတယ်။ အရသာကတော့ ချဉ်တယ်၊ စပ်တယ်။ ပြီးတော့ ပုစွန်ရဲ့အချိုအရသာလည်းထွက်တယ်။ လေးလေးကြီးမဟုတ်ပဲ အရသာကပျော့ပျော့၊ အရည်ကျဲကျဲလေးနဲ့…. ကိုယ်တွေစားဖူးနေကျပုံစံမျိုးမဟုတ် တော့ တစ်မျိုးထူးထူးခြားခြားလေးနဲ့သောက်ကောင်းတယ်။ ချဉ်ချဉ်စပ်စပ်လေး သူကတစ်ပွဲကို (၁၅၀၀၀)ကျပ်။

 

ပြောင်းဖူးထောင်း - ပြောင်းဖူးအချိုလေးကိုမှ မအီအောင် Sauce အချဉ်လေးနဲ့ဆိုတော့ မအီပဲ လိုက်ဖက်ညီသွားတယ်။ ဂေါ်ဖီဖက်လေးတွေနဲ့ မြေပဲလေးတွေလည်းပါတော့ စားရတာပျင်းပျင်းကြီးမနေတော့ ပိုမိုက်တယ်။ တစ်ပွဲကို (၃၀၀၀)ကျပ်ပါ။

 

ငါးသံပုရာပေါင်း - ကက်ကတစ်ငါးလေးဆိုတော့အရိုးဘာညာ အာရုံနောက်စရာမလိုဖူး။ သံပုရာသီးရဲ့စူးစူးရှရှ၊ ပြင်းပြင်းရှရှအရသာလေးနဲ့ ဆိုတော့ ငါးဖက်လေးကိုစားလို့ရော အရည်သောက်လို့ပါကောင်းတယ်။ သူကတစ်ပွဲကို (၈၀၀၀)ကျပ်ပါ။

 

သံပြားပူဝက်ဂုတ်သားကင် - သူကတော့ဝက်ဂုတ်သားမာဆတ်ဆတ်လေး၊ ချိုချိုလေးနဲ့ Sauce ချဉ်ငံစပ်လေး… ကြက်ဥကြော်လေးနဲ့ ထမင်းလေးလည်းပါတယ်။ ဒီတစ်ပွဲကိုက (၅၆၀၀)ကျပ်ပါ။

 

တစ်ခုရှိတာက အစားအစာတွေမှာ ပါဝင်တဲ့ဆော့စ်တွေ၊ တို့စား၊ စပ်စားရတဲ့ဆော့စ်တွေကတော်တော်လေး မိုက်တယ်။ ချဉ်ချဉ်စပ်စပ်နဲ့… ချဉ်စပ်ကြိုက်တဲ့သူတွေတော့ခဏခဏတောင်းနေရမှာသေချာတယ်။ အအေးမီနူးတွေလည်းရတယ်။ ကိုယ်တွေတော့ဗိုက်တင်းပြီးမသောက်ခဲ့ရဖူး။ မှာထားတာတွေတောင် လောဘတွေကြီးပြီးမှာချင်တာတွေ ဘာမကြည့်ညာမကြည့်မှာထားလို့ အိမ်ပါဆယ်ထုတ်ခဲ့ရသေး

ဒါနဲ့ ပိုက်ဆံရှင်းမှသိရတာက 10%Discount Off ကိုမတ်လကုန်အထိပေးထားတယ်

 

ဒီဆိုင်လေးက တော်ဝင်စင်တာ Basement မှာရှိပါတယ်။ Orange ရဲ့ဘေးပေါက်နားမှာပါ။ Reservation တွေ၊ ဘာတွေအတွက်ဆို 01-8600111(1151) နဲ့ 09-445419281 ကိုဆက်သွယ်နိုင်ပါတယ်။ ဆိုင်က မနက်(၉)နာရီကနေ ည(၉)နာရီထိ စင်တာဖွင့်တဲ့အချိန်အတိုင်းဖွင့်တယ်။

 

Honey (MyLann)

#MyLann #Online_Restaurant_Directory #Online_Food_Guide #Food_Review_in_Yangon #Foodie_Myanmar #Foodie #Food_Lover #Food_Crazy #Food

#Spicy_Forest #Thai_Restaurant #Thai_Cuisine