အသားအရေ လှစေသော ကန်စွန်းဥ 1159 views


ဝိတ်ချပြီးတဲ့အခါ အသားအရေ ခြောက်သွားလေ့ရှိပါတယ်။ ဒါကြောင့် အသားအရေမခြောက်သွေ့ဘဲ ၀ိတ်လည်းကျ လှလည်းလှစေဖို့ ဘာလုပ်ရမလဲ?????
အသားအရေလှပစိုပြေပြီး ကိုရီးယားမလေးတွေလို ပိန်ပိန်သွယ်သွယ်လေးနဲ့ လှချင်ပါလား?????
လျို့ဝှက်ချက်ကိုသိချင်လား?????????
လျို့ဝှက်ချက်ကဘာပါလိမ့် ?????????
ကန်စွန်းဥပေါ့…… 
ကန်စွန်းဥ ကတော့ ဘုရားပေးတဲ့ဆုလာဒ်ပါပဲ။ အာဟာရများစွာပါဝင်သလို ကယ်လိုရီလည်း မများပါဘူး။ ကန်စွန်းဥ ပြုတ်ကို ဆီ၊ဆား မပါဝင်ပဲ ဒီတိုင်းတော့စားရမယ်နော်။ ဒါပေမယ့် ကန်စွန်းဥက အရသာရှိပြီးသားပါ။ ကန်စွန်းဥ မှာ ဗီတာမင် B6၊ ဗီတာမင် C နဲ့ ဗီတာမင် D တို့်ပါဝင်တဲ့အတွက် collagen ထုတ်လုပ်မှုများပြီး အသားအရေကို တင်းရင်းစိုပြေစေပါတယ်။ အာဟာရကိုဖြည့်တင်းပေးပြီး အရိုး၊ နှလုံး၊ အာရုံကြောနှင့် သွားကိုပါ ကောင်းမွန်စေပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သံဓာတ် နှင့် ပိုတက်ဆီယမ်ဓာတ်တွေလည်း အများအပြားပါဝင်ပါတယ်။ ဖိုက်ဘာလည်းပါဝင်တဲ့အတွက် ၀ိတ်ကျစေပါတယ်။ K pop အဆိုတော် girl bands တွေဟာ သူတို့ရဲ့ Diet Plan မှာ ကန်စွန်းဥကအမြဲပါဝင်ပါတယ်။ ဒါကြောင့် ကန်စွန်းဥ စားလိုက်ကြရအောင်နော်။ Admin ကတော့ ကန်စွန်းဥနေ့တိုင်းစားတော့ ကန်စွန်းဥရုပ်တောင်ပေါက်နေပြီလို့...