Doraemon ချစ်သူတွေအတွက် ဒိုရေမွန်ရဲ့သီးသန့်ကမ္ဘာလေးထဲရောက်သွားစေမယ့် ‘ST Cafe’ 920 views


ရှစ်မိုင်မီးပွိုင့်နား၊ ရွှေတောင်ဟိုတယ်က ‘ST Café ကို MyLann ဘော်ဒါတွေရောက်ပြီးကြပြီလား။ ဒီဆိုင်ကဖွင့်တာတော့မကြာသေးဖူး။ သူ့ရဲ့ထူးခြားချက်က တစ်ဆိုင်လုံး Wallpaper တွေ၊ Decoration ပြင်ဆင်ထားတာတွေ၊ ဟင်းပွဲတွေအတွက်သုံးထားတဲ့အသုံးအဆောင်ပစ္စည်း ဇွန်း၊ ခက်ရင်း၊ တူ၊ ပန်းကန်၊ ခွက်၊ Tissue Box, သွားကြားထိုးတံဘူးကအစ အားလုံးကိုဂျပန်ကားထဲက ဇာတ်ကောင်လေး ဒိုရေမွန်နဲ့ပဲ ပြင်ဆင်ထားတယ်။ နောက်ဆုံး Toilet ထဲမှာတောင် ဒိုရေမွန်ရုပ်လေးတွေနဲ့ဆိုတော့ ကဲ ပြောမနေတော့ဘူး။ စဉ်းစားသာကြည့်ကြတော့… တစ်ဆိုင်လုံးကလည်းမိုးပြာရောင်ကာလာနဲ့ မြင်မြင်သမျှ ဒိုရေမွန်တွေချည်း ဆိုတော့ အဲ့ဒီအချိန်ဘယ်လိုခံစားရလည်းဆို ပြောစရာမလိုအောင်မိုက်ပါတယ်။ ကိုယ်တောင်အိမ်မပြန်ချင် ဖြစ်သွားတယ်

 

အဝေးကနေကြည့်လိုက်ရင်ကို တစ်ဆိုင်လုံးကမိုးပြာရောင်လေးအပြင် ဒိုရေမွန်အရုပ်လေးတွေနဲ့ဆိုတော့ ထင်ထင်ရှားရှားနဲ့ မြင်နေရပါတယ်။ ဆိုင်ထဲဝင်လိုက်ရင်လည်း ဖွင့်ထားတဲ့ သီချင်းအေးအေးလေးတွေရယ်၊ ပြင်ဆင်ထားတဲ့အပြင်အဆင်တွေရယ်၊ ဒိုရေမွန်ရဲ့အငွေ့သက်တွေ လွှမ်းခြုံထားလို့ တကယ်ကိုရင်ခုန်စရာကောင်းလွန်းတယ်။

 

ဆိုင်ထဲမှာလည်းဒိုရေမွန်အရုပ်ကြီးတွေအပြင် ဆိုင်ကအကိုတွေကလည်း ဒိုရေမွန်ဇာတ်ကောင်အကျီင်္လေး ဝတ်ပြီး Serve လုပ်ပေးထားတော့ သူတို့နဲ့အမှတ်တရဓါတ်ပုံတွဲရိုက်လို့ရတယ်ပေါ့။ အကယ်၍ကိုယ်ဝတ်ချင် ရင်လည်းပေးဝတ်တယ်။ ဒိုရေမွန်နဲ့ပတ်သတ်တဲ့ အကျီင်္၊ ဦးထုတ်၊ အရုပ်၊ ရေဗူး၊ ရေခွက်၊ ပန်ကာ၊ လွယ်အိတ်လေးတွေကအစ အသုံးဆောင်တွေအစုံ လိုချင်တဲ့သူတွေအတွက်လည်း Counter လေးနဲ့ ရောင်းပေးထားတယ်။

 

