ဒီတစ်ခေါက် Down Town က The Brunch Society ဆိုတဲ့ဆိုင်လေးအကြောင်းပြောပြမယ်နော် 953 views


ဆူးလေနားမှာ ဖွင့်ထားတဲ့ ဒီဆိုင်လေးကို ကြားဖူးနေတာတော့ ကြာပြီ။ ဒီတစ်ခါတော့ ဘော်ဒါတွေနဲ့ မြို့ ထဲမှာ ချိန်းကြတော့ အေးအေးဆေးဆေးစကားပြောလို့ ရပြီး အစားအစာတွေ ကောင်းတဲ့ နေရာကို ရွေးဆိုလို့  ဒီဆိုင်ကို သတိရသွားတယ်။ ဆိုင်လေးက အေးအေးဆေးဆေးရှိတယ်။ အစားအသောက်တွေကလည်း ဈေးနှုန်း သင့်တင့်တယ်။ နေရာကလည်း ကျယ်တော့ ကိုယ်တွေ နေရာရွေးတာ မှန်သွားတယ်။ ဒါကြောင့် MyLann မိတ်ဆွေများကိုလည်း Down Town မှာ ထိုင်လို့  ကောင်းတဲ့ နေရာလေး တစ်ခု အနေနဲ့ ရှဲပေးပါရစေ။

" The Brunch Society – Restaurant and Bar "

ဒီဆိုင်လေး ဖွင့်တာ တစ်နှစ်လောက်တော့ မရှိသေးဘူး ။ ဖေ့ဘွတ်မှာ ဘော်ဒါတွေက မဆိုးဘူး ဆိုပြီး ခဏခဏညွန်းကြတယ်။ အဲ့ဒါနဲ့  ရောက်သွားတော့ ဆိုင်လေးကို နည်းနည်း မျက်စိကစားကြည့်တယ်။ သူက အရင်က အဆောက်အအုံတစ်ခုကို ပြန်ပြင်ထားတာ။ အထဲက တိုင်တွေ ဘာတွေကလည်း အင်္ဂလိပ်ခေတ်က လက်ရာတွေပဲ။ နံရံမှာ ဓာတ်ပုံတွေ ၊ ပန်းချီကားတွေနဲ့ အလှဆင်ထားတယ်။ ပြင်ဆင်ထားတာလည်း သပ်သပ်ရပ်ရပ်ရှိတယ်။ ကိုယ်သဘောအကျဆုံးက အလှဆင်ထားတဲ့ မီးသီးလေးတွေ တွဲလောင်းလေးတွေ ချိတ်ထားတာ ကဗျာကိုဆန်နေတယ်။ ဘားကောင်တာမှာလည်း တစ်ယောက်ခုံ အမြင့်လေးတွေနဲ့ ယမကာ အေးအေးဆေးဆေး ထိုင်သောက်ချင်သူတွေ အတွက် နေရာလေးလုပ်ထားပေးတယ်။ ဆိုင်ကို နည်းနည်းရှိုးလိုက်ပြီးတော့ မှ Waiter လာချပေးတဲ့ menu ကို ကြည့်တော့ စားစရာတွေကလည်း အစုံပဲ။ အနောက်တိုင်း စားစရာတွေကော ၊ ပင်လယ်စာတွေကော အစုံရတယ်။ အဲ့ဒီထဲမှာမှ ကိုယ်တွေ စားဖြစ်တာလေးကို နည်းနည်း မျှဝေပေးချင်ပါတယ်။

" Crunchy French Toast "

ဒါလေးကတော့ ဒီဆိုင်ရဲ့  နာမည်ကြီးတဲ့ menu တစ်ခုပါ။ သူက ပေါင်မုန့် အခြပ်ကို Corn Flakes နဲ့  ကပ်ပြီး ကြော်ထားတယ်။ အဲ့ဒါကို အပေါ်မှာ Strawberry, သစ်ကြားသီး၊ Blueberry တို့ ကို ထည့်ထားပေးတယ်။ ဒါကို ပျားရည်နဲ့ ဆမ်းစားရတယ်။ ပေါင်မုန့် ကို Corn Flakes နဲ့ ကပ်ကြော်ထားတော့ စားရတာ ကြွပ်ရွနေတယ်။ ပြီးတော့ ဒိန်ချဉ် မွေးမွေးလေး ကိုလည်း ဘေးမှာ ပုံထားပေးတယ်။ အနံ့ လေးက မွှေးပြီး ပျားရည်နဲ့ အသီးတွေပါတော့ လျှာထဲမှာ ချိုချဉ်လေး ဖြစ်နေတယ်။ ဒါကို မနက်စာ၊နေ့လည်စာ၊ညစာအစုံစားကြတယ်တဲ့။ တစ်ပွဲကို ၆၀၀၀ ကျပ်ပါ။

" Bulgogi Pork Ribs "

