ထိုင်းအစားအစာ ကြိုက်သူများအတွက်ပါ 793 views


ဒီဆိုင်လေးက စမ်းချောင်းလမ်းထဲမှာ ရှိပါတယ်။ နာမည်က My Siam တဲ့ ။ စမ်းချောင်းလမ်းနဲ့ သပြေညိုလမ်းထိပ်မှာပါ ။ သူက ဖွင့်တာတော့သိပ်မကြာသေးဘူး ။ ပိတ်ရက်တုန်းက သွားစားကြည့်တာ အဆင်ပြေတယ်။ ထိုင်းက လက်ရာအတိုင်းပါပဲ။ ကိုယ်တွေစားဖြစ်တာကတော့ ပြောင်းဖူးထောင်း ၊ ပုဇွန်သုပ် ၊ ကြက်အစိမ်းရောင်ဟင်း ၊ ကြက်ခြေထောက်ချဉ်စပ် နဲ့  ထမင်းပေါ့။ ပြောင်းဖူးထောင်းကတော့ ပြောင်းဖူးပြုတ်ထားတာလေးကို မြေပဲ ၊ ဥနီ ၊ သံပုရာသီးတို့ နဲ့  ချိုစပ်လေး လုပ်ထားပေးတာပါ။ ပြောင်းဖူးက ခပ်စိမ့်စိမ့်လေး ဆိုတော့ စားရတာ အရသာရှိပါတယ်။တစ်ပွဲကို ၂၅၀၀ ကျပ်ပါ။ ထိုင်းပုဇွန်သုပ်ကတော့ အရသာချဉ်စပ်ပါပဲ ။ ပုဇွန်လတ်တယ်။ ခရမ်းချဉ်သီး တို့ ဘာတို့ နဲ့ သုပ်ပေးထားတယ်။ပုဇွန်လည်း အနေတော်ပါတယ်။ tongue emoticon တစ်ပွဲ ကို ၄၀၀၀ ကျပ်ပါ။ ကြက်အစိမ်းရောင်ဟင်းကတော့ ကြက်သားကို အုန်းနို့ နဲ့ အစိမ်းရောင် အနှစ်ထည့်ပြီး ချက်ထားပေးတာ။ အရသာက အုန့် နို့ နံ့ သင်းနေပြီး ချိုမြမြလေးပါ။ ထမင်းနဲ့ နယ်စားတော့ ကောင်းတယ်။တစ်ပွဲကို ၄၅၀၀ ကျပ်ပါ။ ကြက်ခြေထောက်ချဉ်စပ်ကတော့ အရည်သောက်ပါ။ အရသာက ချဉ်စပ်လေးပါ။ အထဲမှာ ကြက်ခြေထောက်ကိုနူးနေအောင် ပြုတ်ထားပြီး မိတ္တလင်တို့ ဘာတို့ ထည့်ပေးထားတယ်။ မွှေးမွှေးလေးနဲ့ စပ်စပ်လေး ။ သောက်ရတာ အရသာရှိပါ့ ။ တစ်ပွဲကို ၃၅၀၀ကျပ်။ ဒီလိုနဲ့  စားသောက်ပြီး အစာပိတ် အနေနဲ့  Ice Mountain ဆိုတဲ့ ရေခဲတောင်ကြီးကို စားပါတယ် tongue emoticon သူက ရေခဲကို အမှုန့် လုပ်ပြီး အရသာလေးတွေ နဲ့ ရောပေးထားတာပါ။ စတော်ဘယ်ရီနဲ့ ချော့ကလတ်ရှိတယ်။ ကိုယ်တွေကတော့ ချော့ကလတ် စားဖြစ်တယ်။ လေးယောက်လောက် စားတာတောင် မကုန်ဘူး။ တော်တော်များတယ်။ တစ်ပွဲကို ၄၀၀၀ ကျပ်ပါ။ စားစရာတွေကတော့ ရွေးစရာအများကြီးပါ။ စားရတာလည်း အဆင်ပြေတယ်။လူသိပ်မသိသေးတဲ့ အတွက် လူမရှပ်ဘဲ အေးအေးဆေးဆေး ရှိတယ်။မှာမှ ချက်ပေးတာ ဆိုတော့ နည်းနည်းတော့ စောင့်ရပါတယ်။ ဒါပေမဲ့ စောင့်ရတာနဲ့ တန်အောင် အရသာရှိတယ်။ ဒီဟင်းပွဲတွေ အားလုံး လူ ၃-၄ယောက်လောက် စားလို့ ရတယ်။ ကိုယ်ကြိုက်တဲ့ ဘန်ကောက် Train Night Market က Koong Tung ဆိုတဲ့ ပင်လယ်စာ အရောကို စားပွဲမှာ ဖြန့် ခင်းပြီး စားရတဲ့ ဟာလည်း မကြာခင်ရတော့မယ်တဲ့ ။ အဲ့အချိန်ကျရင်လည်း တစ်ခေါက်သွား မြည်းအုံးမယ်။ MyLann မိတ်ဆွေတို့ လည်း ဘန်ကောက် စတိုင် လက်ရာလေးတွေ မြည်းချင်ရင် ဒီဆိုင်လေးက မဆိုးဘူး ။ ဒါကြောင့် လက်တို့ လိုက်ပါတယ်။ လိပ်စာက My Siam စမ်းချောင်းလမ်းနဲ့ သပြေညိုလမ်းထောင့် စမ်းချောင်းမြို့ နယ်။ Fred ( MyLann)