Yangon international Hotel ဝင်းထဲက The Cup Cafe ဆိုင်လေးပါ။ 635 views


ဆိုင်အပြင်အဆင်ကောင်းလေးနဲ့  အရင်က Sport Bar အပြင် ထပ်မံပြီး ကော်ဖီအရသာကောင်းကောင်းလေးခံစားစေဖို့  Cup Cafe ဆိုပြီး ထပ်မံဖွင့်ထားတာပါ။ ကော်ဖီနဲ့ ကိတ်ကြိုက်သူများအတွက် သင့်တော်တဲ့ ဆိုင်လေးပါ။

# Hand Drip

လတ်ဆတ်တဲ့  အနံ့  အရသာ နဲ့  တခုခုလေးထူးထူးခြားခြား ခံစား မှုလေး ရခဲ့တဲ့  ကော်ဖီတစ်ခွက်ပါ။ ကော်ဖီအရသာ စစ်စစ် ကို ခံစားတတ်သူတွေအတွက် ဆို အထူးသင့်လျော်ပါတယ်။ Hand Drip ကော်ဖီတစ်ခွက် ကို ၅၀၀၀ကျပ်ပါ။ ကော်ဖီအမှုန့် ကို filter ခံပြီးခွက်လေးထဲမှာလောင်းထည့် ကိုယ့်အရှေ့ မှာပဲ တည်ခင်းပေးတာပါ။

# Cheese & Brownie cake

Cheese cake ရဲ့ အရသာက စိမ့်စိမ့်လေးနဲ့  အရမ်းမချိုပါဘူး။ cheese အသားလေးကလည်း အရမ်းမမာမပျော့ နဲ့  စားလို့ ကောင်းခဲ့ပါတယ်။ Brownie cake လေးကတော့ အချိုကြိုက်သူတွေအတွက် ပိုသင့်တော်မယ်ထင်ပါတယ် ။ အချို သိပ်မကြိုက်သူတွေအတွက်လည်း အဆင်ပြေအောင် ငှက်ပျောသီး လေး ဘေးမှာအအီပြေ ထည့်ပေးထားတာလည်းတွေ့ ရပါတယ် ။

ချစ်စရာကောင်းတဲ့ အပြင်အဆင်ရယ် အရသာလေးရယ်ကြောင့်နှစ်မျိုးလုံးစားဖြစ်ခဲ့တာပါ ။ ဈေးနှုန်းအရလည်း နှစ်မျိုးထဲက ဘယ် တစ်မျိုးစားစား ၁၉၀၀ကျပ်တည်းပါ ။ WiFi လည်းရတယ်။ ဆိုင်လေးကလည်း အရမ်းချစ်ဖို့ ကောင်းတော့ MyLann မိတ်ဆွေတို့ အတွက် သတင်းကောင်းပေးတာပါနော်။

Htoo Htoo ( MyLann)