ပန်းကန်ပြားထဲမှာ လက်သီးတစ်ဆုပ်စာလောက်ရှိတဲ့ ဝက်နံရုံးအသားတုံးကြီးကို Sauce နဲ့ ဆမ်းပေးထားတာ။ ပြီးတော့ အာလူးချောင်းကြော် French Fried ပါတယ်။ ပြီးတော့ မုန်လာဥနဲ့ လုပ်ထားတဲ့ Salad လေး ထည့်ပေးထားတယ်။ Bulgogi ဆိုတာကတော့ ကိုရီးယားဆော့စ်ပါ ။ အဲ့ဒါလေးကို American BBQ Sauce ရောပြီး ဝက်နံရိုးပေါ်မှာ ဆမ်းပေးလိုက်တယ်။ နံရိုးကလည်း နှပ်ပြီး ကင်ထားတာ အိနေတာပဲ။ ထည့်ပေးထားတဲ့ Sauce နဲ့ တော်တော်လိုက်ဖက်တယ်။အရသာလေးက ချိုချဉ်လေး။ အာလူးကြော်ကတော့ နည်းနည်းအီပေမဲ့ သပ်သပ်ထည့်ပေးထားတဲ့ ဆော့စ်နဲ့ တို့ စားရတော့ အအီပြေတယ်။ Salad ကလည်း ထိန်းသွားတော့ လိုက်ဖက်တယ်လို့  ဆိုနိုင်တယ်။ သူက တစ်ပွဲကို ၁၂၀၀၀ ကျပ်ပါတဲ့ ။ တစ်ပွဲထဲနဲ့ မဝဘူးထင်တာ။ တော်တော်လေး စားလိုက်ရတယ်။

" Tom Yam Seafood "

Pasta ကို Tom yam ဆော့စ်နဲ့ချက်ထားတာလေးပါ။ Seafood ကတော့ပုစွန်၊ ဂုံး၊ ကကတစ် ကို သုံးထားတယ်။ ဂုံးက ပြည်ပက တင်သွင်းတာလို့ ပြောတယ်။ လတ်လတ်ဆတ်ဆတ်ရှိတယ်။ ခေါက်ဆွဲသားနူးညံ့ပြီး စားရတာ တုန်ယမ်း အရသာ အနှစ်နဲ့  ဆိုတော့ လျှာလည်း သွတ်စေတယ်။ ထည့်ပေးထားတာကတော့ Sea food ကို တုန်းယမ်းဆော့စ်နဲ့ ရောပြီး အပေါ်ကနေ ဆမ်းထားပေးတာ။ တစ်ယောက်စာဆိုပေမဲ့ ကောင်းကောင်းဝတယ်။ တစ်ပွဲကို ၁၀၀၀၀ ကျပ်ပါတဲ့။

" BBQ Beef Burger "

ဘာဂါကြိုက်သူများကတော့ ဒီတစ်ခုကို ကြိုက်မှာသေချာပါတယ်။ Beef ကိုညှက်နေအောင် ကျိတ်ထားပြီး အစာအနေနဲ့ ထည့်ပေးထားတယ်။ အပေါ်မှာလည်း ချိစ်တင်ထားပေးတော့ ပူပူလေးနဲ့ စားရတာ ကောင်းနေရောပဲ။ ပြီးတော့ အာလူးကြော် ကို မီဆိုနဲ့ Mayonese ရောပေးထားတဲ့ Sauce ရယ်။ ရိုးရိုး Tomato Sauce ရယ် လုပ်ထားပေးတယ်။ Beef က Austrian Beef ကိုသုံးထားတယ်လို့ သိရတယ်။ ဒါကြောင့် စားရတာ နူးနူးညံ့ညံ့လေးပါ။ ဘာဂါအတွက် ပေါင်မုန့် က ကိုယ်တိုင် ဖုတ်ထားတာတဲ့ ။ ဒါကြောင့် လတ်လတ်ဆပ်ဆပ်နဲ့  စားရတာ အရသာပိုရှိပါတယ်။ သူ့ ကိုထည့်ပေးထားတဲ့ သစ်သားပြားလေးကလည်း အဆန်းလေးပါ။ တစ် Set ကို ၈၀၀၀ ကျပ်ပါ။

" Soft Shell Crab Curry "

အုန်းနို့နည်းနည်း မဆလာနည်းနည်း ထည့်ပြီး ချက်ထားတဲ့ ဂဏန်းပျော့ဟင်းနဲ့ ပေါက်ဆီကြော်ပါ။ သူ့ အရသာက ထိုင်းစာဖက် နည်းနည်းရောက်တယ်။ ဒါပေမဲ့ ကိုယ်တွေ ပါးစပ်နဲ့ ကိုက်အောင် အရသာကို ထပ်ပြင်ထားပေးတယ်။ ပြောရရင် အုန့် နို့ တို့  မဆလာတို့ ကို နည်းနည်းစီပဲ သုံးထားတယ်။ ဒီတော့ အနံ့ က အရမ်းကြီးမအီဘဲ အရသာလေးက နည်းနည်းစပ်သလိုရှိတယ်။ တော်တော်များများကတော့ ပွဲလိုက်ကို ပေါက်ဆီကြော်နဲ့ တို့ စားကြသလို ။ ထမင်းနဲ့လဲမှာစားကြတယ်။ ပေါက်ဆီကြော်ကို ထပ်ပြီးယူလို့ လည်း ရတယ်။ ဂဏန်းကလည်း သုံးကောင်ပါတယ်။ တစ်ပွဲကို ၈၀၀၀ ကျပ်ပါ။

