The Food Library - Italian Fine Dining in Bagan 1008 views


မင်္ဂလာပါ။ MyLann အဖွဲ့သားတွေအနေနဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းက ကမ္ဘာကျော်ပုဂံမြို့ဟောင်းကို ပြီးခဲ့တဲ့ အပါတ်အတွင်းက အလည်တစ်ခေါက် ရောက်ဖြစ်ခဲ့ပါတယ်။ ရောက်ဖြစ်ခဲ့တဲ့အချိန်ကာလတိုပေမဲ့ ရတဲ့ အချိန် လေးအတွင်းမှာ ပုဂံဒေသကနာမည်ကြီး အစားအစာတော်တော်များများကို မြည်းစမ်း ကြည့်ဖြစ်ခဲ့ပါတယ်။ မျိုးမျိုး ထမင်းဆီဆမ်းနဲ့ ဟင်းစုံ ၊ ဗူးဘုရားကအကြော်စုံ၊ စသည်ဖြင့် ပေါ့…ညဘက်မှာတော့ MyLann သူငယ်ချင်း တယောက် ရဲ့ ဖိတ်ကြားမှုနဲ့ ပုဂံဒေသမှာ အဆင့်အတန်းမြှင့်မြှင့် ထူးထူးခြားခြား လာရောက်ဖွင့်လှစ်ထားတဲ့ The Food Library ဆိုတဲ့ အီတာလီစားသောက်ဆိုင်မှာ ညစာသွားရောက် စားသုံးဖြစ်ခဲ့ပါတယ်။

The Food Library စားသောက်ဆိုင်လေးက ညောင်ဦးပုဂံ ကားလမ်းမရဲ့ဘေးမှာ တည် ရှိပါ တယ်။ ညအချိန်မှာ မီးရောင်စုံကို အဆင့်အတန်းမြှင့်လှပစွာ ထွန်းညှိထားပြီး ပြင်ပက ကြည့်ရုံနဲ့ တင်ဆိုင်ရဲ့ Decoration ပြင်ဆင်မှု ကို အသိအမှတ်ပြုမိပါတယ်။ ဆိုင်ထဲဝင်ရောက်လိုက်ပြီဆိုတာနဲ့ အဆင်အတန်းမြင့် အီတာလီ အစားအစာ ဆိုင်တစ်ခုရဲ့ အငွေ့အသက်ကို ခံစားမိပါတယ်။ Wine and Cocktail bar ၊၀ိုင်ပုလင်းများကို ထားရှိမှုဒါတွေက သေသပ်လှပ လှပါတယ်။ စားပွဲဝိုင်းများ ပြင်ဆင်ထားပုံကလဲ တကယ် Italian Fine Dining ပုံစံပါပဲ … ဆိုင် ထဲ မှာ VIP Room သီးသန့်ခန်းများလည်းရှိသလို ညအချိန်မှာ Unplugged ဖျော်ဖြေပေးမှုတွေ၊ ပုဂံရိုးရာ ၊ဒီဇိုင်းကို အနောက်တိုင်းဟန်ပန်ပြင်ဆင်ထားမှုတွေကို ထူးထူးခြားခြား သတိပြု မိပါတယ်။  ….ကဲ အစားအစာတွေ ဘက်ကိုသွားလိုက်ရအောင်ပါ။

ပထမဆုံး Appetizer  ကတော့ပေါင်မုန့်နဲ့ ဖရုံသီးဟင်းချိုပါ။ဂျုံသားကောင်းပြီး နူးညံ့တဲ့ပေါင်မုန့်ကို ဖရုံသီး ဟင်းရည်၊ချိုချိုပြစ်ပြစ်လေးနဲ့ တွဲစားလိုက်ရတာ တကယ်ကိုအရသာရှိပါတယ်။ နောက်ထပ် မြည်းကြည့်မိတဲ့ အစားအစာနှစ်မျိုးကတော့ သံလွင်ဆီ ကြက်သွန်ဖြူ  Spaghetti နဲ့ ကြက်သား ခရမ်းချဉ်သီးဆော့စ် Spaghetti ပါ…သံလွင်ဆီကြက်သွန်ဖြူကတော့ အနံ့အရမ်းမွှေးပြီး စားလိုက်တာနဲ့ တစ်ခါတည်း လျှောကနဲဝင်သွားသလို မြန်မာပါးစပ်နဲ့လည်း တကယ်အကြိုက်တွေ့လောက်ပါတယ်။ ခရမ်းချဉ်သီးကြက်သားဆော့စ် ကတော့ကြက်သား တောက်တောက်စင်း၊ခရမ်းချဉ်သီးအနှစ်တွေချက်ထားတာမို့ ချဉ်ပြုံးပြုံးအရသာရှိပြီး Spaghetti  နှစ်ခုကို ယှဉ်စားကြည့်လိုက်တော့ တစ်ခုကိုတစ်မျိုးစီ အရသာထူးထူးခြားခြားကောင်းမွန်တာကို တွေ့လိုက်ရပါတယ်။

