*Steak ကောင်းကောင်းနဲ့အသားကြိုက်သူများအတွက်* 683 views


အခုနောက်ပိုင်းရန်ကုန်မှာ ဆိုင်တွေတမျိုးပြီးတစ်မျိုးပေါ်လာတယ်နော်
အဲ့ဒီထဲမှာမှ သူများနဲ့မတူနည်းနည်းလေးဆန်းတဲ့ Steakhouse လေးတစ်ခုက ပြီးခဲ့တဲ့စနေနေ့က Grand Opening လုပ်လို့ MyLann အဖွဲ့သားများကိုဖိတ်လို့ သွားခဲ့ပါတယ်။ The West Steakhouse ဆိုတဲ့ဆိုင်လေးပါ။ ဆိုင်လေးက အမေရိကန်ဆန်ဆန်ဆိုင် ဖြစ်ပြီး ပုလဲကွန်ဒိုမှာရှိပါတယ်။ SteakHouse ဆိုတဲ့အတိုင်း Steak က တော့အတော်လေးကောင်းပါတယ်။ Food Tasting Canape လေးနဲ့ ဘီယာလေးတွေချပေးပြီး Sandi လဲတစ်ခု လောက်မြည်းကြည့်ချင်တာနဲ့ Ribs တစ်ပွဲကိုမှာလိုက်ပါတယ်။ Ribs ကပုံမှန်ထက်ပိုကြီးပြီး အသားကအရမ်းကို နူးညံ့ပါတယ်။ ဖွင့်ပွဲနေ့က ည(၈)နာရီနောက်ပိုင်းမှာ အထူးလျှော့ဈေးနဲ့ရောင်းချပေးနေလို့ အတူပါလာတဲ့ သူငယ်ချင်းက The West Deluxe ဆိုတဲ့ Burger ကိုမှာစားပါတယ်။ အဲ့ဒီအချိန်မှာ The Four Music Band လေးလဲဖျော်ဖြေပေးနေပြီး Live Band ကညတိုင်းရှိတယ်လို့ပြောပါတယ်။

Country စတိုင် ဆန်ဆန်လေးနဲ့ ဆိုင်ကနှစ်ထပ်ရှိပြီး အေးအေးဆေးဆေး Chill လုပ်ချင်သူများ အကြိုက်တွေ့မယ်လို့ထင်ပါတယ်။ Menu အကြောင်းကိုနောက်တစ်ခေါက်သေသေချာချာသွားစားပြီးရင် အသေးစိတ်ရေးပေးပါမယ်လို့…။ ဒါကတော့ သူတို့ Link လေးပါ။https://www.facebook.com/theweststeakhouse/?fref=ts Steak အကြောင်းစိတ်ဝင်စားသူများဝင်ပြီးလေ့လာလို့ရပါတယ်