ဒီဆိုင်မှာအစားအစာတွေက Café ဆိုပေမယ့် Coffee, Juice, Burger, Sandwich စတာတွေအပြင် ထမင်းနဲ့တွဲစားလို့ရတဲ့ တရုတ်ဟင်းပွဲတွေ Heavy Food တွေလည်းရတယ်။ ဈေးနှုန်းတွေက အစားအစာတွေဆိုရင် (၂၂၀၀)ကျပ်ကနေ(၃၅၀၀)ကျပ်အတွင်းရှိတယ်။ အအေးမှာဆိုရင်လည်း Fresh Juice, Italian Soda, Milkshake, Smoothie တွေအပြင်အခြား Dessert တွေလည်းရှိတယ်။ ဈေးနှုန်းတွေကလည်း (၈၀၀)ကနေ (၃၅၀၀)အတွင်းပဲရှိတယ်။ #Green_Noodle_Angel_Fried ခေါက်ဆွဲစိမ်းကြော် ထူးဆန်းတာလေးက ခေါက်ဆွဲအစိမ်းကိုကြော်ထားတာ။ အစိမ်းရောင်ခေါက်ဆွဲဆိုတော့ ဘာနဲ့လုပ်တာလည်းပေါ့၊ စပ်စုကြည့်တော့ ပဲစိမ်းနဲ့လုပ်ထားတဲ့ခေါက်ဆွဲလို့ သိရပါတယ်။ အသီးအရွက်၊ အသား၊ ခေါက်ဆွဲစိမ်းတွေနဲ့ပူပူနွေးနွေးကြော်ထားတဲ့ခေါက်ဆွဲကြော်လေးက တစ်ပွဲကို (၂၅၀၀)ကျပ်ပါ။

 

#ငါးသံပုရာပေါင်း ကက်ကတစ်ငါးလေးကိုချဉ်ချဉ်စပ်စပ်ဆော့စ်လေးနဲ့လုပ်ထားတာ။ သူ့ရဲ့အရည်လေးကလည်း သောက်လို့ကောင်းတယ်။ သူကတစ်ကောင်ကို (၅၀၀၀)ကျပ်ပါ။

 

#Pancake_ဆာတေး ပန်ကိတ်အသားရယ်၊ အသီးအစုံတွေရယ်ကိုတုတ်လေးနဲ့ထိုးပြီး ဆာတေးပုံစံလေးထည့်ပေးထားတာ။ အသီးတွေကလည်းအစုံပါတယ်။ နောက် ဂျယ်လီတုံးလေးတွေရယ်၊ ပျားရည်နဲ့ ခရင်မ်လေးတွေပါတော့ အရသာကတော့အစုံပဲ။ သူကတစ်ပွဲ (၂၅၀၀)ကျပ်

 

#ကိုရီးယားရေခဲသုပ် တစ်ပွဲကို (၂၅၀၀)နဲ့မတန်အောင်များတယ်။ နှစ်ယောက်၊ သုံးယောက်လောက်တော့ အေးဆေးစားလို့ရတယ်။ အသီးတွေလည်းအစုံနဲ့အများကြီးပါတယ်။ အရသာကလည်းအရမ်းချိုနေတာမျိုးမဟုတ်ပဲ ပေါ့ပေါ့ပါးပါးလေးနဲ့စားကောင်းတယ်။

 

#Cappuccino_Coffee အနံ့မွှေးမွှေးလေးနဲ့ ခါးလည်းမခါး၊ ချိုလည်းမချိုပဲ၊ ညင်ညင်သာသာလေးနဲ့ သောက်လို့ကောင်းတဲ့ ပုံစံလေးနဲ့ သူက တစ်ခွက်မှ (၂၂၀၀)ကျပ်ပါ။

 

#Lip_Stick_Soda Lip Stick ဆိုတဲ့အသီးကဘယ်ရီသီးအမျိုးအစားပါတဲ့။ သူ့ရာသီနဲ့သူထွက်တဲ့အသီးလို့ပြော တယ်။ ချဉ်ပြုံးပြုံးလေးနဲ့သောက်လိုက်ရင်လန်းလန်းဆန်းဆန်းလေးဖြစ်သွားတယ်။ ဒီ Lip Stick ကို Soda အပြင် Smoothie အနေနဲ့ရော Milkshakeအနေနဲ့ပါရနိုင်ပါတယ်။ သူကတစ်ခွက်မှ (၁၈၀၀)ကျပ်။

 

