နိုင်ငံတော်တော်များများမှာဖွင့်လှစ်ထားတဲ့ Sushi Tei ဟာဆိုရင် မြန်မာနိုင်ငံကိုရောက်နေပြီနော် ! 642 views


Singapore ကနေ Franchise ပြန်ယူထားတဲ့ Sushi Tei ဟာ မြန်မာနိုင်ငံရဲ့ပထမဦးဆုံးဆိုင်ခွဲအနေနဲ့ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဓမ္မစေတီလမ်းမပေါ်မှာဧပြီလကပဲဖွင့်လှစ်ခဲ့ပါတယ်။

ဂျပန်အစားအစာနဲ့မီနူးပေါင်း (၃၀၀)ကျော်ပြီး အကြော်၊ အချက်၊ အကင်၊ အပြုတ်၊ အသုပ်၊ Soup ပုံစံမျိုးစုံရပါတယ်။ အခြား Dessert နဲ့ Drinks တွေလည်းအစုံရပါသေးတယ်။ ဟင်းပွဲတွေကိုလည်း ဂျပန်ကစားဖိုမှူးတွေကိုယ်တိုင်ပြင်ဆင်ပေးပါတယ်တဲ့။

 

ဆိုင်ပုံစံကလည်း ကျယ်ကျယ်ဝန်းဝန်း၊ သပ်သပ်ရပ်ရပ်နဲ့ သားသားနားနားလေးပဲ။ ပုံမှန်စားပွဲဝိုင်းတွေမှာလည်း သက်တောင့်သက်သာထိုင်စားနိုင်သလို သီးသန့်ခန်းလည်းရှိတဲ့အတွက် Meeting တွေဘာတွေအတွက်လည်း အဆင်ပြေတယ်။ ပွဲတွေဘာတွေလုပ်ချင်ရင်လည်း အပေါ်မှာ Hall ခန်းရှိသေးတယ်။ ဆိုင်ကလည်း အေးအေးဆေးဆေးရှိတဲ့အပြင် လာစားတဲ့သူတွေကလည်းနိုင်ငံခြားသားဧည့်သည်တွေများတယ်။ နောက် အလုပ်ကိစ္စစကားလာပြောတဲ့သူတွေ၊ မိသားစုတွေနဲ့ အဖွဲ့အစည်းကလူတွေ အုပ်လိုက်ကြီးလာကြတာတွေလဲ တွေ့ရတယ်။

 

ဆိုင်ကမနက် (၁၀)နာရီကနေ ည(၁၀)နာရီအထိဖွင့်တယ်။ Reservation လည်းကြိုလုပ်လို့ရတယ်။ ဂျပန်ကလာတဲ့နိုင်ငံခြားသားဧည့်သည်တွေအတွက် အထူးသင့်တော်သလို အခြားသောနိုင်ငံခြားသာတွေကို ဧည့်ခံဖို့အတွက်လည်း အဆင်ပြေတဲ့နေရာတစ်ခုပါ။ Service နဲ့ပတ်သတ်လို့လည်း စိတ်ကျေနပ်စရာရနိုင်တဲ့ နေရာမျိုးပါ

 

ကိုယ်စားခဲ့တဲ့ဟင်းပွဲတွေအကြောင်းမပြောခင် ဒီဆိုင်ရဲ့ပုံစံဆန်းဆန်းလေးက ဆူရှီတွေနဲ့ အသီးအရွက်တွေက သပ်သပ်တစ်ပွဲချင်းစီမှာစားလို့လည်းရသလို Conveyor Belt ပုံစံလေးနဲ့လုပ်ပေးထားတာဆိုတော့ ကိုယ်စားချင်တာလေးတွေ တွေ့ရင်လှမ်းယူပြီးစားလိုက်ရုံပဲ။ မှာနေရင်စောင့်နေရအုံးမယ်၊ ကိုယ်တွေတော့ အဲ့လိုပဲယူစားလိုက်တာပဲ သူကဈေးနှုန်းတွေကတော့အကုန်လုံးနဲ့မတူဘူး။ ပန်းကန်အရောင်ပေါ်မူတည်ပြီး ဈေးနှုန်းခွဲထားတယ်။

 

Tempura Moriawase - ဒီတန်ပူရာကြော်လေးကဆိုရင် အသီးအရွက်တွေအပြင် Seafood အစုံပါတယ်။ မုန့်နှစ်ကလည်း ဂျပန်မုန့်နှစ်ကို သုံးထားလို့ မစားစဖူး စားရတဲ့ပုံစံလေးနဲ့စားရတာဆိုတော့ တစ်မျိုးလေးတော့ထူးထူးခြားခြားလေးဖြစ်နေတယ်။ ရွရွလေးနဲ့ မွမွလေး။ ပြီးတော့ အရသာကလည်းပေါ့ပေါ့ပါးပါးလေးပဲ။ ဈေးနှုန်းက တစ်ပွဲကို (၄၀၀၀)ကျပ်ပါ။

 

