စကောထမင်းစားချင်နေသူတွေအတွက် တော်ဝင်စင်တာက “ထိုင်းတိမ်ဝေ” တဲ့။ 708 views


MyLann မှာ ခဏခဏလာမေးကြတာရယ်။ စကောထမင်းစားချင်လို့ဆိုတဲ့သူတွေအတွက် အခု “ထိုင်းတိမ်ဝေ” ဆိုတဲ့ဆိုင်လေးနဲ့ပက်သတ်လို့ပြန်ရှဲပေးမယ်လေနော်။ ဒီဆိုင်လေးကဖွင့်ထားတာကြာပြီဆိုတော့ သိပြီးတဲ့သူတွေ လည်းသိထားပြီးလောက်ပြီ။ မသိသေးတဲ့သူတွေအတွက် သိထားတာလေးတွေပြန်ပြောပြပေးမယ်နော်။

ထိုင်းတိမ်ဝေ ဆိုတာတော့ စကောထမင်းကိုအဓိကရောင်းတယ်။ အခြားတရုတ်အစားအစာတွေနဲ့သစ်သီးဖျော် ရည်တွေလည်းရတယ်။ အဲ့ဒီဆိုင်က Thai Yunan Restaurant ဆိုတော့ကား အစားအစာတွေကလည်း ထိုင်းနဲ့ယူနန် ရောထားတဲ့စတိုင်ပဲပေါ့နော်။ သူက စကောထမင်းကိုပွဲသေးနဲ့ပွဲကြီးဆိုပြီးနှစ်မျိုးရှိတယ်။ ပွဲသေးက နှစ်ယောက်စာ (၁၄၀၀၀)။ ပွဲကြီးကတော့ (၂၈၀၀၀)တဲ့ (၄)ယောက်စာ။ ဆိုတော့ တစ်ယောက်စာကို (၇၀၀၀)ကျတယ်။ နောက်တစ်ခုအနေနဲ့က အကယ်၍ (၄)ယောက်စာပဲမှာပြီးခြောက်ယောက်စားမယ်ဆိုလည်းရတယ်။ အဲ့ဒါဆိုရင်တော့ ဟင်းကိုတော့မျှတစားလိုက်ပြီးတော့ထမင်းအတွက်တော့တစ်ယောက် (၁၀၀၀)နှုန်းနဲ့ ယူစားပေါ့။ ဒီလိုလည်းလုပ်လို့ရတယ်။ ထမင်းကလည်းရှမ်းဆန်စီးစီးလေးဆိုတာ့စားကောင်းတာရယ်။

ဟင်းတွေက ပွဲသေးမှာဆို အသားဟင်း(၃)မျိုး၊ အရွက်ကြော်(၂)မျိုး၊ ငါးပိထောင်းတစ်မျိုးနဲ့ အရည်သောက်ဟင်းတစ်မျိုးပါတယ်။ ပွဲကြီးကိုတော့အသားဟင်း(၄)မျိုး၊ အရွက်ကြော်(၂)မျိုး၊ ငါးပိထောင်းနဲ့ အရည်သောက်ဟင်းတွေပါတယ်။

မှာမယ်ဆိုရင် ကိုယ်တွေက ကြက်၊ ဝက်၊ အမဲ၊ ဆိတ်၊ ငါး၊ ပုစွန် အဲ့ဒါတွေထဲကမှ ကိုယ်ဘာနဲ့စားမလည်းရွေးချယ်လို့ရတယ်ပေါ့။ အရံဟင်းပွဲတွေနဲ့ဟင်းရည်တွေတော့သူတို့ကောင်းသလိုစီစဉ်ပေးတယ်။ မှာပြီးတော့ (၁၅)မိနစ်၊ မိနစ်(၂၀)လောက်နေတော့ စကောဝိုင်းကြီးနဲ့ရောက်ချလာလေတယ်။