နောက်ဆုံးမြည်းကြည့်ဖြစ်တာကတော့ The Food Library ရဲ့ Pizza ပါ။ ဒီနေရာမှာ ဒီဆိုင်လေးရဲ့ Pizza ပြုလုပ်မှုအကြောင်းကို နည်းနည်းပြောပြဖို့လိုလာပါတယ်။  Pizza ပြုလုပ်တဲ့ Pizza ဖိုကသဘာဝ ထင်းမီးသွေး ကိုသာအသုံးပြုပြီး ဆိုင်ရဲ့စားဖိုးမှူးကြီး ကိုယ်တိုင်တည်ဆောက်ထားတာပါ။ ပုံမှန် Temperature ရဖို့အတွက် အမြဲတစေမီးမွှေးထားရပါတယ်။ ဒီဆိုင်က Pizza ပုံစံက အီတလီ Pizza စစ်စစ်ဖြစ်လို့ ဂျုံသားပါးပြီး Cheese သားထူးပါတယ်။

ကျွန်တော်တို့ကို တည်ခင်းတဲ့ Pizza မှာလဲဝက်ပေါင်းခြောက်တွေ နိုင်းချင်း၊ Cheese နိုင်းချင်း နဲ့ဂျုံသားပါးပါးကျွပ်ကျွပ်ပေါ်မှာ အရမ်းအရသာရှိအောင် ဖန်တီးထားတာပါ။ တစ်ကိုက်ကိုက်လိုက်တာနဲ့ Pizza အသားကြွပ်ကြွပ်မွှေးမွှေး၊ Cheese ရဲ့အီစိမ့်စိမ့် အရသာ၊ ၀က်ပေါင်းခြောက်ရဲ့ အရည်အသွေးကောင်းမှု၊ ခရမ်းချဉ်သီးဆောစ့်ရဲ့ ပံ့ပိုးမှုတွေနဲ့ တကယ်ကို အရသာအရမ်းရှိတဲ့ အရမ်းကောင်းတဲ့ Pizza တစ်ခုကို ကျွန်တော်တို့ မြည်းစမ်းခံစားခဲ့ရတာပါ။

The Food Library (Bagan) ဟာ ပုဂံရောက်ကမ္ဘာလှည့်ခရီးသည်များအတွက်သာမက အီတလီ အစားအစာကောင်းကောင်းတွေကိုမှ နှစ်သက်ကြတဲ့ မြန်မာခရီးသွားတွေအတွက်ပါ အဆင်ပြေစေမှပါ။ အကောင်းဆုံး အီတလီ စားဖိုမှူးတွေလက်ရာအစားအစာတွေကို ကမ္ဘာရှေးဟောင်းအမွေအနှစ်စာရင်းဝင် ပုဂံမြို့ကိုရောက်မယ်ဆိုရင် မဖြစ်မနေ သွားရောက်မြည်းစမ်းကြညဖို့ တိုက်တွန်းရင် ဒီတစ်ပါတ်ရဲ့ MyLann Foodie စာစုလေးကတော့ ဒီလောက်ပါပဲဗျာ။ ပုံလေးတွေကြည့်ရင်း MyLann သူငယ်ချင်းတွေ သွားရည် ကျနိုင်ကြပါစေ။

https://www.facebook.com/pages/The-Food-Library/732429476802596?fref=ts