မာလာဟင်းကြိုက်တဲ့သူတွေအတွက် Spicy House ဆိုတဲ့ဆိုင်လေးအကြောင်းလေးပြောပေးမယ်နော်။ 1679 views


Spicy House ကိုတော့လူတိုင်းသိနေကြပြီထင်ပါတယ်။ ဒီဆိုင်လေးစဖွင့်တော့ Hledan Centre မှာ။ အခုနောက်တစ်ဆိုင်က Junction Maw Tin မှာထပ်ဖွင့်ထားတယ်။ ကိုယ်တွေလဲ Junction Maw Tin ကဆိုင်မှာပဲသွားစားခဲ့တယ်။

ဒီဆိုင်မှာအဓိကက မာလာဟင်းရယ် အခြား တရုတ်စာလေးတွေလည်းရတယ်။ Menu တွေအနေနဲ့ Sweet & Sour, Bell Pepper Pork, Shangha Syle Kung Pao, Chinese Style Spicy Sour နဲ့ နောက်ဆုံး Spicy Crispy Chicken တွေဆိုပြီးထပ်ရတယ်။ အအေးအနေနဲ့ဆိုရင်တော့ဒီဆိုင်မှာ လောလောဆယ် Soft Drink တွေပဲရသေးတယ်။ ကိုယ်တွေလည်းမာလာဟင်းကို စိတ်ကြိုက်အားရပါးရစားခဲ့တယ်။ ပြီးတော့ဘေးနားကဝိုင်းတွေက Spicy Crispy Chicken ကိုစားနေကြတာတွေ့တော့ ကိုယ်တွေလည်း အဲ့ဒါဘာလဲပေါ့ ဆိုင်ကလူခေါ်မေးပြီး မှာစားလိုက်တယ် :P

ပထမဆုံးအနေနဲ့မာလာဟင်းအကြောင်းလေးပြောပြပေးချင်တယ်။ ဒီမှာဆိုရင်အရင်ဆုံး အသားလွှာ၊ အသားလုံးနဲ့ အသီးအရွက် တွေကို ဇလုံအကြီးကြီးထဲထည့်ပြီး ကိုယ်ကြိုက်တာကိုပဲ၊ ကိုယ်လိုသလောက်ရွေးယူရတယ်။ နောက်တစ်ခုက ကိုယ်တွေရွေးပြီးပြီဆိုရင်ဆိုင်ကလူတွေကို အခြောက်စားမှာလား၊ အရည်နဲ့စားမလားဆိုတာကိုကိုယ့်စိတ်ကြိုက်ပြောလို့ရတယ်။ နောက်က အစပ်Level ရွေးရမှာ။ အဲ့ဒီမှာ ဆိုရင် Level (၄)ခုရှိတယ်။ အချို၊ ပုံမှန်၊ အစပ်နဲ့ အစပ်ဆုံးတွေဆိုပြီးတော့။ အဲ့ဒါပြီးတော့မှကိုယ်တွေယူထားတဲ့ပစ္စည်းတွေအလေးချိန်ကို ချိန်၊ နောက်ဆုံးမှာမှ ပိုက်ဆံရှင်းပြီး ကိုယ့်ဘာသာကိုယ် ထိုင်စောင့်နေရုံပဲ။ အကယ်၍ကိုယ်ယူထားတာတွေများသွားလို့ ပိုက်ဆံ Amount များသွားတယ်ဆိုရင်လည်း ပစ္စည်းတွေပြန်လျှော့လို့ရတယ်။ ဒါကတော့ကိုယ်အဆင်ပြေသလို ပေါ့နော်။

အကယ်၍တစ်ယောက်၊နှစ်ယောက်လောက်ပဲလာလို့အဲ့လိုမျိုးတွေစားလို့အဆင်မပြေရင်လည်း သူတို့မှာ တစ်ယောက်စာ Set နဲ့ နှစ်ယောက်စာ Set လေးတွေရှိတယ်။ တစ်ယောက်စာက (၅၅၀၀)၊နဲ့ နှစ်ယောက်စာက (၁၁၀၀၀)တဲ့။ ဒီ Set Menu တွေနဲ့ ကြိုက်တာကိုကြိုက်သလောက်ယူစားရတဲ့ဟာနဲ့က အရသာကအတူတူပဲ၊ ပုံစံကလည်းကိုယ်ကြိုက်သလိုရတယ်။ ဒါပေမယ့် အထဲမှာပါတဲ့အသား၊ အသီးအရွက်တွေကိုကျတော့သူတို့စီစဉ်ထားတဲ့အတိုင်းပဲထည့်ပေးတယ်။ ကိုယ့်စိတ် ကြိုက်တော့ရွေးယူလို့မရဖူး။ အဲ့ဒါတစ်ခုတော့ရှိတယ်။ ဒါပေမယ့်လည်း လူနည်းရင်တော့ ဟိုအများကြီးဟာနဲ့စာရင် ပိုအဆင်ပြေတယ်။