#Chocolate_Banana_Shake သူဆိုရင်တော့ ချောကလတ်ရဲ့ခါးသက်သက်အရသာလေးကိုမှ ငှက်ပျောသီးဖက်လေးတွေနဲ့တွဲစားရတော့အအီလည်းပြေတယ်။ အရမ်းအချိုကြီးမဟုတ်လို့လည်းသောက် ကောင်းတယ်။ #Strawberry_Milkshake ချိုရဲရဲကြီးမဟုတ်တဲ့ဒီမစ်ရှိတ်ကိုတော့ ကိုယ်တော်တော်ကြွေခဲ့ပါတယ်။ ခွက်အဝမှာ စတော်ဘယ်ရီလေးတစ်လုံးတောင်တင်ထားပေးသေးတယ်။ သူက Milkshake ဆိုတော့ တစ်ခွက်ကို (၂၀၀၀)ပါပဲ။

 

#Magic_Magic_Float နာမည်နဲ့တင်တော်တော်ဆန်းနေပြီ။ Magic ဆိုတဲ့အတိုင်းပဲ မှော်ဆန်တယ်။ ဒီ Float ရဲ့ထူးခြားချက်လေးကမွှေလိုက်ရင်အရောင်တွေပြောင်းရုံမက အရသာတွေပါပြောင်းသွားတယ်။ ပြီးတော့ အရသာဘက်မှာဆိုရင်လည်း အချို၊ အချဉ်နဲ့အဆိမ့်အရသာတွေပေါင်းစပ်နေတဲ့ပုံစံမျို။ သူကတော့ တစ်ခွက် (၃၅၀၀)ကျပ်ပါ။

 

အစားအစာတွေဆိုလည်း တစ်ပွဲတစ်ပွဲမှာပါတာမနည်းဘူး။ အရသာတွေကလည်း ထင်ထားတာထက်ကို စားကောင်းတယ်။ ဈေးလည်းသင့်တင့်တဲ့အပြင် ပေးရတဲ့ဈေးထက်လည်းပိုတန်တယ်လို့ခံစားရစေတယ်။ လူများများနဲ့အုပ်စုလိုက်သွားကြမယ်ဆိုရင် ပိုတန်ပါတယ်။ အအေးတွေဆိုရင်လည်း ချိုချိုရဲရဲ ကြီးတွေမဟုတ်ပဲ ပေါ့ပေါ့ပါးပါးလေးမို့ ကျန်းမာရေးအတွက်လည်းစိတ်ချရတယ်ပေါ့။

 

ပရိုမိုးရှင်းအနေနဲ့လည်း January တစ်လလုံးမှာ Total Charges ရဲ့10% Discount ပေးနေတယ်။ နောက် Wedesday Ladies Night အနေနဲ့ ဗုဒ္ဓဟူးနေ့မှာလာစားတဲ့မိန်းခလေး(အမျိုးသမီး)တိုင်းကို Lip Sticks တစ်ခွက် Free တိုက်ပါတယ်တဲ့။ အော် ဒါနဲ့ Regular Customer ဒါမှမဟုတ် လာစားတာသုံးသောင်းဖိုး ပြည့်သွားရင် VIP Card လည်းထုတ်ပေးတယ်တဲ့နော်။

 

ဆိုင်လိပ်စာအတိအကျက အမှတ်(၈၉)၊ ၈မိုင်၊ ပြည်လမ်း၊ မရမ်းကုန်းမြို့နယ်။(ရွှေတောင်ဟိုတယ်မှာပါ)။ ရှစ်မိုင်မီးပွိုင့်နဲ့လည်းနီးပါတယ်။ Yaung Wa Na ကိုရီးယားဆိုင်ရဲ့ မျက်စောင်းထိုးမှာပါ။ မွေးနေ့ပွဲတွေအတွက်လည်း လက်ခံကျင်းပပေးတဲ့အပြင် နှစ်နာရီအတွင်းမှာဆိုရင် Free လုပ်ပေးတယ်တဲ့ ဆိုတော့ Reservation လုပ်ချင်ရင် 01-660019, 09-771810089 ကိုဆက်သွယ်လို့ရတယ်။