The Beer Bar ရဲ့နောက်ထပ်တစ်ကြိမ် ထူးထူးဆန်ဆန်းလေးက ဘာဖြစ်မလဲ ? 919 views


‘ဒီမှာချာချာလည်၊ကမ္ဘာကြီးချာချာလည်‘ဆိုတဲ့သီချင်းလေးကြားဖူးကြလားဟင်။ ခုတော့အဲ့ဒီသီချင်းလေးထဲက အတိုင်းအပြင်မှာတကယ်ချာချာလည်လိုက်ကြရအောင်။ နာမည်လေးကကို ချာချာလည်ဘီယာ ဆိုတော့ မူးမှာတော့အသေအချာပဲနော်။သူကဘီယာသီးသန့်လဲမဟုတ်ပဲဘီယာနဲ့ ပင်ကျထန်းရည်စစ်စစ်ကို ရောထားတာဆိုတော့အ၀င်လဲမဆိုးဘူး။ရန်ကုန်မြို့ထဲမှာတင်ပင်ကျထန်းရည်စစ်စစ်သောက်ရဖို့ဆိုတာတော်တော်ရှားမှရှားနော်။ပြီးတော့ပြင်ဆင်ထားပုံလေးကလဲဝါးခွက်လေးတွေကို ကြိမ်လက်ကိုင်လေးတပ်ထားတာ  ဆိုတော့မြင်နေကျ ဖန်ခွက်လေးတွေနဲ့မတူပဲ တကယ့်ထန်းတောစစ်စစ်ထဲမှာ သောက်နေရသလို ခံစားရတယ့်။ ဘီယာသီးသန့်အရဿာလဲမဟုတ်၊ထန်းရည်သီးသန့်လဲမဟုတ်တော့ အရဿာခပ်ဆန်းဆန်းလေး  ဖြစ်သွားတော့ ကိုယ့်ဘော်ဒါတွေကို အရင်ပြေးသတိရပြီး information လေးလာရှဲပေးတာ။ သူ့ကိုမှာမယ်ဆိုရင် ပုံစံကနှစ်မျိုးရှိတယ်။ 4ခွက်ပါဝိုင်းအကြီးအတွက်ဆို 10000 ကျပ်ဖြစ်ပြီးတော့ 2ခွက်ပါ ၀ိုင်းအသေးအတွက်ဆိုရင် 6000 ကျပ်ထဲပါတဲ့ ။ အဲ့တော့ သောက်မယ့်လူအရေအတွက်ကို ခန့်မှန်းပြီးတော့ မှာလို့ရတာပေါ့နော်။

 

ကဲ…သောက်မယ့်လူတွေအတွက်ပြောပြီးပြီဆိုတော့ ၀ါးတီးဆွဲမယ့်မမတွေအတွက်ပြောတော့မယ်။ အဲ့မှာပထမဆုံးပြောပြချင်တာက ဘီယာအာလူး ဆိုတာလေးအကြောင်း။ အာလူးချောင်းကြော်က ရိုးရိုးလေးဆိုပေမယ့် သူ့ရဲ့ Mayonese က ဘီယာနဲ့ရောထားတယ်။ အဲ့တော့ အာလူးကြော်စားပြီးတော့လဲ မူးလို့ရသွားပြီနော် :P ပြီးတော့ အဲ့အာလူးချောင်းကြော်ကရိုးရိုးပန်းကန်ပြားနဲ့ ထည့်ထားတာမဟုတ်ပဲ လက်ဆွဲခြင်းလှလှလေး ထဲထည့်ပေးထားတာဆိုတော့ အမြင်လေးကလဲ ဆန်းသွားတာပေါ့။ နောက်ထပ်လဲ ပင်လယ်စာ လတ်လတ်ဆတ်ဆတ် လေးတွေရသေးတယ်နော်။

အဲ့နေ့က အက်မင်တို့ စားခဲ့တာလေးတွေက

 

