Super Sunday Cooking Time 610 views


ထမင်းစားလည်းမြိန် ရိုးရာအရန်ဟင်းကောင်း တစ်လက်လည်းဖြစ်တဲ့ ခရမ်းချဉ်သီး ပန်ထွေဖျော် ကို သူငယ်ချင်းတို့ စားဖူးကြမယ်ထင်တယ်။ လုပ်စားရတာလည်း လွယ်ကူတယ်။ ဟင်းတော်တော်များများနဲ့လည်း လိုက်ဖက်တယ်။

တစ်ခါတစ်လေ စိတ်ပါရင် ဘာဟင်းမှမလိုဘူး ထမင်းနဲ့ နယ်စားလို့ရတယ်။ အဲ့လို လုပ်စားရတာ လွယ်သလောက် သူငယ်ချင်းတို့ရော အိမ်မှာစားဖြစ်ကြလားဗျ။ မစားဖြစ်ဘူးဆိုရင် ရုံးပိတ်ရက်တွေမှာ
ခရမ်းချဉ်သီးပန်ထွေဖျော် လုပ်စားဖို့ အကြံပေးချင်ပါတယ်။

လိုအပ်တဲ့ ဟင်းချက်ပစ္စည်းတွေကတော့

  • ခရမ်းချဉ်သီးမှည့်
  • ငရုပ်သီး
  • ကြက်သွန်ဖြူ (သို့) ကြက်သွန်နီ
  • နံနံပင် (သို့) ကြက်သွန်မိတ်
  • ငပိ
  • ဆား

ဦးစွာ ခရမ်းချဉ်သီး နှင့် ငပိကို မီးကင်ရမယ်။ မီးကင်ရန် ခက်ခဲတယ်ဆိုရင် ခရမ်းချဉ်သီးကို ပြုပ်ရင်လည်းအဆင်ပြေပါတယ်။ ငပိကိုတော့ အသင့်စား သုံးတာထက်စာရင် ငပိစိမ်းကိုမီးကင်တာ ပိုအရသာရှိတယ်ဗျ။ ခရမ်းချဉ်သီးနဲ့ ငပိ မီးကင်တုန်း တစ်ဖက်မှာ ငရုပ်သီး၊ ဆား၊ ကြက်သွန်ဖြူတို့ကို ဆုံထဲထည့်ပြီး ထောင်းမယ်။ ကြေညက်နေအောင်ထောင်းဖို့ မလိုဘူးနော်။ အနေတော်လောက်ပေါ့။ ပြီးရင် မီးကင်ထားတဲ့ ခရမ်းချဉ်သီးနဲ့ ငပိကို ထည့်ထောင်းရမယ်။ ပြီးရင် မီးကင်ထားတဲ့ ခရမ်းချဉ်သီးနဲ့ ငပိကို (၂) မိနစ်လောက် အကုန်လုံး ရောသမအောင်ထောင်းပြီးရင် နံနံပင်၊ ကြက်သွန်မိတ်တို့ကိုထည့်ပြီး နယ်လိုက်ရုံပဲ။

ကဲ…အခုဆို အလွန်အရသာရှိတဲ့ ခရမ်းချဉ်သီး ပန်ထွေဖျော် လုပ်လို့ပြီးသွားပါပြီ။ သူငယ်ချင်းတို့လည်း အားလပ်ရက် အိမ်မှာလုပ်စားဖို့ မမေ့နဲ့ဦးနော်။

Htain Lin ( MyLann )

Photo Credit - www.sbs.com.au