ထပ်ပြီးတော့မှ မာလာဟင်းထဲထည့်တဲ့ပစ္စည်းအမယ်တွေနဲ့ပက်သတ်လို့ပြောပြပေးပါမယ်။ အဲ့ဒီမှာ အသားလွှာဆိုရင် ကြက်၊ ဝက်နဲ့အမဲသားတွေရှိတယ်။ အသားလုံးတွေဆိုရင်လဲ (၁၀)မျိုးလောက်ရှိတယ်။ အစုံပဲ။ အဲ့ဒီမှာမှ ဂဏန်းဥ၊ ငါးဥနဲ့ Cheese Ball အဲ့တာတွေဆိုတော်တော်လေးစားကောင်းတယ်။ Cheese Ball ကတော့ကိုယ်တွေအကြိုက်ဆုံးပဲ။ ကိုက်လိုက်ရင်ကို အနံ့လေးကလည်း ချိစ်နံ့လေးမွှေးပြီး အရသာကလည်း တကယ့်ချိစ့်အရသာလေး၊ တော်တော်ကောင်းတယ်။ သွားစားမယ်ဆို အဲ့ဒါလေးစားခဲ့ကြနော်။ အဲ့ဒါတွေက (100)g ကို (၂၅၀၀)။ နောက် အသီးအရွက်တွေက ကန်စွန်းရွက်၊ မုန်ညင်းဖြူ၊ မုန်ညင်းစိမ်း၊ ပြောင်းဖူး၊ ရုံးပတေသီး၊ ပဲပင်ပေါက်နဲ့ အခြားအသီးရွက်တွေစုစုပေါင်း(၁၀)မျိုးလောက် ရှိတယ်။ အဲ့ဒါက (100)g ကို (၆၀၀)။ ပုစွန်ဆိုရင်တစ်ကောင်ကို (၁၀၀၀)နဲ့ ပင်လယ်စာတွေဆိုရင် (100)g ကို (၃၀၀၀)။ အဲ့လိုမျိုးအစားစားရှိတယ်။ ပြီးတော့ မာလာခေါက်ဆွဲ၊ အာလူး၊ မှိုခြောက်၊ ပန်းခြောက်၊ ငုံးဥနဲ့အခြားဟာတွေလည်းအစုံရှိတယ်။ ဆိုတော့ ကိုယ်စားတာဘယ်လောက်ကျမလည်းဆိုတာက ကိုယ်ယူတဲ့ အသီးအရွက်၊ အသားနဲ့ပစ္စည်းတွေပေါ်မူတည်ြ့ပီးတော့ပဲ ဈေးနှုန်းကျသွားမှာ။ နောက်တစ်ခုက Mala Sauce Base. သူက တစ်မျိုးကို(၁၅၀၀)။ အဲ့ဒါကဘာကိုပြောတာလည်းဆို မာလာဟင်းကိုအခြောက်၊ ဒါမှမဟုတ် အရည်နဲ့စားချင်တယ်ဆို တစ်မျိုး (၁၅၀၀)ပဲ။ အကယ်၍ အခြောက်ကော၊ အရည်နဲ့ရောစားချင်တယ်ဆို နှစ်မျိုးဆိုတော့ (၃၀၀၀)ကျမယ်။ နောက် မာလာဟင်းကို ထမင်းနဲ့လည်းစားလို့ရတယ်။ သူကထမင်းကတစ်ပွဲ (၅၀၀)။
မာလာဟင်းစောင့်နေတုန်း ကြက်ခြောက်စပ်ရတယ်လေ။ သူကကျ ကြက်သား၊ ငရုတ်သီးနဲ့ ကြက်သွန်နီကိုပဲ ကြွပ်နေအောင် ကြော်ထားတာ။ တစ်ပန်းကန်အပြည့်ပါတယ်။ အရသာကတော့စပ်သလိုလို၊ ဘာလိုလိုလေးပေါ့။ အဲ့ဒါကိုကိုယ်တွေလေးယောက် လက်ဆုံစားရတယ်။ သူကတစ်ပွဲ (၄၀၀၀)။ ဒါကဆိုင်မှာ လူကြိုက်အများဆုံးဟင်းပွဲလို့ပြောတယ်။
ခဏ (၁၅)မိနစ်လောက်နေတော့ မာလာဟင်းတွေရောက်လာတယ်။ ယူလာတာတွေ့တာနဲ့ကို ပျော်နေကြတာ။ ပန်းကန်ကြီး အကြီးကြီးထဲထည့်ပေးထားတာ။ အားရပါးရပဲ။အနံ့လေးကလည်းမွှေးနေတာပဲ။ ကိုယ်တွေက အခြောက်ကို ပုံမှန်အရသာနဲ့ အရည်နဲ့ကိုအစပ်ဆိုပြီးမှာလိုက်တာ။ ပုံမှန်ကကျတော့ သိပ်လည်းမစပ်ဘူး၊ နည်းနည်းစပ်တပ်တပ်လေးပဲ။ အရသာကလည်းအနေတော်ပဲ၊ သူချက်ထားတာ အစပ်အဟပ်တည့်တယ်။ နောက်တစ်ခုက အရည်နဲ့။ မှာထားတာကလည်း အစပ်ဆိုတော့၊ Level 3 ဖြစ်နေပြီ။ တကယ်ကိုအရောင်ကအစ ဆွဲဆောင်မှုရှိ ပြီးတော့ အရသာကလည်း အားပါးပါး တစ်ဇွန်းလောက်စားလိုက်တာနဲ့ကို တော်တော်ကောင်းကောင်းပဲ။ အစပ်ဆုံးသာမဟုတ် တာ ဒါတောင်တော်တော်လေးစပ်နေပြီ။ အစပ်ဆုံးအရသာကိုစားဖူးတဲ့သူတွေ ဘယ်လိုနေလဲအလင်းပြကြပါ :P ကိုယ်တွေတော့ ဒါကိုအသေခိုက်ခဲ့တာ။ အရသာကပူပူစပ်စပ်၊ ထုံထုံလေး။ ကိုယ်တွေထဲမှာ အအေးမိလို့နေမကောင်းဖြစ်ချင်နေတဲ့သူတောင် တော်တော်လေးအခိုးပွင့်ပြီး နေလို့ကောင်းသွားတယ်ဆိုပြီး စွတ်စားချက်ပဲ။ တကယ့်ကိုရှူးရှူးရှဲရှဲနဲ့ပဲ လေးယောက်စားတာ နှစ်ပွဲကိုတော်တော်လေး စားလိုက်ရတယ်။
ကိုယ်တွေရှင်းတော့ မာလာဟင်းက (၃၅၀၀၀)လောက်ကျတယ်။ အဲ့တာကို လေးယောက်စားတာဆိုတော့ တစ်ယောက်ကို (၈၀၀၀)ကျော်ကျော်လောက်ကျတယ်။ ဒါပေမယ့်လည်း အသားတွေ၊ အသီးအရွက်တွေကိုလည်း ကိုယ့်စိတ်ကြိုက်ရွေးယူ၊ အရသာတွေကိုလည်းကိုယ့်စိတ်ကြိုက်ပြောပြီး သန့်သန့်ရှင်းရှင်းနဲ့လတ်လတ်ဆတ်ဆတ်စားရလို့၊ ပြီးတော့ တကယ်လည်း အရသာကောင်းလို့ စားပျော်ပါတယ်။
ဒီ မော်တင်ကဆိုင်လေးက ကိုယ်တွေသိသလောက်ဆို ဖွင့်တာမကြာသေးဖူး။ ဒါပေမယ့်လည်း ဆိုင်မှာလူကပြတ်တယ်လို့မရှိဘူး ရောင်းကောင်းတယ်ပြောရမယ်၊ ပါဆယ်တွေ၊ဘာတွေထုပ်ပြီး ဝယ်သွားကြတာလည်းတွေ့တယ်။ ကိုယ်တွေလည်းဒီဆိုင်ကို ကြိုက်ပါတယ်။ အရသာလည်းအစပ်အဟပ်တည့်တည့်နဲ့ကောင်းကောင်းလေးပဲ။ မာလာဟင်းကြိုက်တဲ့သူတွေ ဒီဆိုင်လေးကို သွားသင့်တယ်ထင်တာပဲ။ ကိုယ်တွေတော့နောက်နေ့သွားထပ်စားအုံးမယ်။
အခုလဲပြောချင်တာတွေပြောပြီးပြီဆိုတော့ ဒီဆိုင်လေးရဲ့ Information လေးပေးမယ်။ သူက Junction Maw Tin ရဲ့ Level 4 မှာရှိပါတယ်။ ဖုန်းက 09-777242425 ပါ။ လှည်းတန်းစင်တာမှာလည်းတစ်ဆိုင်ရှိတယ်။ နောက်ပြီး Sep (၁၀)ရက်နေ့လောက် ဆိုရင် (၆)မိုင်ခွဲက Market Place မှာလည်းနောက်တစ်ဆိုင်ထပ်ဖွင့်ဖို့ရှိတယ်ကြားတယ်။ ဆိုတော့ ကိုယ်နဲ့နီးစပ်တဲ့ဆိုင်ကို ရွေးလို့ရပြီ နော့။

ကဲ ! ကိုယ်ပိုင်စိတ်ကူးနဲ့ပုံဖော်ထားတဲ့မာလာဟင်းစားချင်တဲ့သူတွေအတွက် ဒီ Spicy House ဆိုတဲ့ဆိုင်လေးကို ညွှန်းပေးခဲ့ပြီနော်။

Honey (MyLann)
#MyLann #FoodinYangon #FoodieMyanmar #Spicy_House #Mar_Lar_Himm #Spicy