Spicy Chicken – 5000ks

သူ့ကိုကတောင်ပံဒယ်အိုးလို့လဲခေါ်တယ်။ဒယ်အိုးလေးထဲမှာထည့်ထားတဲ့ ကြက်တောင်ပံစပ်စပ်လေးပေါ့နော်။ ကြက်သားအရဿာနူးနူးလေးကိုကြက်သွန်နဲ့ငရုတ်သီးရောထားတဲ့ အရဿာစပ်စပ်လေးရအောင် ကြော်ထားတော့ အစပ်ကြိုက်တဲ့ ကိုယ်လိုလူတွေအတွက် အကိုက်ပေါ့နော်။

 

Chicken Boxing – 6000ks

သူက နာမည်လေးနဲ့လိုက်အောင် သူ့ကိုလုပ်ထားတဲ့ပုံစံလေးက လက်ဝှေ့ထိုးတော့မယ့် လက်သီးဆုပ်လေး ပုံစံပါ။ကြက်တောင်ပံကိုပဲအရေပြားကနေပြန်လိပ်ပြီးအချိုကြော်ထားတာပါတဲ့။အရဿာက မွှေးမွှေးအိအိလေးနဲ့ အရမ်းကောင်းတော့ တစ်ခါလောက်တော့ စမ်းမြည့်ကြည့်သင့်တယ်လို့ ထင်တယ် ။

 

Spicy Prown – 7500ks

အဲ… သူလေးကတော့ ပုစွန်ရနံ့မွှေး ပါတဲ့။ အက်မင်ကတော့ အဲ့တာလေးကို အကြိုက်ဆုံးပဲ ။ ပုစွန်ရဲ့ မူလအရသာချိုချိုလေးရယ်သူ့ကိုရောထားတဲ့ အနှစ်စပ်စပ်လေးရယ်ကကို အရဿာကိုတစ်မျိုးထူးသွားစေတာ။ အက်မင်မေးကြည့်တော့လဲ အဲ့ menu က ဆိုင်မှာ လူကြိုက်အများဆုံးပါတဲ့။

 

La La Spicy – 5500 ks

သူကတော့ခရုကိုအနှစ်လေးနဲ့ရောထားတာပါ။သူကတစ်ခုထူးခြားတာကကိုယ်သွားစားလို့ ခွာဖို့အဆင်မပြေဘူးဆိုရင် ဆိုင်ကနေ တစ်ခါတည်း ခွာပေးပါတယ်တဲ့။ အဲ့တော့ အလုပ်မရှုပ်တော့ဘူးပေါ့နော်။

ကဲ အစားအသောက်အကြောင်းလေးကတော့ စုံသွားပြီပေါ့နော်။ အဲ့တော့ ဆိုင်နေရာလေးပြောပြမယ်။ အဲ့ ဆိုင်လေးက တစ်ခြားတော့မဟုတ်ပါဘူး ။ အက်မင်တို့ တစ်ခါတင်ဖူးတဲ့ ဘီယာမြေအိုး ရတဲ့ The Beer Bar ဆိုတဲ့ဆိုင်လေးပါရှင့် ။ Decoration ကောင်းကောင်းလေးနဲ့ ဆိုင်အပြင်အဆင်လေးက selfie ၀ါသနာပါတဲ့ မမတွေအတွက်အကြိုက်ပဲနော်။ ကားပါကင်လေးလဲရှိတော့အေးအေးဆေးဆေးစကားပြောရင်း စားလို့သောက်လို့ရတာပေါ့။ ဆိုင်ကတော့ မနက် ၁၁ ကနေ ည၁၁ထိဖွင့်ပါတယ်။ကိုယ်တွေ လာဖို့ စီစဉ်ထားရင်လည်း Reserve လုပ်လို့ရတယ်။ မွေးနေ့ပွဲတွေလုပ်ပေးတယ်။ လိပ်စာအတိအကျလေးက အမှတ် (၅၂)၊ ပါရမီတံတားအနီး၊ မဉ္ဇူလမ်းမှာပါ။ ဖုန်းနံပါတ်က 09-455036024……….

 

#MyLann #Online_Food_Guide #Food_Review_in_Yangon #Foodie_Myanmar #Restaurant_in_Yangon #Restaurant_in_Myanmar #Food_Lover #Food_Crazy

#The_Beer_Bar #Bar_and_Restaurant #Beer #Bar #Restaurant #Char_Char_Lal_Beer