Yakiniku နဲ့ Shabu Shabu စားချင်ရင် Novotel မှာ ‘TakumiYa’ ရှိတယ်… 1756 views


Novotel မှာရှိတဲ့ ‘Takumi-Ya’ ဆိုတဲ့ ဂျပန်ဆိုင်လေးအကြောင်းရှဲပေးချင်ပါတယ်။ အလုပ်ကိစ္စနဲ့ပတ်သတ်ပြီး နိုင်ငံခြားသားဧည့်သည်တွေကိုဧည့်ခံစရာနေရာရှာနေရင်း သူငယ်ချင်းတစ်ယောက်ရဲ့ Recommend ပေးမှုနဲ့ ‘TakumiYa’ ကိုရောက်သွားခဲ့ပါတယ်။ ဒီဆိုင်လေးမှာ အဓိကက ‘Yakiniku’(အကင်) နဲ့ ‘Shabu Shabu’(ဟော့ပေါ့)ရတယ်။ အဲ့ဒီမှာမှ ကောင်းမွန်လတ်ဆတ်ပြီး အရသာရှိတဲ့ Quality မြင့်အမဲသားတွေကို ကိုယ့်အကြိုက်ရွေးချယ်စားသုံးနိုင်တယ်။

 

အမဲသားတွေမှာဆိုရင် ဂျပန်နိုင်ငံရဲ့အကောင်းဆုံးအသားဖြစ်တဲ့ A5 အဆင့်ရှိ Quality အမြင့်ဆုံးအသားတွေအပြင်၊ A3 ရှိတယ်။ (ဒါကတော့ဂျပန်ကနေပြန်သွင်းထားတာ)။ နောက် Australian Beef တွေလည်းရှိတယ်။ နောက် ကြက်၊ ဝက်၊ ဆိတ်၊ အမဲ၊ ပင်လယ်စာ အစုံရှိတယ်။ အဲ့ဒါကိုမှ Set လေးတွေနဲ့ရောင်းတာရှိတယ်။ gm အနေနဲ့ရောင်းတာရှိတယ်။ ကိုယ်အဆင်ပြေမယ့်ပုံစံမျိုးနဲ့ မှာစားနိုင်ပါတယ်။

 

ကိုယ်တွေတော့ ‘Yakiniku’ အကင်စားခဲ့ကြတယ်။ အဲ့ဒါကိုမှ A5 အဆင့်ရှိတဲ့အသားလေးနဲ့စားခဲ့တယ်။ နောက် Beef,Pork, Seafood သုံးမျိုးပေါင်း Set Menu လေးရှိတယ်။ အဲ့ဒါလေးလည်းစားဖြစ်ခဲ့တယ်။ ဒီ Set လေးကတော့ နှစ်ယောက်ကလေး သုံးယောက်လောက်ထိစားလို့ရတယ်။

 

ကင်တဲ့အခါမှာလည်း အညှော်နံ့မထွက်တဲ့အတွက်ကြောင့်တော်တော်လေးအဆင်ပြေတယ်။ အကျီင်္တွေဘာတွေ အနံ့စွဲမှာလည်းမပူရတော့ဖူးပေါ့… နောက် အကင်ကျက်တာလည်းပုံမှန်ထက်ကိုပိုမြန်တယ်။ မီးအားလည်းအလွယ်တကူနဲ့အတိုးအလျှော့လုပ်လို့ရတယ်။ Private room တွေလည်းရှိတဲ့အတွက်ကြောင့် အေးအေးဆေးဆေးပြောကြဆိုကြနဲ့ စားကြသောက်ကြမယ့်သူတွေအတွက် သင့်တော်စေမယ့်နေရာလေးပါ။

 

ဒီမှာအခြားအနေနဲ့ ကော်ဖီ၊ Fresh Juice, Cocktail နဲ့အခြား ဂျပန်ဝိုင်တွေ၊ ဂျပန်ဝီစကီရတယ်။

 

Service အနေနဲ့ပြောမယ်ဆိုရင် ဝန်ထမ်းတွေအရမ်းဖော်ရွေကြတယ်။ ဆိုင်ထဲစဝင်တာနဲ့ ပြုံးပြုံးလေးတွေကြိုဆို ပြီးတော့မှ နေရာအရောက်လိုက်ပို့ပေးတယ်။ ပြီးရင်မှာလိုတာကိုမေးတယ်။ အေးအေးဆေးဆေးလေးနဲ့ပဲ Service ပေးသွားတာ။ စိတ်ချမ်းသာဖို့ကောင်းတယ်။ နောက် အက်မင်တစ်ခုကြိုက်တာက သူတို့က ကိုယ့်နားမှာ ရစ်သီရစ်သီနဲ့မလုပ်နေဖူး။ ဘာလိုလဲကြည့်ပေးတယ်။ မလိုအပ်ဖူးဆိုရင်သူတို့ထွက်သွားတယ်။ ကိုယ်လိုအပ်လို့ခေါ်လိုက်ရင်လည်း ဘဲလ်လေးတီးပြီးခေါ်လိုက်ရုံပဲ ဆိုတော့စားရတာလည်း အရှိန်မပျက်တော့ဖူး။

ထိုင်စရာနေရာရွေးတော့မယ်ဆိုရင်လည်းပုံမှန်အားဖြင့် စားပွဲနဲ့ခုံနဲ့ထိုင်စားလို့ရသလို ဂျပန်လူမျိုးတွေရဲ့ ထုံးစံအတိုင်းခုံအပုလေးတွေမှာလည်း ထိုင်စားနိုင်တယ်။  ခုံပုလေးတွေနဲ့ထိုင်ရင်လည်း အောက်မှာခြေထောက်ချလို့ရတဲ့အပြင် ဆိုဖာလေးပါခံပေးထားတော့ ထိုင်ရတာသက်တောင့်သက်သာရှိတယ်။ အချို့အခန်းတွေဆိုရင်အပြင်ဘက်ကိုပါမြင်နေရတော့ အခန်းလေးထဲမှာထိုင်နေရတဲ့ဖီးလ်နဲ့တောင်မတူဘူး။

 

ဆိုင်က မနက်(၁၁)နာရီကနေ ည(၉)နာရီခွဲအထိဖွင့်တယ်။ 4th Floor, Novotel Yangon Max မှာရှိတယ်။ သာမန်အကင်မျိုးစားရတာတွေငြီးငွေ့နေတဲ့လူတွေအတွက် အသစ်အဆန်းလေးခံစားကြည့်နိုင်ပါတယ်။ ပုံမှန်အားဖြင့်ဈေးကြီးတယ်ထင်ရပေမယ့် ပုံမှန်ထက်သာတဲ့ အရသာနဲ့ Service ပြန်ရတဲ့အတွက် အကင်ကြိုက်တဲ့သူတွေအနေနဲ့ စမ်းစားကြည့်သင့်တဲ့ဆိုင်လေးတစ်ဆိုင်ပါ။

 

Honey (MyLann)

#Online_Restaurant_Directory #Online_Food_Guide #Food_Review_in_Yangon #Foodie_Myanmar #Restaurant_in_Yangon #Restaurant_in_Myanmar #TakumiYa #Japanese_Restaurant