" Promotion "

ကိုယ်တွေ သွားတာ ညနေပိုင်းလောက်ကျတော့ ဒီဆိုင်က Promotion ပေးထားတဲ့ Cocktail လေးတွေလည်း သောက်ခဲ့သေးတယ်။ သူက ညနေ ၆နာရီကနေ ည၉နာရီအထိကို Happy Hour ပေးထားတော့ Cocktail ကောင်းကောင်းလေးတွေကို ဈေးသက်သက်သာသာနဲ့ သောက်လို့ ရတယ်။ တစ်ခွက်ကို သုံးထောင်လောက်ပဲ ဆိုတော့ တော်တော်တန်တယ်လို့ ပြောလို့ ရတယ်။ ဒီလို ဆိုင်မျိုးတွေမှာ သောက်ရင် အနည်းဆုံး လေးထောင်ကနေ သောင်းကျော်တက်တယ်လေ။ အရသာတွေကလည်း ရှယ်ပဲ။ ရွေးစရာများနေတော့ ဘာသောက်ရမလဲ သေချာမသိတော့ ဆိုင်ကိုပြန်ပြီး အကြံတောင်းရသေးတယ်။

အဲ့ဒီမှာ ဒီဆိုင်ရဲ့ ကိုယ်တိုင်ဖန်တီးထားတဲ့ Cocktail တွေကို ရွေးပေးပါတယ်။ Lychee Lemongrass နဲ့  Apple Whiskey Sour ပါ။ Lychee Lemongrass ကတော့ Vodka Base ဖြစ်ပါတယ်။ သောက်ရတာ Lemongrass ပါတော့ သံပုရာနံ့ လေးနဲ့  Lychee အရသာလေး ရောထားတာလေး။ ဒါလေးတော့ ကြိုက်မိတယ်။ Apple Whiskey Sour ကတော့ Whiskey ပါလို့  Apple အရသာသိပ်တော့မရဘူး ။ အနံ့ လည်း အရမ်းမပြင်းဘူး ။ Cocktail ကြိုက်တက်သူတွေဆိုရင် ဈေးလည်းတော်တော် တန်လို့  ညနေညခင်း ထိုင်မယ်ဆိုရင် သင့်တော်ပါကြောင်း အကြံပြုပါတယ်။

" Service"

Service ပိုင်းအရ ပြောရရင် မှာထားတာတွေ နည်းနည်းစောင့်ရတာတော့ ရှိတယ်။ ဒါပေမဲ့ စားရတာတွေက အရသာရှိပြီး လတ်ဆတ်တော့ အဆင်ပြေတယ်။ Wifi လည်း ပေးထားတယ်။ မနက်ပိုင်း လာမယ် ဆိုရင် ၁၁နာရီကနေ စဖွင့်ပါတယ်။ နံနက်ပိုင်းကတော့ ကော်ဖီကောင်းကောင်း သောက်မယ်ဆိုရင် အဆင်ပြေတယ်။ ကိုယ်ကတော့ နေရာလေးကျယ်လို့  သဘောကျတယ်။ ဆိုင်လေးကလည်း ပေးရတဲ့ ဈေးနဲ့ ပိုတန်တယ်လို့ ထင်တယ်။ သပ်သပ်ရပ်ရပ်ရှိပြီး ဝန်ဆောင်မှုတွေက အဆင်ပြေလို့  ပါ။ Tax 5%, Service 10% ကောက်ပါတယ်။

နောက်ဆက်တွဲ Info လေးတွေကတော့

Networking Party, Birthday Party, Company Event , Seminar, Catering လည်း လုပ်ပေးပါတယ်လို့ ပြောပါတယ်။ ဒီတော့ ပွဲလေး ဘာလေး လုပ်မယ် ဆိုရင် အဆင်ပြေပါတယ်။ နေရာလည်း ကျယ်တော့ ဒီနေရာလေးကို သဘောကျတယ်။ သူက ထိုင်ရင်လူ(၁၀၀) လောက် ဆန့်တယ်။ Stand Up ဆိုရင် (၁၅၀)လောက်ဆံ့တယ်။ ပွဲလုပ်မယ်ဆိုရင် ၂ရက်ကြို Reserve လုပ်လို့ရပါတယ်တဲ့။

ဆိုင်ဖွင့်ချိန်ပိတ်ချိန် - 10:00AM – 11:00PM အထိပါတဲ့။ ဖုန်းနံပါတ်ကတော့ 09 960359701 ကို ဆက်သွယ်နိုင်ပါတယ်။

လိပ်စာအတိအကျကတော့..

No. 143/149, Sule Pagoda Road, Sule Plaza Ground Floor, Kyauktada Township, Yangon.

Fred ( MyLann)

#MyLann #Foodinyangon #FoodieMyanmar #Restaurantinyangon
#Restaurantandbar #TheBrunchSociety