Karaage Zaru Cha Soba - ခေါက်ဆွဲအေးလေးဆို စိတ်ဝင်စားကြမလားနော်။ ကိုယ်တော့ရုပ်ရှင်တွေထဲတော့မြင်ဖူးတယ် :P အခုတော့စားဖူးပြီပေါ့။ ခေါက်ဆွဲဖက်ကလည်း လက်ဖက်စိမ်းခေါက်ဆွဲ (အခြား ကြက်ဥခေါက်ဆွဲနဲ့ အူဒုန်းဆိုတာလည်းရှိသေးတယ်) ခေါက်ဆွဲသားကကြိုက်တာနဲ့ ရွေးလို့ရတယ်။ လက်ဖက်စိမ်းခေါက်ဆွဲကတော့ အနံ့သင်းသင်းလေးနဲ့ အေးအေးလေး။ စားကြည့်လည်းအရသာကပေါ့ပေါ့ပါးပါးလေးပဲ။ အဲ့ဒါကိုမှ ကြက်သားကြော်လေးလည်းပါတယ်။ ဈေးနှုန်းက (၇၅၀၀)ကျပ်ပါ။

 

Yufu - ဆယ်လမွန်၊ ကက်ကတစ်၊ တူနာနဲ့ ရေဘဝဲ လေးမျိုးပါဝင်တဲ့ဒီ ပွဲလေးကဆိုရင် လတ်ဆတ်ပြီး  နူးညံ့လို့စားရတာ သဘောတွေ့စရာလေးပါ။ ဈေးနှုန်းအားဖြင့်ကတော့တစ်ပွဲလုံးကို (၁၆၆၀၀)ကျပ်ပါ။

 

Dobinmushi - လာချပေးထဲကထူးဆန်းလို့ကြည့်နေတာ ပုံစံဆန်းဆန်းလေး။ ချစ်စရာရေနွေးအိုးသေးသေးလေးကိုမှအဖုံး လေးအုပ်ပြီးလာချပေးတာ။ အဲ့ဒါကိုဖွင့်လိုက်မှ အသားဖက်လေးတွေနဲ့အခြားအသီးရွက်လေးတွေနဲ့ ဟင်းရည်လေးတွေ့လိုက်ရတယ်။ သောက်ကြည့်တော့လည်း သူ့ရဲ့အရသာက ပေါ့ပေါ့ပါးပါးလေးပဲသွားပြီး အငံဓါတ်တော့နည်းနည်းရတယ်။ နွေးနွေးလေးနဲ့ သောက်လို့လည်းကောင်းတယ်။ သူနဲ့သောက်ရတဲ့ခွက်လေးကလည်း ချစ်စရာခွက်သေးသေးလေး။ ဈေးနှုန်းက (၃၂၀၀)ကျပ်ပဲရှိပါတယ်။

 

Chicken Katsu Curry Rice - ကြက်သွန်နီ၊ အာလူး၊ မုန်လာဥနီတွေနဲ့ချက်ထားတဲ့ ဟင်းအနှစ်ရဲ့ အရသာနွေးနွေးလေးနဲ့ ကြက်သားကြော်ရဲ့အရသာလေးပေါင်းစပ်လိုက်တော့ အဲ့ဒါလေးက အီသလိုမျိုးဖြစ်သွားပေမယ့် စားနေကျပုံစံမျိုးမဟုတ်ပဲ တမူကွဲပြားထားတဲ့ပုံစံမျိုးနဲ့ဆိုတော့ စားရတာတော့ဆန်းဆန်းလေးပေါ့။ ဆန်ကလည်း ဂျပန်ဆန်လေးပဲသုံးထားတာဆိုတော့ စီးစီးလေးနဲ့ စားလေဝင်လေဆိုသလိုမျိုးလေးပဲ။ တစ်ပွဲကိုတော့ဈေးနှုန်းက (၇၅၀၀)ကျပ်ပါ။

 

Ika Sugata Teriyaki - ကင်းမွန်ကြိုက်တဲ့သူတွေတော့ဒါလေးစားကြည့်ပေါ့။  ကင်းမွန်ကိုမှ ဆော့စ်အရည်လောင်းထားတာဆိုတော့ အဲ့ဒီဆော့စ်အရည်ရဲ့အငံဓါတ်လေးနဲ့ ကင်းမွန်အိအိလေးနဲ့ဆိုတော့ စားရတာလဲတစ်မျိုးလေးပဲ။ ဈေးနှုန်းကတော့ (၅၅၀၀)ကျပ်ပါ။

 

ဆိုင်လိပ်စာက အမှတ်(၁၂၆)၊ ဓမ္မစေတီလမ်းမပေါ်၊ ဗဟန်းမြို့နယ်မှာပါ။ (လင့်ခ်လမ်းမှတ်တိုင်နဲ့နီးပါတယ်) ဆိုင်ဖုန်းကတော့

 

ဒီဆိုင်လေးကဂျပန်အစားအစာတွေမီနူးအစုံရတဲ့အပြင် သက်တောင့်သက်သာနဲ့ ထိုင်လို့ကောင်းပြီး အေးအေးဆေးဆေးရှိတဲ့အတွက် ဂျပန်စာကြိုက်တဲ့သူတွေအတွက်ရော၊ နိုင်ငံခြားသားဧည့်သည်တွေကိုပါ ဧည့်ခံဖို့အတွက်နဲ့ အလုပ်ကိစ္စအေးအေးဆေးဆေးစကားပြောဆိုရင်းစားချင်သောက်ချင်ကြတဲ့သူတွေ အားလုံးအားလုံးသောသူတွေကိုသတိတရနဲ့ ဒီဆိုင်လေးကိုပြန်ရှဲလိုက်ပါပြီနော်။

 

Honey (MyLann)

#MyLann #Online_Food_Guide #Online_Restaurant_Directory #Food_Review_in_Yangon

#Sushi_Tei_Myanmar #Sushi_Tei #Japanese_Restaurant #Japanese_Cuisine #Japan #Japanese_Restaurant_in_Yangon