ကိုယ်တွေကတော့မှာတာ(၆)ယောက်စာ။ အဲ့ဒီမှာဟင်းပွဲတွေက ကြက်ကချင်ချက်၊ ပုစွန်ကြက်ဥအနှစ်၊ ဝက်နံရိုးကြော်နဲ့ ငါးပေါင်း။ စုစုပေါင်း(၄)မျိုး၊ နောက် အရွက်ကြော်တွေအနေနဲ့က နှစ်တစ်ရာသီးကြော်၊ ဟင်းနုနွယ်ရွက်ကြော်နဲ့ အထောင်းက ခရမ်းသီးထောင်းတွေပါတယ်။ အရွက်ကြော်နဲ့ ဟင်းရည်ကတော့ ပုံသေမရှိဘူး။ အလှည့်ကျသူတို့စီစဉ်ပေးတယ်။

ကိုယ်စားမယ့်အသားတွေသာရွေးလိုက်တာရယ်။ သူတို့စီစဉ်ပေးတာတွေကအကုန်အစပ်အဟပ်တည့်တယ်ပြော ရမယ်။ ကြက်ကချင်ချက်ဆိုလည်း စပ်စပ်လေး။ ပုစွန်ကြက်ဥအနှစ်ဆိုလည်း ချိုသလို၊ ဆိမ့်သလိုလေး။ ငါးပေါင်း ကလည်းတစ်မျိုးလေးအရသာထူးပြီးတော့ အကုန်လုံးလည်းပေါင်းစားလိုက်တော့ကာ တစ်မျိုးလေးထူးခြားနေတာရယ်။ ချို၊ချဉ်၊ ငံ၊ စပ်အရသာတွေကိုစုံလို့။

အခြားတရုတ်ဟင်းပွဲတွေဆိုရင်လည်းဈေးနှုန်းက (၁၀၀၀)ကနေ (၅၀၀၀)အတွင်းမှာရှိတယ်။ အအေးအနေနဲ့ အသီးဖျော်ရည်တွေရတယ်။ ကိုယ်တွေတော့ထောပတ်သီးဖျော်ရည်ပဲသောက်ခဲ့တယ်။ တစ်ခွက်ကို (၂၀၀၀)ကျပ်။

စကောထမင်းကိုမှကောင်းကောင်းအရသာရှိရှိစားချင်တယ်ပြောနေကြတဲ့သူတွေအတွက် ဒီဆိုင်လေးက တော်ဝင်စင်တာ Basement, Room (030) မှာရှိပါတယ်။ ဆိုင်ခန်းနေရာတော့ပြောင်းထားတယ်ရှင့်။ ဒါပေမယ့် သိပ်ရှာစရာမလိုဖူး။ အရင်ဆိုင်ရဲ့ မျက်စောင်းထိုးလေးလောက်မှာ။ ထောင့်ဆုံးခန်းလေးမှာပါ။ ဖုန်းနံပတ် 09-250893949, 09-979874419 အဲ့ဒါတွေကိုဆက်ပြီးတော့လည်း အော်ဒါတွေဘာတွေမှာလို့ရတယ်ပြောတယ်။ ပါဆယ်တွေဘာတွေယူမယ်ဆိုလည်းရတယ်။ ဇကောနဲ့ပါလိုချင်တယ်ဆိုထည့်ပေးသေးတယ်တဲ့။ ဒါပေမယ့် ဇကောဖိုးတော့ပေးရမယ်ပေါ့နော်။ ဇကောလာပြန်ပေးရင်တော့ပိုက်ဆံပြန်ရပါတယ်တဲ့။ ပြီးတော့အိမ်အရောက်ပို့စနစ်တွေလည်းရှိတယ်တဲ့နော်။

ကဲ ! ဒီတစ်ခေါက်တော့ စကောထမင်းစားချင်နေကြတဲ့သူတွေအတွက်ရယ်၊ နောက်ပြီး တော်ဝင်စင်တာကိုဈေးဝယ်ထွက်ရင်းနဲ့ဘာစားရမှန်းစဉ်းစားရခက်နေသူတွေအတွက် ဒီ “ထိုင်းတိမ်ဝေ” ဆိုတဲ့ဆိုင်လေးအကြောင်း ပြောပြပေးခဲ့ပါပြီရှင် ! နောက်မှထပ်တွေ့ကြမယ်နော်….

Honey(MyLann)

#MyLann #Food_in_Yangon #Foodie_Myanmar #Online_Food_Guide
#Thai_Dain_Wai #Sa_kaw_hta_min #Taw_Win_Centre