Dessert & Snack @The Milk Bar 877 views


မြေနီကုန်း၊ စမ်းချောင်းလမ်းထဲက The Milk Bar ဆိုတဲ့ Dessert & Snack ဆိုင်လေးကိုသွားဖြစ်ခဲ့တယ်။ ဆိုင်နာမည်လေးကရိုးရိုးလေးနဲ့ ဆန်းတာ ။ အဲ့ဆိုင်က နို့နဲ့ပက်သတ်လို့အကုန်ရတယ် ။ဒိန်ချဉ်၊ Milk Shake, နို့နဲ့ပက်သတ်တဲ့ဖျော်ရည်၊ ကူဖီးလ်မလိုင်၊ ဖာလူဒါ၊ ဒိုမီနို အဲ့ဒါတွေအပြင် အခြား Snack တွေလဲရနိုင်ပါတယ်။

ဟန်နီတို့ဘော်ဒါတစ်အုပ်ငြင်းခုံရင်းနဲ့ Strawberry Milk Shake, ကူဖီးလ်မလိုင်၊ သစ်သီးစုံဒိုမီနို နဲ့ ကြက်အူချောင်းပေါင်မုန့်လိပ်ကြော် တွေမှာပြီး စားခဲ့တယ်… ဆိုင်လေးကတိတ်တိတ်ဆိတ်ဆိတ်လေးနဲ့  လူလဲရှင်းတယ်။ အေးအေးဆေးဆေးလေး စာဖတ်လို့လဲရတယ်။ စာအုပ်စင်လေးနဲ့  စာအုပ်လေးတွေလဲထားပေးထားတယ်…စောင့်နေရင်းနဲ့ လည်း ဟိုကြည့်ဒီကြည့်စပ်စုရတာပေါ့နော်… ဆိုင်လေးကဖွင့်ထားတာလဲတစ်နှစ်လောက်ပဲရှိပါသေးတယ်တဲ့ နောက်ပြီး သူကစမ်းချောင်းအနီးတ၀ိုက်ဆို ၅၀၀၀ကျော်ဖိုးဝယ်ရင် Delivery အိမ်အရောက်ပို့ပေးသေးတယ် ဆိုတော့ စမ်းချောင်းမှာနေတဲ့လူတွေအတွက် သတင်းကောင်းပါ။

မှာထားတာတွေလဲရပြီ ဆိုတော့ မစားခင် ဘော်ဒါတွေကိုလဲဘရိတ်အုပ်ရသေးတာပေါ့နော်… ဓါတ်ပုံရိုက်ချင်လို့ ဟီး ။ အကုန်လုံးကလဲစားချင်နေကြပြီ ဟန်နီ့ကိုမေတ္တာပို့ခံရတာပေါ့နော်…ဒါပေမဲ့ ရိုက်စရာရှိတာလဲရိုက်ရမှာပေါ့နော်… အကုန်လုံးကိုလဲမျှဝေချင်သေးတာကိုး…..
ကဲ အရင်ဆုံး ‪#‎Strawberry‬ Milk Shake အကြောင်းလေးပြောပြပါမယ်။ သူကတခြား Milk Shake တွေနဲ့  မတူ… နို့ကိုအဓိကထားများများထဲ့ထားတော့ပျစ်ပျစ်လေးနဲ့  ချိုနေတော့…ပျစ်ချိုလေး သောက်လို့ကောင်းတယ်။

နောက်တစ်ခု ‪#‎ကူဖီးလ်မလိုင်‬… ဒါလေးကိုတော့ တော်တော်များများကြိုက်ကြမှာပေါ့.. ကလေးအရွယ်ထဲက စားခဲ့ကြတာ…ငယ်ငယ်ကဆို အိမ်နားကို ကူဖီးလ်မလိုင် ဆိုပီးအော်အော်ပီးလာလာရောင်းတဲ့ ဦးလေးကြီးတွေကိုလဲ အဲ့လေးစားချင်လို့စောင့်ခဲ့ရတာအမော… သူ့ရဲ့အရသာကသိပ်မချိုဘူး… ဆိမ့်တယ် ဆိုတော့စားရတာတမျိုးလေးထူးတာပေါ့နော်…တစ်ပွဲမှ (၁၀၀၀) ပဲရှိပါတယ်။

နောက် ဟန်နီစားခဲ့တဲ့ ‪#‎သစ်သီးစုံဒိုမီနို‬… အဲ့မှာအသီး (၈)မျိုးပါတယ်။ ဒါပေမဲ့ဘာအသီးတွေလဲဆိုတာတော့မေ့သွားတယ်။ တော်တော်လေးစုံပါတယ်။ မှတ်မိသလောက်ပြောရရင် ပန်းသီး၊ စတော်ဘယ်ရီ၊ စပျစ်သီး၊ ဖရဲသီး၊ သဘောင်္သီး၊ နာနာတ်သီး၊ အပြင်အခြားအသီးလေးတွေလဲပါသေးတရ်…သြော် နောက်ပြီး ဂျယ်လီကျောက်ကျောလေးလဲပါတော့ စားရတာအရသာကစုံသွားတာပေါ့နော်… တကယ့်နွားနို့စစ်စစ်လေးနဲ့လဲ လုပ်ပေးထားတော့စိမ့်စိမ့်လေး… အရမ်းကောင်းတရ်…တစ်ခွက်မှ (၁၃၀၀) ပါ။

‪#‎ကြက်ဥချောင်းပေါင်မုန့်လိပ်ကြော်‬ လဲစားခဲ့သေးတယ်။ စားရတာစိမ့်စိမ့်လေး… သူကကြက်အူချောင်းကို Cheese ကပ်၊ ပီးတော့ မုန့်နှစ်ကပ်ပြီးကြော်ထားတာ… အဲ့လေးကို Sauce လေးနဲ့ တို့ စားတော့ အရသာကဘယ်ပြောကောင်းမလဲ. မိုက်တာပေါ့လို့

ကဲ…စိတ်ဝင်စားတရ်ဆိုရင် အမှတ် (၆၃)၊ စမ်းချောင်းလမ်း အထက(၃)ကျောင်းရှေ့မှာ ရှိတာပါ။ ဈေးနှုန်းတွေကလဲ တစ်ထောင်ကျော်ကျော်ပဲရှိတာမို့… သွားစားလိုက်ကြအုံးလို့ ။

Honey ( MyLann)