Thai Food @Thai Kitchen 654 views


အပြင်အဆင်အသစ်နဲ့  အရသာလေး ပိုမိုကောင်းမွန်လာတဲ့  ဆိုင်လေးအကြောင်းပြောပြမယ်နော်။

Thai Kitchen ဆိုတဲ့ ဆိုင်လေး Junction square မှာပြန်ဖွင့်နေပါပြီရှင့် နာနတ်သီးထမင်းကြော်အချိုလေးနဲ့  တုံယမ်းဟင်းချို စပ်စပ်လေးကို ယိုးဒယားသင်္ဘောသီးထောင်းလေးနဲ့  စားလိုက်တော့ တော်တော်လေးကို လိုက်ဖက်ပါတယ်။

‪#‎နာနတ်သီးထမင်းကြော်‬ လေးက တော့  ရိုးရှင်းပြီးအစပ်ရှောင်သူများအတွက် အင်မတန်အဆင်ပြေတဲ့ အစားအစာတစ်ခုပါ အရသာကတော့ မချိုမချဉ်လေးနဲ့  အအီပြေလေးမို့ ကိုယ့်အကြိုက်ပါပဲ။ သူက တစ်ပွဲ ၃၅၀၀ကျပ်ပါ။

‪#‎တုံယမ်းဟင်းချို‬ ..ကြားလိုက်တာနဲ့  ချိုချဉ်စပ်လေးလို့  သိကြမှာပါ အစပ်အဟပ် တည့်ပြီး ခံတွင်း တွေ့ ပါတယ်။ တစ်ပွဲ ၄၀၀၀ ပါတဲ့။

‪#‎ယိုးဒယားသင်္ဘောသီးထောင်း‬..အမျိုးသမီးအများစုရဲ့  အသည်းစွဲအစားအစာတစ်ခုနော်။
အဲ့ဒီထဲ ထူးလည်း အပါအဝင်ပါ ။ ဒါပေမဲ့ အစပ်မစားနိုင်တဲ့ သူဆိုရင်တော့ အစပ်လျော့စားရင် အရသာ တွေ့ မှာပါ။ တစ်ပွဲကို ၃၅၀၀ ကျသင့်ပါတယ်။

သူငယ်ချင်းတွေနဲ့ အဖွဲ့ လိုက် သွားစားမယ် ဆိုရင် စားရတာ တန်ပြီး ရှူးရှဲ ရှူးရှဲ နဲ့ လက်ကို မလည်လောက်ဘူး ။ ထိုင်းအစားအစာ ကြိုက်သူများအတွက် လမ်းညွန်လိုက်ပါတယ်နော် ။

Htoo Htoo ( MyLann)