Tea Time @Rangoon Tea House 722 views


"Tea Time" ဆိုတာ ထူးတို့  ရုံးသူရုံးသားတွေအတွက်တော့ မရှိမဖြစ်လိုအပ်ချိန်လေးပေါ့။ တစ်နေ့ လုံးအလုပ်တွေလုပ်ပြီး နေ့  လည် နေ့ ခင်း ၃နာရီလောက်ဆို ထူးတို့ လိုပဲ ရုံးသူရုံးသားတွေအတွက် Tea Time လေး ရှိကြမှာပေါ့နော်။ အများအားဖြင့်ကတော့  ရုံးအတွင်းမှာပဲTea Time လေးကို ဖြတ်ကျော်ဖြစ်ကြမယ်ထင်ပါတယ်။

မိတ်ဆွေတွေနဲ့  လက်ဖက်ရည် သောက်ပြီး အေးအေး ဆေးဆေး စကားပြောလို့  ကောင်းတဲ့ နေရာလေးတခုကို MyLann မိတ်ဆွေများအတွက် လမ်းညွန်ပေးချင်ပါတယ်။ ဆိုင်နာမည်လေးက တော့  "Rangoon Tea House" ပါ ။ ဆိုင်တည်နေရာလေးကတော့  ပန်းဆိုးတန်းလမ်း အလယ်ဘလောက် ကို ရောက်ရင် တိုက် နံပါတ် 77-79 ၊ ဒုတိယ ထပ် မှာပါ ။ နေရာက မြို့ ထဲပိုင်းဆိုတော့  လူသွားလူလာတော့ များပါတယ်။

ထူးတို့  အဲ့ဒီကို ရောက်တော့ Mocha ကော်ဖီတခွက်နဲ့  ပူပူနွေးနွေးဘဲသားမုန့် သုံးခုပါ တပွဲကို အဲ့နေ့ ကစားဖြစ်ခဲ့ပါတယ်။ အထဲကအစာသွတ်ထားတဲ့  ဘဲသားမုန့် လေးက အရသာရှိတော့ တစ်ယောက်တည်းသုံးခုလုံးစား မိသွားတဲ့ အထိပါ။ ကော်ဖီအရသာလေးကစိမ့်စိမ့်လေး နဲ့ မို့  ကိုယ့် အကြိုက်ပဲ ။

ဝန်ဆောင်မှု အနေနဲ့  ကြည့်ရင်တော့ မမှာခင်မှာပဲ စားပွဲထိုးလေးက Detox Water တွေ ထည့်ပေးပါတယ်။ ပြီးတော့ ကိုယ်မှာတာတွေကိုလည်း ရှင်းပြပါတယ်။ ထူးမှာ ဖြစ်တဲ့ Mocha တစ်ခွက်ကို ၃၅၀၀ကျပ် နဲ့  ဘဲသားမုန့် တပွဲကိုတော့ ၃၀၀၀ ကျပ် ပါရှင့်။ဈေးနှုန်းက သက်သာတဲ့  နှုန်းထဲမပါပေမယ့်  နေရာအနေအထား နဲ့  အရသာ ကတော့ ပေးထားတဲ့ နှုန်းနဲ့  တန်တဲ့  နေရာလေးတခုပါလို့  ပြောပြလိုက်ပြီနော်။

Htoo Htoo ( MyLann)